တိုက်ပွဲသတင်း

ရွှေကူ အရှေ့ဘက်ခြမ်း မီးသွေးချောင်းအနီးမှာ စစ်ကောင်စီနဲ့ KIA ၊ PDF တို့တိုက်ပွဲဖြစ်

ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်း မီးသွေးချောင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA  PDF တို့ကြား ယနေ့ မနက်ပိုင်းက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဇင်းဘုံဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ် တပ်မ ၇၇ နှင့် ခလရ ၁၀ ပူးပေါင်းစစ်အင်အား ၁၀၀ ကျော်ဟာ ဒီကနေ့ မနက်ပိုင်းမှာ မီးသွေးချောင်းအတိုင်း ခြေလျင်စစ်ကြောင်းထိုး လာခဲ့တဲ့အတွက် ဇင်းဘုံကျေးရွာအကျော် မီးသွေးချောင်းနားမှာ နာရီဝက်အကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ရွှေကူ PDF နဲ့နီးစပ်တဲ့ ဇင်းဘုံဒေသခံအမျိူးသားတစ်ဦး KNG ကိုပြောပါတယ်။

ဒီကောင်တွေက မနက်အစောကြီးဝင်လာတာ အဲ့မီးသွေးချောင်းအတိုင်းတက်သွားတာ သူတို့ကပစ်ဝင်ဝင်တာ ဇင်ဘုံကျော်တော့အဲ့ဘက်မှာကိုယ့်လူတွေရှိတယ်လေး သူတို့နဲ့ထိတွေ့တိုက်ပွဲ ဖြစ်တော့တာ။တိုက်ပွဲက မနက် ၈ နာရီကနေစဖြစ်တာလို့ သူကပြောပါတယ်။

ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာဟာ ဧရာဝတီမြစ်ထဲစီးဝင်တဲ့ မီးသွေးချောင်းဘေး တောစပ်တစ်နေရာမှာဖြစ်ပြီး အဲ့ဒီနယ်မြေတစ်ဝိုက်ဟာ KIA တပ်ရင်း (၁၂) နယ်မြေထဲကျရောက်သလို ဇင်းဘုံရွာနဲ့လည်းနီးတယ်လို့ ဒေသခံတွေကပြောပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ခိုက်မှု အခြေနေနဲ့ပတ်သက်ပြီး KNG က ရွှေကူ PDF ကိုတိုက်ရိုက်ဆက်သွယ်နေပေမယ့် လတ်တလော ရွှေကူအရှေ့ကခြမ်းနဲ့ အနောက်ခြမ်းဘက်ကျေးရွာတွေမှာ စစ်ကောင်စီကတပ်တွေက နေရာကွက်ကြား ဖုန်းလိုင်းတွေဖြတ်တောက်ထားတာကြောင့် ဆက်သွယ်ဖို့ဆက်ခဲနေဆဲ ဖြစ်ပါတယ်။

အခုစစ်ကြောင်း က စစ်သင်္ဘောတွေတက်လာဖို့ရှိလို့လမ်းရှင်းတာထင်တယ်။ သူတို့ပုံစံကရှင်းတက်တက်နေတာ မြစ်ရိုးတစ်လျှောက်လို့ နောက်ထပ် ဇင်းဘုံဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဧရာဝတီမြစ်အနောက်ဘက်ခြမ်း နောင်မိုကျေးရွာမှာလည်း အင်အား ၁၀၀ နီးပါးရှိတဲ့စစ်ကြောင်းတစ်ကြောင်းဟာ ဧရာဝတီမြစ်အထက်ဘက်ကို မြစ်ရိုးအတိုင်း ခြေလျင်ချီတက်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေကူနယ် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းကျေးရွာတွေထဲမှာ သြဂုတ် ၈ရက်နေ့ကတည်းက စစ်ကြောင်း ၂ကြောင်းခွဲ ပြီးဝင်ရောက်နေတာကြောင့်လက်ရှိ ဧရာဝတီမြစ်ကမ်းဘေးဝဲယာမှာရှိတဲ့ဇင်းဘုံ၊ဆင်တပ်၊ရေလှဲ၊သဘော်အင်းစတဲ့ရွာတွေအပါအဝင်ရွာပေါင်း  ရွာက ဒေသခံရာချီ ထွက်ပြေးတိမ်းရှောင်နေကြရ ဆဲဖြစ်ပါတယ်။

Show More

Related Articles

Back to top button