သတင်း

ကုန်စက်လှေတွေ တစ်လကျော်ပိတ်ခဲ့လို့ ကုန်စိမ်းသည်များ အရှုံးပေါ်

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲကိုဝင်မယ့် ကုန်စက်လှေတွေ ကနီနယ်ဘက်မှာ တစ်လလောက်ပိတ်မိခဲ့လို့ ကုန်စိမ်းများ ပုပ်ပွပြီး အရှုံးပေါ်ခဲ့တယ်လို့ ဟုမ္မလင်းမြို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီကုန်တင်စက်လှေတွေဟာ သြဂုတ်လ ၁၈ ရက်နေ့ကတည်းက မုံရွာကနေ စတင်ထွက်ခွာလာပေမယ့် စစ်ကောင်စီရဲ့လက်နက်နှင့်စားနပ်ရိက္ခာပို့တင်တဲ့ သံခွန်မော်တော်ကြီးတွေတက်လာတာကြောင့် ကုန်စက်လှေတွေ ကာနီနယ်ထဲမှာ တစ်လနီးလောက် ပိတ်မိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် စက်တင်ဘာ ၆ရက်နေ့ကစပြီး ဟုမ္မလင်းနယ်ထဲပြန်ဝင်နိုင်ခဲ့ပေမယ့် ကုန်စိမ်းတွေအားလုံးပုပ်ပွသွားပြီလို့ ဟုမ္မလင်းမြို့နယ် အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

အခုလိုကုန်စက်လှေတွေ ရက်ရှည်ပိတ်မိသွားလို့ စက်လှေပေါ်တင်လာတဲ့ကုန်စိမ်းတွေ ခရမ်းချဉ်သီးတွေ အာလူးတွေဆို ပုပ်ကုန်ပြီ ဘာမှရစရာမရှိတော့ဘူး အားလုံးပျက်စီးပုပ်ပွသွားပြီ ကုန်စိမ်းသည်တွေလည်းအရှူံးနဲ့ရင်ဆိုင်နေရတယ်လို့ပြောပါတယ်။

ဒါပေမယ့် ကုန်စက်လှေတွေဝင်ရောက်လာလို့ အခြေခံစားသောက်ကုန်စျေးတွေကတော့ အနည်းငယ်ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၁၀ ရက်ကျော်ကတည်းကနေ ဟုမ္မလင်းနယ်ထဲ ကုန်စက်လှေအဝင်ရပ်တန့်သွားတဲ့ ယမန်နေ့အထိ ဟုမ္မလင်းနယ်မှာ ခရမ်းချဥ်သီးတစ်ပိသာကျပ် ၁၅၀၀၀၊ကြ က်သွန်နီတစ်ပိသာ ကျပ် ၁၂၀၀၀ နဲ့အာလူးတစ်ပိသာ ကျပ် ၁၀၀၀၀ အထိစျေးတက်ခဲ့ပေမယ့် မနေ့နေတော့ ခရမ်းချဥ်သီးတစ်ပိသာ ကျပ်၁၀၀၀ ၊ကြက်သွန်ဖြူ /ဖြူတစ်ပိသာကျပ် ၈၀၀၀ ဝန်းကျင်အထိပြန်လည်ကျဆင်းလာပြီလို့ ဟုမ္မလင်းဒေသခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။

ကုန်စက်လှေတွေကရောက်ခဲ့ပြီးအခုအားလုံး ၁၀ စီးရောက်လာပြီး ဟိုနေ့ကလည်းဝင်တယ် မနေ့ညနေပိုင်းကလည်းထပ်ဝင်တယ်ရှင့် အခုကြက်ဥတစ်လုံး တစ်လုံး ၈၀၀ ကနေ တစ်ထောင်ဖိုးသုံးလုံးပြန်ရနေပြီ၊တခြားခရမ်းချဥ်သီးတို့ကြက်သွန်နီဖြူတို့လည်းနည်းနည်းကျလာပြီလို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ သံခန်မော်တော်တွေဆန်တက်နေတဲ့ချိန် အရပ်သားတွေရဲ့စက်လှေတွေကို ကျော်တက်ခွင့်မပေးသလို မြစ်ကမ်းဘေးဝဲယာတွေကို လက်နက်ကြီးလက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်တာတွေရှိနေတာကြောင့် ကုန်တင်စက်လှေတွေပိတ်မိနေခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဟုမ္မလင်း ၊ခန္တီးဒေသဘက်တွေကို စစ်သားအင်အားနဲ့ လက်နက်၊ရိက္ခာတွေတင်ပို့ရာမှာ ချင်းတွင်းမြစ်ကြောင်းကိုအဓိကအသုံးပြုတာဖြစ်ပြီးစစ်ကောင်စီရဲ့သံခွန်တွေတက်လာတိုင်းကုန်စက်လှေတွေပိတ်မိတာကြောင့် ဟုမ္မလင်းနယ်ဘက်ကုန်စျေးနှုန်းမြင့်တက်မှု ၃လ၊ ၄လ တစ်ကြိမ်ပုံမှန်ကြူံတွေ့နေရတယ်လို့ဆိုပါတယ်။

လက်ရှိ စစ်ကောက်စီရဲ့ သံခွန်မော်တော်ကြီးတွေဟာ မော်လိုက်အကျော် ဖောင်းပြင်မှာ ဆိုက်ကပ်ထားတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button