သတင်း

နာဂဒေသ ညှင်ရှောင်ကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် အကူအညီလိုအပ်နေဆဲ

စစ်ကိုင်းတိုင်းဒေသ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ညှင်ရှောင်ကျေးရွာတွင် ကျေးရွာမီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် မီးဘေးသင့် ပြည်သူတစ်ရာကျော်အတွက် အကူအညီများဆက်လက် လိုအပ်နေသည်ဟု ဒေသခံများထံမှသိရသည်။

ဧပြီလ ၁၉ ရက်နေ့တွင် လူမရှိကြသည့်အချိန် တောမီးလောင်းကျွမ်းနေရာမှ မီးကူးစက်မှုကြောင့် ကျေးရွာအတွင်း လူနေအိမ် ၂၀ ထက်မနည်း မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် လက်ရှိတွင် ဒေသခံရွာသားများအတွက် အဝတ်အထည်နှင့် အစားအသောက်များအကူအညီများလိုအပ်နေသည်ဟု လဟယ်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။

အားလုံးကတောင်သူတွေဆိုတော့ နေ့ခင်းဘက်ဆိုကလေးလူကြီးအားလုံး တောင်ယာထဲသွားကြ တာအဲ့ချိန် လောင်သွားတာ။ တရွာလုံးတော့မဟုတ်ဘူး။တောမီးကူးပြီးလောင်တာ ။အခု မနေ့ကထိရောက်ခဲ့တာတော့အဝတ်ထည်တွေအရမ်းလိုအပ်နေတယ် ပြီးတော့ အစားအ သောက်လည်း ဒေသခံတွေဝိုင်းကူတယ်ဆိုပေမယ့် အားလူံးက တောင်သူတွေဆိုတော့လုံလောက်မှုမရှိဘူးဟုပြောသည်။

လက်ရှိမီးဘေးသင့်ပြည်သူ ၁၄၉ ဦးရှိနေပြီး ၎င်းတို့အတွက် အဝတ်အထည်၊ အိပ်ယာခင်း၊ ညအိပ်စောင်၊ ခေါင်းအုံးနှင့်အစားအသောက်များ ကူညီပေးရန် လိုအပ်နေသည်ဟု ဆက်ဆိုသည်။

ညှင်ရှောင်ကျေးရွာတွင် အိမ်ခြေ ၁၃၀ ဝန်းကျင်နေထိုင်သည့် ကျေးရွာတစ်ခုဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားနေသည့်အချိန် ဒေသခံပြည်သူများ အချိန်မှီမီးသတ်ငြိမ်းနိုင်ခဲ့သည့်အတွက် အိမ်ခြေ ၂၀ ခန့်သာ မီးလောင်မှုဖြစ်ပွားခဲ့ရကြောင်းလည်းဆက်သိရသည်။

နာဂဒေသတွင် ယခုနှစ်အတွင်း တောမီးနှင့်ဆိုလာပြားကြောင့် ကျေးရွာများမီးလောင်မှုမကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သော ဧပြီလ ၁၄ ရက်နေ့တွင်လည်း ကူကူးနောက်ကုန်းရွာတွင် ဆိုလာပြားကြောင့် နေအိမ် ၄ လုံး မီးလောင်ပျက်စီးမှုတစ်ကြိမ်၊ နန်းယွန်းနယ် ကဲဆုန်လုံ ကျေးရွာတွင်လည်း ထိုနည်းတူ ဆိုလာပြားကြောင့် လူနေအိမ် ၃၇ လုံးမီးလောင်ပျက်စီးမှုဖြစ်ပွားခဲ့သည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်လည်း ခန္တီးမြို့နယ်ရှိ ဆော်လော်ကုန်းကျေးရွာမှာ လူနေအိမ် အလုံး ၆၀ ကျော်မီးလောင်ပျက်စီးမှုရှိခဲ့သည်။

Show More

Related Articles

Back to top button