
ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းကို မြို့လှ PDF တပ်ဖွဲ့က ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေကူမြို့အောက်ဘက် ဧရာဝတီမြစ်တစ်ဖက် ကမ်းမှာရှိတဲ့ စစ်ကောင်စီစစ်သားနဲ့ ရဲတွေပူးပေါင်းတပ်ထိုင်နေတဲ့ ကျောက်ကြီးရဲ စခန်းကို အောက်တိုဘာ ၁ ရက်နေ့ ည ၈နာရီ အချိန်က မြို့လှ PDF တပ်က ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုတွေရှိခဲ့တယ်လို့ ရွှေကူ PDF တပ်ဖွဲ့ဝင်တစ်ဦးက KNGကိုပြောပါတယ်။
“ဗုံးသီးက ၆လုံးချတာအားလုံးကွဲတယ်ဗျ အထိအခိုက်ကတော့သေချာပေါက်ရှိတယ် သူတို့အထဲမှာဆိုတော့အတိအကျတော့ ပြောလို့မရဘူး”လို့ သူကပြောပါတယ်။
ဒေသခံတွေဆီကနေ စုံစမ်းသိရချက်အရ မနေ့က တိုက်ခိုက်ခံရမှုကြောင့် ကျောက်ကြီးရဲစခန်းပင်မ အမိုးတွေပျက်စီးပြီး နံရံတွေလည်း မိုင်းစထိမှန်လို့ပျက်ဆီးတာတွေများခဲ့တယ်လို့ သိရပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းထဲကနေ လက်နက်ငယ်တွေ အချက်ပေါင်း ၂၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်တာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။
“အဲ့ထဲမှာအနည်းဆုံးစစ်သားကော ၊ရဲကော သုံးဆယ် လေးဆယ်လောက်ရှိမယ် မနေ့က စင်းခန်းကနေလည်းထပ်ရောက်လာတာရှိတယ် အဲ့ရဲစခန်းက PDF တွေမီးရှို့တာလည်းခနခနပါ့ သိမ်းလိုက်ရင်လည်းခနပဲပြီးရင် ပြန်လာထိုင်ကြတာ”လို့ တော်လှန်ရေးမှာပါဝင်နေတဲ့ရွှေကူခြေသခံ အခြားအမျိုးသားတစ်ဥိီးကပြောပါတယ်။
စစ်ကိုင်း– ကချင်အစပ် ကသာအထက်ပိုင်း မြို့လှနဲ့ ရွှေကူမြို့နယ်တွင်းမှာ ကျောက်ကြီးရဲကင်းအပါအဝင် စစ်တပ်ရဲ့အထိုင်ချစခန်း ၄ နေရာသာရှိပြီး လှုပ်ရှားတပ်ရင်းမရှိသလောက်နည်းသွားပြီလို့လည်း မြို့လှ K-PDF အဖွဲ့က ပြောဆိုပါတယ်။
ဒ့ါအပြင် အဲ့ဒီရဲစခန်းကို KIA၊PDF တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ စက်တင်ဘာ လ ၁ ရက်နေ့တစ်ကြိမ်ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ ရဲတစ်ဦးအရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအချို့ရရှိခဲ့ပါတယ်။