သတင်း

မိုင်းနောင်ကျေးရွာနားမှာ စစ်ကောင်စီတပ်နဲ့ KIA ၊PDF တို့ကြား တိုက်ပွဲဖြစ်ပွား 

ကချင်ပြည်နယ် မိုးညင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနောက် ရွှေမှော်တွေရှိတဲ့ဘက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF ပူးပေါင်းတပ်ကြား ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မိုင်းနောင်ဒေသခံတွေဆီကနေ သိရပါတယ်။

စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်း နန့်မွန်းမြို့ဘက်ကနေတက်လာတဲ့ အင်အား ၅၀ ကျော်ပါတဲ့ ခလရ ၁၁၁ စစ်ကြောင်းဟာ ဒီနေ့ မနက်ပိုင်း မိုင်းနောင်ကျေးရွာအနောက်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာလို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ မိုင်းနောင်ကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ 

တိုက်ပွဲက မနက် ၆နာရီတိတိကနေစဖြစ်တာ ဒီကျွန်တော်တို့မိုင်းနောင်ကနေ တစ်မိုင်ကျော် ၂ မိုင်လောက်ဝေးတဲ့ တောထဲမှာဖြစ်တာ အဲ့ဘက်မှာက ရွှေမော်သွားလမ်းရှိတယ်။ အဲ့လမ်းပိုင်းမှာ KIAPDF တွေနေရာယူထားတာ အဲမှာ စစ်ကြောင်းတွေဝင်လာတော့ ထိတွေ့တိုက်ပွဲ ဖြစ်တာဗျလို့ ပြောပါတယ်။ 

တိုက်ပွဲဟာ မနက် ၆ နာရီကနေ ၆ နာရီခွဲထိ  နာရီဝက်နီးပါး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့နှစ်ဖက် အပြန်အလှန်ပစ်ခတ်ကြတယ်လို့ သိရပြီး ထိခိုက်မှု၊သေဆုံးမှုရှိမရှိကိုတော့ အသေးစိတ်မသိရသေးပါဘူး။ 

ဒါ့အပြင် စစ်တပ်ရဲ့ ခလရ ၁၁၁ တပ်ဟာ လက်ရှိတိုက်ပွဲဖြစ်ပွားတဲ့အနီးဝန်းကျင်တောထဲမှာရှိနေသေးသလို KIAPDF ဘက်ကလည်း နေရာယူထားဆဲဖြစ်တာကြောင့် လက်ရှိတိုက်ပွဲငြိမ်နေပေမယ့် စစ်ရေးတင်းမာတဲ့အခြေအနေမှာရှိနေဆဲလို့ သိရပါတယ်။

ဒါပေမယ့် တိုက်ပွဲဖြစ်တဲ့နေရာဟာ မိုင်းနောင်ရွာနဲ့ဝေးတဲ့အတွက်ဒေသခံပြည်သူတွေဟာ ဒေသခံပြည်သူတွေအတွက် စိုးရိမ်စရာမရှိသေးဘူးလို့ ဒေသခံတစ်ယောက်က ခုလိုပြောပါတယ်။

ခုလောလောဆယ်ထိတော့ ထွက်ပြေးရတာတွေတော့မရှိဘူး ရွာနောက်ကြောဘက် ဖြစ်တဲ့နေရာက ဝေးတယ်လေလို့ပြောပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့နေရာဟာ မိုင်းနောက်ကျေးရွာအနောက်ကြောမှာရှိတဲ့ ခေါင်းတုံးချောင်းဘက်မှာဖြစ်ပြီး အဲဒီနေရာမှာ မနှစ်ကတည်းက ရွှေတူးဖော်သူတွေအများအပြား ရှိနေတဲ့နေရာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် ရွှေတူးဖော်မှုရပ်နားနေတာ ၁ ပတ်ကျော်ရှိလာပြီလို့ သိရပါတယ်။ 

ဒီမနက် KIA တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာလ  ၈ ရက်လောက်ကတည်းက စစ်ကိုင်းတိုင်းအင်းတော်ဘက်နေ တက်လာတဲ့စစ်ကြောင်းဖြစ်ပြီး အင်းတော်ကြီးဒေသမှာ ခုရက်ပိုင်း ပုံမှန်စစ်ရေးလှုပ်ရှားနေရာကနေ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

Show More

Related Articles

Back to top button