သတင်း

မူးယစ်ဆေးသုံးစွဲတဲ့ ဇနီးမောင်နှံ နှစ်ဦးကို ရွာနှင်ဒဏ်ပေး

ဝိုင်းမော်မြို့နယ် နေရပ်ပြန် ဂါးရာယာန်ကျေးရွာမှာ ဧည့်စာရင်းမတိုင်ဘဲ နေထိုင်တဲ့ ဇနီးမောင်နှံဆီကနေ မူးယစ်ဆေးသုံးစွဲတဲ့အချက်အလက်တွေ့ရှိခဲ့တာကြောင့် ရွာနှင်ဒဏ်ပေးလိုက်တယ်လို့ ဂါရာယာန်ရွာက တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ညမှာ ကဇူးကျေးရွာမှာတပ်ထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒဘတ်ကျေးရွာကနေ ဂါးရာယန်ရွာဘက်လာတဲ့ ဇနီးမောင်နှံ နှစ်ဦးကိုစစ်ဆေးမေးမြန်ကြည့်ရာမှာ သက်သေနှင့်တကွ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဂါးရာယာန်ရွာလူကြီးက ကိုပြောပါတယ်။

ညသန်းခေါင် ဒဘတ်ကနေ ဂါးရာယာန်ကို ပြန်လာတဲ့အချိန်ပေါ့ ကဇူးကိုဖြတ်ရတော့ အဲ့မှာ တပ်ထိုင်နေတဲ့ စစ်သားတွေကတွေ့လို့ မေးမြန်းတဲ့အချိန် မူးယစ်ဆေးသုံးတဲ့အခါသုံးတဲ့ ပစ္စည်းတွေတွေ့လို့ဘယ်ကလဲဆိုတော့ဂါရာယာန်ကလို့ပြောတော့ သူတို့ကကျွန်တော်တို့နဲ့ဆက်သွယ်ပြီး ပြန်အပ်လိုက်တာပေါ့လို့ပြောပါတယ်။

အဲဒီဇနီးမောင်နှံဟာ  ဂါးရာယန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဧည့်တိုင်ကြားခြင်းမရှိပဲ ကျေးရွာထဲမှာ လာရောက်နေထိုင်တာ လပိုင်းရှိပြီသိရပါတယ်။

ဒါကြောင့် မူးယစ်ဆေးတွေသုံးစွဲနေတာကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် အဲဒီဇနီးမောင်နှံကို ရက်အကန့်အသတ်မရှိ ရွာနင်ဒဏ်ပေးလိုက်ပြီး မူးယစ်ဆေးကင်းရှင်းပြီးမှသာကျေးရွာတွင်းသွားလာနေထိုင်ခွင့်ပေးမှာဖြစ်တယ်လို့လည်း ကျေးရွာတာဝန်ရှိသူတွေက ပြောပါတယ်။

ဂါးရာယန်ကျေးရွာအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွေကို ထိရောက်စွာ လုပ်နိုင်ဖို့အတွက် ကြိုးစားနေကြတာဖြစ်ပြီးတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေရှိနေပေမယ့်  တစ်ချို့မိသားစုဝင်တွေကိုယ်တိုင်ဖုံးထားတာတွေ၊ လွတ်ထားတာတွေရှိတယ်လို့ ကျေးရွာလူကြီးက ဆက်ပြောပါတယ်။

ဒီမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ထိထိရောက်ရောက်လုပ်ချင်တယ်၊ တစ်ချို့က ကိုယ့်မိသားစုဝင်ဖြစ်နေလို့ ဖုံးပေးတာတွေ၊ လွတ်ထားတာတွေ ရှိတယ်၊ ပြီးတော့ ဒီဟာတွေ လုပ်ဖို့က ဆေးဝါးတွေလိုအပ်တယ်လေ၊ ရပ်ရွာအုပ်ချုပ်ရေး ကော်မတီမှာလည်းထောက်ပံ့ကြေးမရှိဘူး၊ အလှူထည့်တဲ့သူတွေလည်းမရှိတော့ ကျွန်တော်တို့အတွက်လည်း စိတ်ဓာတ်ကျတာမျိုးတွေ ဖြစ်စေတယ်လို့ပြောပါတယ်။

ကျေးရွာအတွင်းမှာ မူးယစ်ဆေးသုံးစွဲတာ၊ ရောင်းချတာ၊ ကလေးသူငယ်တွေကို အရက်ဘီယာ ဆေးလိပ် ရောင်းချတာတွေ တွေရှိခဲ့ရင် အုပ်ချုပ်ရေး ကော်မတီကနေ အရေးယူတာတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ဂါးရာယာန်ကျေးရွာအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား ၃၀ ဝန်းကျင်ရှိတယ်လို့ ကျေးရွာလူကြီးကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ဂါးရာယန်ကျေးရွာတွင် မူးယစ်ဆေးဝါးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဥ်အနေနဲ့ ကုန်စုံဆိုင်တွေမှာ သက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို ယစ်မူးစေသောအစားသောက်တွေ မရောင်းဖို့ အိမ်ဆိုင်စျေးဆိုင်ရှင်တွေကို သတိပေးစာနဲ့ ကတိကဝတ်လက်မှတ်ရေးထိုး တာတွေလည်း ဆောင်ရွက်ခဲ့တယ်လို့ သိရှိရပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button