တိုက်ပွဲသတင်း

ဖားကန့်မှာ တစ်လအတွင်း စစ်ကောင်စီတပ်စခန်းနေရာ ၅ ကြိမ်ထက် မနည်းတိုက်ခိုက်ခံရ

ဖားကန့်မှာ ပြီးခဲ့တဲ့တစ်လတာအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ရဲကင်းနဲ့စစ်တပ်ဂိတ်စခန်း နေရာတစ်ချို့မှာ ၅ ကြိမ်ထက် မနည်း တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က စရဖအရာရှိ ၂ ဦးနဲ့ စစ်ဗိုလ်တစ်ဦး တပ်သား ၅ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေကပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ ပန်းတင်တံတားမှာအထိုင်ချထားတဲ့ စစ်တပ်ဂိတ်ကိုတစ်ကြိမ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ ဆိုင်းတောင်ကနေ ဖားကန့်ကိုဆေးခန်းလာပြတဲ့ စရဖအရာရှိစီးလားတဲ့ကားကိုတစ်ကြိမ်၊ စက်တင်ဘာလ ၂၄ ရက်နေ့ ဆိုင်းတောင် ရဲကင်းနဲ့ စရဖရုံးနဲ့စက်တင်ဘာလ ၂၅ ရက်နေ့ ဆေးရုံတက်နေတဲ့ စရဖအရာရှိတို့ ပစ်ခတ်ခံခဲ့ရဲ့အပြင် စက်တင်ဘာလ ၃၀ ရက်နေ့ ဆိုင်းတောင်ရဲစခန်းတစ်ကြိမ် ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

စက်တင်ဘာလ ထဲမှာ ဆိုင်းတောင်ဖြစ်စဥ်က သုံးကြိမ်လောက်တော့ရှိမယ် ဝင်ပစ်ခံရတုန်းကတော့ရဲစခန်းဘက်က ၄ ယောက်လောက်တော့အသေအဆုံးရှိတယ်။ အိမ်စီးကားပစ်ခံရတဲ့ချိန်မှာ စရဖအရာရှိတစ်ယောက်သေတယ်။ ဆေးရုံမှာ ပစ်ခံရတာလည်းသေတယ်လို့ ဖားကန့်ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဒီပစ်ခတ်ခံရမှုကြောင့်ဆေးရုံတက်နေတဲ့ စရဖအရာရှိနဲ့ကားမှာပစ်သတ်ခံရတဲ့ အရာရှိအပါအဝင် စုစုပေါင်း တပ်သား ၅ ယောက်ထက်မနည်းသေဆုံးခဲ့ပြီး စရဖမိသားစုဝင်တွေကို KIA,PDF ဘက်က ဖမ်းဆီးထားဆဲဖြစ်ပါတယ်။

ဒါ့အပြင် ဩဂုတ်လ ၁ ရက်ညမှာလည်း ဆိုင်းတောင်ရဲကင်း ဒရုန်းနဲ့ထပ်ပြီး ပစ်ခတ်ခံခဲ့ရသေးတယ်လို့ ဆိုင်းတောင်မှာနေထိုင်သူတွေက ပြောပါတယ်။ဒါပေမယ့်ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရသေးပေ။

မနေ့ကကြားလိုက်တယ်ဗျ ညပိုင်းမှာ တစ်ချက်ပဲ ဒရုန်းနဲ့လာချတာလို့ပြောတယ်။ ဆိုင်းတောင်မှာဒီရက်ပိုင်းက ဆက်တိုက်ဆိုသလိုဖြစ်နေတာ နေ့လည်နေ့ခင်းတော့အေးဆေးပဲကောင်းတယ်။ အဲ့ညရောက်ပြီဆို ဖြစ်ဖြစ်လာတာ တစ်ခါတလေ လန့်တောင်လန့်တယ်ဗျလို့ ဆိုင်းတောင်းကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကောက်စီဟာ အခုလိုရဲကင်းစခန်း အကြိမ်ကြိမ်တိုက်ခိုက်ခံရတာကြောင့် စက်တင်ဘာ ၃၀ ရက်နေ့ ည ၁၀ နာရီ အချိန်မှာ လူနေရပ်ကွက်တွေဘက်ကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့လို့ စန်းသီတာရပ်ကွက်ထဲက လူနေအိမ် တစ်လုံးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီးအိမ်ထဲမှာရှိတဲ့ အသက် ၃၃ နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက် ၃၂ အရွယ်အမျိုးသမီးတစ်ဦးနဲ့အသက် ၁၁ နှစ်မရွယ်ကလေးငယ်တစ်ဦးတို့ကိုထိခိုက်ခဲ့တယ်လို့သိရပါတယ်။

ဆိုင်းတောင်ရဲကင်းစခန်းကို KIA PDFပူးပေါင်းတပ်ဘက်က အရင်နှစ်တွေမှာလည်း အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တဲ့အတွက် အထိနာခဲ့တဲ့ စစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ စခန်းကို ၂ တာဆုတ်ခွာခဲ့ရတာတွေရှိပေမယ့် ဒီနှစ် အစောပိုင်းမှာ ပြန်ပြီး တပ်ထိုင်နေတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button