သတင်း

အမျိုးသားတစ်ဦးကားတိုက်ခံရ ဒဏ်ရာပြင်းထန်

ကချင်ပြည်နယ် မြစ်ကြီးနား မြို့သစ်ကြီးရပ်ကွက်ဘက်မှာ အသက် ၅၀ ကျော်ရှိတဲ့ အမျိုးသားတစ်ဦး ကားတိုက်ခံရတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်ကတော့ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၅နာရီဝန်းကျင်အချိန်လောက်က မြို့သစ်ကြီးရပ်ကွက် အေးမြသာယာအုပ်စု လမ်းသွယ် ၁၇ လမ်းထဲ ဆိုင်ကယ်မောင်းလာတဲ့ အမည်မသိ အသက် ၅၀ကျော်အရွယ် အမျိုးသားတစ်ယောက်ကို ကားတစ်စီးကတိုက်ပြီး ထွက်ပြေးသွားတာလို့ မျက်မြင်တွေ့သူတစ်ဦးက KNG ကိုပြောပါတယ်။

မျက်နှာက တော်တော်တော့ စုတ်ပြတ်နေတာဘဲ သွေးသံရဲရဲနဲ့ ကားကတော့တိုက်ပြီးထွက်ပြေးသွားတယ်လို့ ပြောပါတယ်။

ကားသမားဟာ ကားနဲ့တိုက်ပြီး ဒရွတ်တိုက်ဆွဲပါသွားတဲ့အတွက် နှခမ်းလည်း တော်တော်စုတ်ပြတ်သွား နှစ်လက်မခန့် ကွဲသွားတယ်လို့ သူကပြောပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသားကိုတော့ မြစ်ကြီးနားပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ထားပြီးလူနာရှင်တွေနဲ့လည်း အဆက်အသွယ်ရပြီလို့ဆိုပါတယ်။

တိုက်ပြေးသွားတဲ့ကားကိုတော့သေချာမသိလိုက်ပေမယ့် အက်စီးဒင့်ဖြစ်တဲ့ နားကအိမ်တစ်အိမ်ရဲ့ cctvမှာရိုက်မိထားနိုင်တယ်လို့လည်း ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ဆိုင်ကယ်မောင်းနှင်လာတဲ့ လူနှစ်ဦးကို ကားနဲ့တိုက်ပြေးသွားတဲ့အတွက် အသက် ၂၀ကျော်အရွယ်လူငယ် တစ်ဦးလည်းသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ မြစ်ကြီးနားမြို့ လူမူကယ်ဆယ်ရေး အဖွဲ့တွေရဲ့ဖော်ပြချက်အရ  ယာဉ်တိုက်မှုပေါင်း ၇၂ ကြိမ်ထက်မနည်းဖြစ်ခဲ့ပါတယ်။

By – Hope

Show More

Related Articles

Back to top button