စစ်ပြေးဒုက္ခသည်များသတင်း

ရွှေကူမှာ ရွာပေါင်း ၈ ရွာက ပြည်သူရာချီစစ်ရှောင်နေရ  

ကချင်ပြည်နယ် ရွှေကူမြို့အထက်ဘက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်း ၂ ကြောင်းဝင်ရောက်ထိုးဝင်လာတဲ့အတွက် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ် လို့သိရပါတယ်။

လက်ရှိမှာ နောင်မိုရွာထဲကို မနေ့က ရေကြောင်းနဲ့ဝင်လာတဲ့ အင်အား ၇၀ ကျော်စစ်ကြောင်း နဲ့ ဒီနေ့မနက် ဝင်းမာရွာကိုကုန်းကြောင်းနဲ့ ဝင်လာတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့စစ်ကြောင်းတွေကြောင့် ဧရာဝတီမြစ်တစ်ဖက်က ဇင်းဘုံ၊ ရေလှဲ၊ ဆင်တပ်၊ နောင်မို၊ သဘော်အင်းစတဲ့ကျေးရွာတွေ တိမ်းရှောင်နေရပြီး ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာတော့ ဝင်းမရွာ၊ ဘူးတောင်ရွာနဲ့အနီးဝန်းကျင်က ဒေသခံတွေ မနေ့ကတည်းကညတိမ်းရှောင်နေကြရတယ်လို့  နောင်မိုဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

နောင်မိုကျတော့မြစ်ဟိုဘက်ကမ်းပေါ့အဲ့မှာတော့ မနေ့ညပိုင်းကဝင်တာ ဝင်းမရွာက ကျွန်တော်ဒီဘက်ကမ်းက ဝင်းမရွာထဲကိုတော့ ဒီနေ့မနက်မှရောက်တာစစ်ကြောင်းက ရွာထဲကိုတပ်စွဲနေတာ အင်းအားလည်းများတယ်လို့ နောင်မိုကျေးရွာအနီးနေထိုင်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ ခုလိုအင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးနေတာဟာ ရွှေကူဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောတိုက်ခိုက်မခံရအောင် ဧရာဝတီမြစ်ကမ်းတစ်လျှောက် လုံခြုံရေးယူပေးနေတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ရဲ့ သင်္ဘော ၉ စီးဟာ ရွှေကူဆိပ်ကမ်းဝင်ရောက်လာတဲ့ ဩဂုတ်လ ၇ ရက်နေ့ ပစ်ခတ်ခံလိုက်ချိန် သင်္ဘောတစ်စီးထိခိုက်သွားတဲ့အတွက် ဗန်းမော်ဘက်ကို  ဆက်ဆန်တက်နိုင်ခြင်းမရှိဘဲ ဒီကနေ့ထိ သင်္ဘောဖာထေးနေကြပြီး မြစ်ကမ်းနံဘေးရွာတွေမှာ ခုလိုစစ်ကြောင်းဝင်ရောက်နေတာဖြစ်တယ်လို့လည်း ကာကွယ်ရေးတပ်တွေက သုံးသပ်ပြောဆိုပါတယ်။

လက်ရှိမှာ မြစ်ကမ်းနံဘေးက ကျေးရွာနေပြည်သူတွေဟာ နီးစပ်ရာရွှေကူမြို့ပေါ်ဘက်က ဆွေမျိုးတွေနေအိမ်နဲ့ ဘေးလွှတ်ရာမှာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရွှေကူဒေသခံတစ်ဦးကပြောပါတယ်။

တချို့လည်းစစ်ကြောင်းမရောက်နိုင်ဘူးထင်တဲ့ရွာတွေမှာပြေးတယ်။ တချို့လည်းမြို့ပေါ်က အမျိုးတွေအိမ်မှာပြေးနေကြတယ်။ တောထဲမှာလည်းရောက်လို့ရောက်ပါ့ စစ်ကြောင်းက တပ်ပေါင်းစုလိုဖြစ်နေတာ ဘယ်စစ်ကြောင်း ဘယ်စစ်ကြောင်စမှန်းကိုမသိဘူး။ မန္တလေးဘက်က လာတဲ့ဟာနဲ့နဂိုဒီမှာရှိနေတဲ့စစ်သားတွေနဲ့ပေါင်းပြီးထိုးနေတာပါ့လို့ ပြောပါတယ်။

လက်ရှိဝင်းမရွာနဲ့ နောင်မိုရွာထဲဝင်နေတဲ့ စစ်ကြောင်းဟာ ဇူလိုင်လက မန္တလေးဘက်ကနေ စစ်သဘော်နဲ့တင်ဆောင်လာတဲ့စစ်ကြောင်းအချို့နဲ့ ရွှေကူမြို့တွင်းတပ်ထဲက စစ်သားတွေပူးပေါင်းပြီး ဝင်ရောက်နေတာလို့ သိရပါတယ်။

စစ်ကောင်စီစစ်သားတွေဟာ မနေ့က သြဂုတ် ၈ ရက်နေ့မနက်ပိုင်းကလည်း ရွှေကူမြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျှောက် ရွှေဘုံသာ၊ ရွှေကူလေး၊ ငါးဘတ်ဝ ကျေးရွာတွေထဲဝင်ရောက်ပြီး အရပ်သား ၃၀ ကျော်ကိုဖမ်းဆီးသွားခဲ့ပါတယ်။

Show More

Related Articles

Back to top button