သတင်း

ဟုမ္မလင်းနယ် နားနှုန်းရွာထဲမှာ SNA တပ်က အထိုင်တပ်ချဖို့ပြင်ဆင်နေ

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နားနှုန်းကျေးရွာထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်က အထိုင်တပ်ချဖို့ ပြင်ဆင်လာနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဟုမ္မလင်းမြို့နဲ့ ငါးမိုင်ခန့်သာဝေးတဲ့ နားနှုန်းကျေးရွာဟာ ကျေးရွာအုပ်စုထဲမှာ ကျေးရွာပေါင်း ၅ ရွာသာရှိတာဖြစ်ပြီး အဲ့ဒီကျေးရွာ ၅ရွာရဲ့ အလယ်ဗဟိုမှာကျတဲ့ နားနှုန်းရွာထဲမှာ SNA က လွန်ခဲ့နဲ့ ၁လ ကျော်လောက်ကတည်းကနေ အထိုင်တပ်ချဖို့ ပြင်ဆင်လာနေတာလို့ တော်လှန်ရေးမှာပါဝင်နေတဲ့ ဟုမ္မလင်းဒေသခံအမျိုးသမီးတစ်ဥ်ီးက KNGကိုပြောပါတယ်။

အခုဆို ရှမ်းနီတပ်က အဲ့နားနှုန်းရွာထဲကိုတပ်ထိုင်ဖို့ဆိုပြီးမှ နေရာတွေဘာတွေကြည့်ထားပြီးပြီလို့တောင်ပြောတယ် ပြီးတော့သူတို့တပ်လာထိုင်မှာဆိုပြီး ရှမ်းနီဘပ်ပါတဲ့လူတွေနဲ့ ရွာကလူကြီးတွေခေါ်ပြီး အစည်းအဝေး ထိုင်ပြီးပြီတဲ့ ဘယ်ချိန်လောက်လာထိုင်မလဲတော့အသိအကျမသိရသေးဘူးလို့ ပါတယ်။

နားနှုန်းကျေးရွာအုပ်စုထဲမှာတော့ နားနှုန်းရွာအပါအဝင် နားသဲ၊ တာမဒေါင်း၊ တာမယုန်၊ ခေါင်ခန်းစတဲ့ ရွာပေါင်း ၅ရွာသာရှိတာဖြစ်ပြီး အဲ့ဒီကျေးရွာ ငါးရွာလုံးကို စိုးမိုးသွားဖို့SNAဘက်ကပြောဆိုလာတာတွေရှိတဲ့အပြင် အကောက်အခွန်တွေရှိလာမှာဖြစ်လို့ ဒေသခံတွေက တပ်ထိုင်လာမှာကို အထူးစိုးရိမ်နေကြတယ်လို့လည်း ဆိုပါတယ်။

အဲ့နားနှုန်းအုပ်စုက ဘယ်သူနဲ့မှမနီးဘူးသူတို့ငါးရွာသီးသန်ံ့လေးရှ်ိနေတာ ငါးရွာထဲမှာနားနှုန်က အလယ်တည့်တည့်ကျတဲ့ရွာပေါ့သူတို့ကအဲ့မှာတပ်ထိုင်မှာ ထိုင်ပြီးတော့ စိုးမိုးမှာပေါ့ ဒေသခံတွေကတော့ပြောနေကြတာ တပ်ထိုင်ရင် လူပဲတောင်းမလား၊ ပိုက်ဆံပဲကောက်မလားပေါ့ တကယ်လို့လူတောင်းရင်လည်းပိုက်ဆံပေးကြမယ်တဲ့လူတောမြပေးဘူးတဲ့ စိုးရိမ်နေကြတာပေါ့ခုကတည်းကလို့ ဒေသခံ အမျိုးသမီးတစ်ဦးပြောပါတယ်။

လက်ရှိ SNA တပ်ထိုင်ဖို့ပြင်ဆင်လာနေတဲ့ နားနှုန်းကျေးရွာအုပ်စု ငါးရွာဟာ ချင်းတွင်းမြစ်ကမ်းနဘေးမှာရှိတာဖြစ်ပြီးအဓိက အားဖြင့် လက်ဖက်ခင်းလုပ်ငန်းနဲ့ လယ်လုပ်ငန်းကို အဓိက လုပ်ကိုင်ကြတဲ့ ကျေးရွာတွေလို့ သိရပါတယ်။

လက်ရှိမှာလည်း SNAတပ်တွေစိုးမိုးထားတဲ့ ကျေးရွာတွေမှာ ရာအိမ်ခေါင်းတစ်ဦးကို တပ်သားသစ် ၁၂ဦးနှုန်း သို့မဟုတ် အိမ် ခြေ ၁၀၀ မပြည့်တဲ့ကျေးရွာတွေကို တစ်ရွာ လျင် တပ်သားသစ် ၁၂ ဦးနှုန်းတောင်းခံနေတာတွေရှိနေပြီး လစဥ်စားနပ်ရိက္ခာ ကောက်ခံတာမျိုးနဲ့တပ်သားတစ်မပေးနိုင်လျင်တစ်ဦးကို ကျပ်သိန်း ၃၀ နှုန်းကောက်ခံနေတယ်လို့ ဒေသခံတွေက KNGကိုပြောပါတယ်။

Show More

Related Articles

Back to top button