တိုက်ပွဲသတင်း

အင်းတော်မှာ စစ်ကောင်စီတပ်နဲ့ ABSDF တို့ကြား တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်ဘက်ကနေ အင်းတော်မြို့နယ်ထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကျောင်းသားတပ်မတော် (ABSDF)တို့ကြား ဒီကနေ့ မနက်ပိုင်းမှာ အင်းတော်နယ်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အင်းတော် PDF ကနေ သိရပါတယ်။

တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၁ တပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေဟာ စစ် အင်အားအများအပြားနဲ့ အောက်တိုဘာ ၃ ရက်နေ့ကတည်းက အင်းတော်နယ်ထဲကိုဝင်လာတာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာ ၄ရက်နေ့ မနက် ၈ နာရီအချိန် အင်းတော်မြို့နယ် သောင်းကြီးကျေးရွာ နားအရောက်မှာ ABSDF နဲ့ထိ တွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အင်းတော် PDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဗန်းမောက်ကနေ အင်းတော်နယ်ကိုအလာပေါ့ မနက်က သောင်းကြီးရွာအနီးမှာ ဒီဘက်က ကျောင်းသားတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ကြတာ။  စစ်ကောင်စီဘက်အင်အားများတယ် ၁၀၀ နီးပါးပဲပျူတွေကော ထက်ဝက်လောက်ပါတယ် တိုက်ပွဲ ရဲ့မြေပြင်အခြေအနေ ကျဆုံးမှုကတော့အသိအကျမသိနိုင်သေးဘူးလို့ ပြောပါတယ်။

တိုက်ပွဲဟာ မနက် ၈နာရီ ကနေ  နာရီလောက်ထိ တစ်နာရီအကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးမသိရပေမယ့် ထိခိုက်ဒဏ်ရာရကတော့ရှိသွားတယ်လို့သောင်ကြီးကျေးရွာအနီးနေထိုင်တဲ့ဒေသခံ အမျိုးသားတစ်ဦး ကပြောပါတယ်။

စစ်သားတွေနဲ့ ပျူတွေက အခုသောင် ရွာထဲကို နေရာယူထားတယ် အပြည့်ပဲ တချို့ ဒဏ်ရာရတဲ့သူတွေရှိလို့ နားနေတာလို့သိရပါတယ်။ ရွာသားတွေကတော့ ကြိုတင်ပြီးပြေးကြတာသေနတ်သံကြားတာနဲ့ပြေးကြရွာသားတွေကလို့ ပြောပါတယ်။

လက်ရှိစစ်ကောင်စီတပ် သောင်ကြီးကျေးရွာထဲမှာရှိနေသေးတာကြောင့် နှစ်ဖက်စစ်ဆေးတင်းမာနေတဲ့ အခြေအနေမှာရှိနေပြီး ဒေသခံတွေလည်း တောတောင်တွေထဲထွက်ပြေးတိမ်း ရှောင်နေရတယ်လို့သိရပါတယ်။

သောင်ကြီးကျေးရွာဟာ အင်းတော် ဗန်းမောက် ကားလမ်းပိုင်းမှာတည်ရှိတာဖြစ်ပြီး အိမ်ခြေ ၁၀၀ ဝန်းကျင်အထိရှိတဲ့ကျေးရွာဖြစ်ပါတယ်။

အင်းတော်နယ်ဟာ စစ်ကိုင်းကချင်အစပ်မှာရှိတဲ့မြို့နယ်ဖြစ်ပြီးတော့ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြို့နယ်ဖြစ်တဲ့အပြင် စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်၊ကျောင်းသားတပ်မတော်တို့ အဓိက စစ်ရေးလှုပ်ရှားတဲ့နေရာဖြစ်ပါတယ်။

Show More

Related Articles

Back to top button