လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

တလိုင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ၈ လသားအရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူ အပါအဝင် ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တလိုင်းရွာမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရ တဲ့အတွက် ၈လသား အရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူအပါအဝင် ၃ ဦးသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network အဖွဲ့ထံမှသိရပါတယ်။

ဒီကနေ့ မနက်ပိုင်း ၄နာရီလောက်မှာ တံတားဦးလေဆိပ်ကနေတက်လာတဲ့ ဂျက်ဖိုက် တာတစ်စီးဟာ တလိုင်းရွာက ကန်တော်ဦး ဘုန်းကြီးကျောင်း ကိုဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Wetlet Informational Network အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဗုံးတစ်လုံးလာကြဲသွားတာ တလိုင်းရွာကိုကျတယ် သူတို့ပစ်တဲ့နေရာကရွာအနောက်ပိုင်းက စစ်ဘေးရှောင် ပြည်သူတွေနေတဲ့နေရာ ဘုန်းကြီးကျောင်းပေါ်ကျတာ လက်တလောသိရတာကစစ်ဘေးရှောင်ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရတာက ၁၅ဦးလို့ကနဦးသိရတယ်လို့ပြောပါတယ်။

သေဆုံးခဲ့ရသူတွေဟာ  လသားအရွယ်ကလေးငယ်နဲ့ အသက်၂၃နှစ်အရွယ်မိခင်ဖြစ်သူ အပါအဝင် အသက် ၆၅နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ တလိုင်းရွာနဲ့အနီးတဝိုက်တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ လေကြောင်းတိုက်ခိုက် ခံရတာနဲ့ ပတ်သက်လို့ ဝက်လက်သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကအခုသုံးသပ်ပါတယ်။

ကျနော်တို့အင်အားစုတွေရဲ့လှုပ်ရှားမှုက အဲ့ဘက်မှာတော်တော်များများရှိပါတယ် မြေပြင်မှာပေါက်ကြားမှု တော့ရှိမှာပေါ့ စစ်ကိုင်းနဲ့ဝက်လက်ခြောက်စပ်က သတင်းလုံခြုံမှုအရမ်းအားနည်းတာတွေ့ရတယ် ကျနော်တို့ သုံးသပ်ချက်အရတော့ လေကြောင်းတိုက်ခိုက်မှုဆိုတာက သတင်းအတိအကျပေးလို့ပစ်တာပဲ ပြီးတော့ အခု ပစ်ခတ်ခံရတာက သာမန်အရပ်သားနေအိမ်လည်းမဟုတ်သလို စခန်းလည်းမဟုတ်ဘူး သာသနာ့အဆောက် အဦးဖြစ်တဲ့ဘုန်းကြီးပစ်ခံခဲ့ရတာကိုလို့ပြောပါတယ်။

အဲ့ဒီလို ဗုံးကြဲတိုက်ခိုက်ပြီးတဲ့နောက်မှာပဲ တလိုင်းရွာနဲ့၅မိုင်လောက်အကွာ ဝက်လက်နယ် ရှိန်းမကားရဲစခန်း က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၇၀ခန့်ဟာ တလိုင်းရွာကို ဝင်ရောက်ခဲ့ပြီး

လက်ရှိမှာတော့ အဲ့ဒီစစ်ကြောင်း ဟာ ဝက်လက်နယ် ပယ်သကြီးရွာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရောက်နေတယ်လို့ မြေပြင်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။

တလိုင်းရွာဟာ စစ်ကိုင်းမြို့နယ်မြောက်ဘက်ခြမ်း ဝက်လက်မြို့နယ်နဲ့အစပ်မှာ တည်ရှိတဲ့ရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ၁၅၀၀ခန့်ရှိတဲ့ရွာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပြီးခဲ့တဲ့တစ်နှစ်အတွင်း တလိုင်းရွာကို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေတိုက်ခိုက်မှု နှစ်ကြိမ်ထိ ပြုလုပ်ခဲ့ဖူးသလို ကာကွယ်ရေးတပ်စခန်းစီးနင်းခံရမှုကြောင့်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်၁၄ဦးထက်မနည်း သေဆုံးခဲ့ရဖူးတဲ့ရွာဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာ ဒေသခံရှစ်သိန်းနီးပါး ဘေးလွှတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button