သတင်း

ချောင်းရေတိမ်ကောလာသောကြောင့် ပူတာအို မြို့နယ်တွင် ၂ ရက်ခြားတစ်ကြိမ်သာ လျှပ်စစ်မီးရရှိ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် အထက်ချောင်းရေတိမ်ကောလာသောကြောင့် မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာများတွင် လျှပ်စစ်မီး ၂ ရက်ခြားတစ်ကြိမ်သာ ရရှိတော့ကြောင်း ပူတာအိုမြို့ ဒေသခံများထံမှ သိရသည်။

ပူတာအိုမြို့တွင် ယခင် ရပ်ကွက်၊ ကျေးရွာအလိုက် အလေ့ကျစနစ်ဖြင့်သာ မီးရရှိသည့်အချိန်တွင်လည်း ည ၁၀ နာရီမှ ည ၁၁ နာရီတွင်သာ မီးပေးလျက်ရှိသည့်အပြင် ဧပြီလမှစပြီး ၂ ရက်မှတစ်ကြိမ်သာ မီးရရှိနေသည့်အတွက် လျှပ်စစ်မီးကို လုပ်ငန်းသုံးနှင့် မီးဖိုချောင်သုံးအတွက် အားထားရသည့်ဒေသခံများ အခက်တွေ့နေရကြောင်း သိရသည်။

ပူတာအို EPC ကတော့ ပြောလည်းမပြောချင်တော့ဘူး မီးကလာခြင်တဲ့ခါလာတယ် လာရင်လည်း ခနဆိုပျက်ပြီ။ တခါတလေဆို ည ၁၁ နာရီလောက်မှလာတယ်ဘယ်သူမှအဲ့ချိန် မီးမသုံးဘူး။ ပြီးရင် မိုးမလင်ယးသေးဘူးပျက်သွားပြီဟု ပြောသည်။

ပူတာအိုတစ်မြို့နယ်လုံးအား အထက်နမ့်ထွမ်ရေအား လျှပ်စစ်စက်ရုံမှ လျှပ်စစ်မီးဖြန့်ဖြူးပေးလျက်ရှိပြီး ပုံမှန်အားဖြင့် စက်သုံးလုံးလည်ပတ်နိုင်မှသာ တစ်မြို့နယ်လုံးကိုအချ်ိန်ပြည့်မီး‌ပေးနိုင်ကြောင်း သိရသည်။

သို့သော် လက်ရှိ နမ့်ထွက်ချောင်းရေသည် ရာသီဥတုအပြောင်းအလဲကြောင့်ရေတိမ်ကောလာသဖြင့် လျှပ်စစ်မီးပုံမှန်မဖြန့်ဖြူးပေးနိုင်ခြင်းဖြစ်သည်ဟု ပူတာအိုမြို့နယ် EPC မှတာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

ပုံမှန်ဆိုစက်သုံးလုံးလည်ပတ်နိုင်မှတစ်မြို့နယ်လုံးကိုအချိန်ပြည့်မီးပေးနိုင်တာ ဒါပေမယ့်အခုက နမ့်ထွမ်ချောင်းက ရေခမ်းနေတာ အဲ့ကြောင့် စက်က တစ်လုံးပဲလည်နိုင်တယ် စက်တစ်လုံးပဲလည်နိုင်တော့ မြို့ပေါ်ရပ်ကွက်တွေကျေးရွာတွေကို ၂ ရက်ခြားတစ်ကြိမ်ပေါ့ အဲ့လိုပဲမီးပေးနိုင်တယ်ဟုပြောသည်။

ပူတာအိုမြို့နယ်အတွင်း ယခုကဲ့သို့ ၂ရက်ခြား တစ်ကြိမ် မီးပေးမည့်စနစ်ကို လာမည့် ဇူလိုင် လဆန်းပိုင်းခန့်အထိဖြစ်နိုင်မည်ဟုလည်းသူကဆက်ပြောသည်။

အထက်နမ့်ထွက်ရေအားလျှပ်စစ်စက်ရုံသည် NLD အစိုးရလက်ထက်က ၂၀၁၈ ခုနှစ်တွင် တည်ဆောက်ပြီးစီး၍ လက်ရှိ မီးအသုံးပြုသူ ပူတာအိုမြို့ပေါ်ရပ်ကွက်နဲ့ကျေးရွာပေါင်း ၅၄ ရွာမှ အိမ်ထောင်စု ၆၄၀၀ စုကအသုံးပြုနေကြောင်း သိရသည်။

Show More

Related Articles

Back to top button