သတင်း

သစ်ခိုးထုတ်နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ် စစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ဩဂုတ်လ ၆ရက်နေ့ မနက်ပိုင်း ၈နာရီ လောက်က စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ စစ်ကောင်စီတပ်ဘက်က ၅ ဦးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

ယင်းမာပင်မြို့နယ် ကျောက်ကုန်းရွာဘုန်းကြီးကျောင်းအတွင်းမှာ ၃ ရက်တာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ နဲ့ကာကွယ်ရေးတပ်ပေါင်းစုတွေအကြား ကျေက်ကုန်းရွာ အနောက်ဘက်တောပြင်မှာ ၂ နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့တာလို့Union Liberation Front- ULF V 02 က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

တိုက်ပွဲက သူတို့တက်လာတာ သူတို့ရဲ့ကြိုထွက်လာတဲ့ ရှေ့ပွိုင့်နဲ့ဖြစ်ခဲ့တာပါ တိုက်ပွဲအတွင်း စစ်တပ်ဘက် က မျက်မြင်ကိုယ်တွေ့ ၄ယောက်ကျတယ် နောက်ပြီးတော့ အတွင်းသတင်း အရတော့  ယောက်ထပ်ကျ တယ်ပြောတယ် ၆ယောက်ကတော့ စိုးရိမ်ဒဏ်ရာရတယ် လို့သိရတယ် မျက်မြင်ကတော့ ၅ယောက်ပေါ့လို့ပြောပါတယ်။

တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဘက်ကလည်း ၆ ဦး ဒဏ်ရာရရှိခဲ့ပေမယ့် စိုးရိမ်ရတဲ့အခြေနေမရှိဘူးလို့ သိရပြီး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းတစ်ချို့ လည်း ကာကွယ်ရေးတပ်ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ ကာကွယ်ရေးတပ်ပေါင်းစုတွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်တွေဟာ အင်အား ၁၀၀ လောက်ရှိပြီးတော့ ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းက သစ်တွေကို ခိုးထုတ်နေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တစ်ယောက်က ပြောပါတယ်။

သူတို့က အဲ့နားက သစ်ကွင်းမှာ သစ်လာထုတ်နေကြတာ တစ်လကျော်လောက်ရှိပြီ အဲ့သစ်ကွင်းအတွက် ကာပေး တဲ့သဘောပဲ အဓိကကတော့ အခုလိုသစ်ထုတ်တာကလည်း အဓိကကတော့ ဒေါ်လာမရှိတော့ဘူး လို့ကြားတယ် ဒေါ်လာ ရှိမှ နိုင်ငံခြားကနေလက်နက်တွေဝယ်နိုင်မှာ အဲ့အတွက်ပဲ သစ်တွေထုတ်နေတယ်လို့ ထင်တယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ဩဂုတ်လ ၆ရက်နေ့လောက်တည်းက ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေနဲ့ သစ်တွေကိုသယ်ယူနေတာဖြစ်ပြီးတော့ ဘယ်တပ်ရင်းတပ်ဖွဲ့တွေဆိုတာ အတည်မပြုနိုင် ပေမဲ့ မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က လာတဲ့ စစ်ကြောင်းတွေဖြစ်တယ်လို့ ကာကွယ်ရေးတပ် ဖွဲ့တွေဆီကသိရပါတယ်။

ဒါ့ကြောင့် လက်ရှိမှာ ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းအနီးတစ်ဝှိုက်မှာနေတဲ့ ရွာပေါင်း၂၀ကျော်က ဒေသခံ ၁သောင်းနီးပါး ဘေးလွှတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ ပြီးခဲ့တဲ့ဩဂုတ်လအထိကို စစ်ကိုင်းတိုင်းမှာ ဒေသခံ ၈ သိန်းနီးပါးဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်း တွေအရသိရပါတယ်။

Show More

Related Articles

Back to top button