သတင်း

ဝက်လက်မှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၆ လောင်းတွေ့

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သုံးဆင့်ကန့်ကျေးရွာမှာ အောက်တိုဘာလ ၁၉ ရက်နေ့ကမီးရှို့ သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးရုပ်အလောင်းတစ်လောင်းအပါအဝင် ရုပ်အလောင်း ၆ လောင်းတွေ့ရှိခဲ့ တယ်လို့ ဝက်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တွေဆီကသိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ မန္တလေးမြစ်ကြီးနားရထားလမ်းဘေးက သုံးဆင့်ကန်၊ သာလိုင်း၊ရုံးသာ နဲ့ အနီးတစ်ဝှိုက်တွေကို စစ်ကြောင်းထိုးတာတွေဆက်တိုက်လုပ်ခဲ့ပြီးတော့ သုံးဆင့်ကန်ရွာမှာ တစ်လလောက် အကြာတပ်စွဲခဲ့ပြီး အဲ့ဒီစစ်ကြောင်းပြန်အထွက်မှာ အခုလိုမီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ရွာရဲ့အတွင်းပိုင်းရဲ့အိမ်တစ်လုံးထဲမှာပဲ ၃လောင်းပိတ်ရှို့ခံထားရတာ နောက်၂လောင်းကတော့ ရွာအစွန် အိမ်တစ်လုံးထဲမှာ လက်ပြန်ကြိုးတုပ်ထားတယ် တော်တော်နှိပ်စက်ထားပုံရတယ် အမျိုးသမီးတစ်ယောက် ကတော့ ရွာအပြင်မှာတွေ့တာ အမျိုးသမီးလို့ယူဆတာက အဲ့နားမှာ အင်္ကျီစတစ်ခုတွေ့လို့ပေါ့ သတ်ဖြတ် ထားတာက မီးရှို့ထားတော့လုံးဝကိုအရိုးစုပဲကျန်တော့တာလို့ ဝက်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ရုပ်အလောင်းတွေဟာ ရက်အတော်ကြာနေပြီဖြစ်ပြီး အရိုးစုတွေသာကျန်တော့တာကြောင့် ဘယ်သူဘယ်ဝါ ဆိုတာအတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

တွေ့ရှိခဲ့တဲ့ရုပ်အလောင်းတွေထဲ လက်ပြန်ကြိုးတုပ်မီးရှို့သတ်ဖြတ်ခံထားပြီး နှိပ်စက်ထားတဲ့အတွက်ပြီးခဲ့တဲ့ တစ်လလောက်က ပျောက်ဆုံးနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ယောက်ဖြစ်နိုင်တယ်လို့သူကသုံးသပ်ပါ တယ်။

ဒါ့အပြင် အဲ့ဒီကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပျောက်ဆုံးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သုံးဆင့်ကန်ရွာနားမှာရှိတဲ့ ညောင်ပင်ကြီးတောရွာကနေ CDM ဆရာမတစ်ယောက်ပျောက်ဆုံးခဲ့တာလည်းရှိခဲ့တယ်လို့ သိရပါတယ်။

အခုလို အရပ်သားတွေကိုမီးရှို့သတ်ဖြတ်ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဟာ ဝက်လက်မြို့နယ်ထဲမှာရှိတဲ့ မန္တလေးမြစ်ကြီးနား မီးရထားလမ်းကိုပြင်နေတဲ့ ခမရ၃၆၄ တပ်ဖွဲ့တွေဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

လက်ရှိ သူတို့ရဲ့ရထားလမ်းပြင်ဆင်မှုကလည်း သုံးဆင့်ကန်ရွာ နဲ့ ဝက်လူးအိုင်ရွာကြားမှာပဲရှိသေးတယ် သူတို့ ရထားလမ်းပြင်တာက ရှေ့ဆက်တိုးလာတာတော့မရှိသေးဘူး အဲ့မှာ ကျနော်တို့ကာကွယ်ရေးတပ် ဘက်ကလည်း တောက်လျှောက်ဖျက်ဆီးတာတွေရှိတယ် ဖြတ်တောက်ထားတာတွေရှိတယ် သူတို့က လုံးဝကိုရှေ့ဆက်မတိုးနိုင်ဖြစ်နေတာလို့ မန္တလေးမြစ်ကြီးနား ရထားသံလမ်းပြင်ဆင်မှုအခြေနေနဲ့ပတ် သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်ကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မန္တလေးမြစ်ကြီးနား ရထားလမ်းပြင်ဆင်ဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စပြီး ကြိုးပမ်းနေတာဖြစ်ပြီးတော့ အဲ့ဒီရထားလမ်းဘေးတစ်လျှောက် ကရွာတွေကိုလည်း ဝင်ရောက်စီးနင်း မှုတွေကြောင့်အရပ်သား ၃၀ ထက်မနည်းသတ်ဖြတ်ခံထားရပြီးဖြစ်သလို ရထားသံလမ်းနဲ့နီးတဲ့ရွာတွေကလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်းကို မြန်မာနိုင်ငံတစ်ဝှမ်းက ပဋိပက္ခ နဲ့ တိုက်ပွဲ အခြေနေ တွေကြောင့် စစ်ဘေးရှောင် ၁သောင်း၈ထောင် နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA Myanmar ကအောက်တိုဘာ၁၂ရက်နေ့ကပဲ သတင်းထုတ်ပြန် ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button