သတင်း

ပျဉ်ထောင်လေးရွာက နေအိမ် ၃၀ ကျော်ကို စစ်တပ်ကမီးရှို့သွား

စစ်ကိုင်းဒေသကြီး ကသာမြို့နယ် ပျဥ်ထောင်လေးရွာကို စစ်ကောင်စီတပ်ကတိုက်ပွဲမဖြစ်ပဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို လူနေအိမ် အလုံး ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ  သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ငအိုး ၁၂၁ တပ်ရင်းနဲ့ တပ်မ ၇၇ စစ်ကြောင်းတို့ပူးပေါင်းတဲ့ အင်အား ၇၀ ကျော်ရှိတဲ့ စစ်ကြောင်းဖြစ်ပြီးတော့ စက်တင်ဘာ ၅ ရက်နေ့ မနေ့က နေ့လည်ပိုင်းမှာ ပျဥ်ထောင်လေးကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်သွားတယ်လို့ ကသာ PDF နဲ့ နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ယောက်က KNGကိုပြောပါတယ်။

ငအိုးတပ်ထဲကနေ ဆင်းလာပြီးရှို့သွားတာဗျ နေအိမ်အလုံး ၃၀ ကျော်လောက်ပါသွားတယ် ဒီမနက်ထိလည်းမီးရှို့လုံးတွေတွေ့နေရတယ်သူတို့က ရွာကိုဝင်မရခင်ငအိုးတပ်ထဲက လရ်နက်ကြီးတွေနဲ့အရင်ထုတာ ပျဥ်ထောင်လေးရွာထဲကိုလို့ ပြောပါတယ်။

ပျဥ်ထောင်လေးကျေးရွာဟာ ငအိုးရွာနဲ့  မိုင်ကျော်မှာရှိတဲ့ရွာဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းမဝင်မှီ လက်နက်ကြီးအချက် ပေါင်း ၁၀ ချက်ထက်မနည်းပစ်ခတ်ခဲ့တာကြောင့် လူနေအိမ် ထိခိုက်ပျက်စီးသွားတာတွေရှိခဲ့ပေမယ့် ဒေသခံတွေက ကြိုပြီးတိမ်းရှောင်ခဲ့ကြလို့ ထိခိုက်သူတွေမရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်ကြောင်းက ခုမနက်ထိတော့ ပျဥ်ထောင်လေးရွာမှာရှိတုန်းမထွက်တတ်ကြသေးဘူး မနေ့ကတော့တိုက်ပွဲ အကြီးအကျယ်ဖြစ်နေပြီလို့ထင်တာပါ့ လက်နက်ကြီးတွေပစ်တော့လို့ တော်လှန်ရေးမှာပါဝင်နေတဲ့ ဒေသခံအမျိုးသားတစ်ယောက်ကပြောပါတယ်။

မနေ့က ပျဥ်ထောင်လေးရွာကို ဝင်ရောက်မီးရှိူ့ခဲ့တဲ့စစ်ကြောင်းဟာ သြဂုတ်လတုန်းကလည်း ကသာနယ်အင်းဒရန့်ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကြောင်းတွေဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းကချင်အစပ်မှာရှိတဲ့ ကသာမြို့နယ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကသာကာကွယ်ရေးတပ်တွေအားကောင်းတဲ့မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။ 

Show More

Related Articles

Back to top button