တိုက်ပွဲသတင်း

စစ်ကောင်စီအရာရှိတစ်ချို့နဲ့ လက်နက်ခဲယမ်းတွေတင်လာတဲ့ယာဥ်တန်း အင်းတော်နယ်မှာတိုက်ခိုက်ခံရ၊ ကားတစ်စီးပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ကနေ အင်းတော်မြို့ ဘက်ကိုတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကားနှစ်စီး အင်းတော်နယ်အဝင်မှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး ကားတစ်စီးပျက်စီးသွားသလိုစစ်ကောင်စီတပ်ဘက်က အထိအခိုက်လည်းများတယ်လို့ အင်းတော်ကာကွယ်ရေးတပ်တွေကနေ သိရပါတယ်။

အဲဒီစစ်ကား ၂ စီးမှာ စစ်ကောင်စီတပ်အရာရှိအချို့နှင့် လက်နက် ခဲယမ်းတွေတင်လာတာဖြစ်ပြီး မနေ့ည ၁၀ နာရီလောက်မှာ ဝင်ရော်လာချိန် KIA,PDF ပူးပေါင်းတပ်ဘက်က စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အင်းတော် ပြည်သူ့ကာကွယ်ရေးဘက်က တာဝန်ရှိသူတစ်ဦးက KNGကိုအတည်ပြုပြောပါတယ်။

အမှန်ဆိုအင်းတော်မှာက သူတို့ မနက်ခြောက် ညခြောက် အမိန့်ထုတ်ထားပြီးသားလေ အ့ာတာကိုမှ သူတို့က ကသာကနေ ညဘက်ထွက်လာတာ အဲ့ကြားထဲမှာ မနက်တစ်နာရီမှာတိုက်ပွဲ ဖြစ်တာ သူတို့ဘက်ကတော့ အကျအဆုံးရှိသလိုအထိအခိုက်လည်းရှိတယ် သူတို့ ၁၂ ဘီးကားတစ်စီးကလုံးဝပျက်စီးသွားတယ် မနက်မိုးလင်းမှ မြို့ထဲက ကားနဲ့သွားဆွဲတယ်။ အဲ့ပျက်စီးတဲ့ကားကို အခုအင်းတော်ရဲစခန်းထဲထိဆွဲလာပြီကားပျက်ကိုလို့ ပြောပါတယ်။

KIA နှင့်PDFတို့က အင်းတော်နဲ့ ၁၁ မိုင်အကွာ ကသာ အင်းတော်အစပ်မှာစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးတွေနဲ့ စောင့်ကြိုပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီကားတစ်စီးပျက်သလိုကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေ အထိအခိုက်များခဲ့တယ်လို့ သိရပါတယ်။

စစ်သားတွေကတော့အင်အား ၁၀၀ နီးပါးပါလာတယ် ဒီဘက် KIAPDF ကနေ လက်နက်ကြီးနဲ့ လက်နက်ငယ်နဲ့ပစ်တာ မိနစ်သုံးဆယ်လောက်ကြာတယ် အကျအဆုံးစာရင်းကတော့ အတည်ပြုနေတုန်းပဲလို့ ကာကွယ်ရေးတပ်ဘက်က တာဝန်ရှိသူက ဆက်ပြောပါတယ်။

 KIAPDF တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီယာဥ်တန်းဘက်က တစ်နာရီကျော်ကြာ လက်နက်ငယ်တွေဆက်တိုက်ပစ်ခတ်လာသလို အင်းတော်မြို့တွင်းတပ်ကနေလည်း တိုက်ပွဲဖြစ်တဲ့ဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

Show More

Related Articles

Back to top button