သတင်း

ကချင်ပြည်နယ် မြို့နယ်တစ်ချို့မှာ ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ခံနေရ

စစ်ကိုင်း – ကချင် အစပ်မှာ စစ်ရေးအရှိန်မြင့်လာတဲ့နောက် မြို့နယ်တစ်ချို့မှာ ခု ရက်ပိုင်းအတွင်း ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ခံထားရတယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာလ  ရက်နေ့ စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့ကို KIA,PDF ဘက်က သိမ်းပိုက်လိုက်တဲ့နောက် တစ်ဆက်တည်းမှာဘဲ ကသာ၊ထီးချိုင့်ဘက်မှာ စစ်တပ်နဲ့ KIA,PDF တို့အကြားစစ်ရေးတင်းမာနေချိန် မြစ်ကြီးနား၊ ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း ဘက်မှာ အင်တာနက်စပြီး ပြတ်တောက်လာတာဖြစ်တယ်လို့ မိုးကောင်းဒေသခံ တစ်ဦးကလည်း ပြောပါတယ်။

ကျနော်တို့ မိုးကောင်းဘက်လည်း ဘာမှလိုင်းမရဘူး တယ်လီနောတစ်ခုဘဲ နည်းနည်းရတယ်။ သတင်းကြည့်မယ်ဆိုရင်တောင် အဝိုင်းဘဲလည်နေလို့ ဘာမှကြည့်မရတော့ဘူးလို့ ပြောပါတယ်။

ဖုန်းအင်တာနက်လိုင်းတွေ ပြတ်တောက်နေတာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်မှာရှိတဲ့ ဒေသခံတစ်ချို့သုံးသပ်နေကြတာတော့ စစ်ကောင်စီတပ်ဟာ စစ်ကိုင်း– ကချင်အစပ်ကနေ ကချင်ဘက်ကို စစ်ရေးလှုပ်ရှားမှုတွေ အရှိန်ပိုမြင့်လာဖို့လုပ်ဆောင်နေချိန် သတင်းစီးဆင်းမှုတွေကို ဖြတ်တောက်နေတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုကြပါတယ်။

ဒါ့အပြင် ခုလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ပြည်သူတွေအနေနဲ့ အဖက်ဖက်ကနေ အခက်အခဲတွေရှိနေပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့နဲ့ မိုးညှင်းမြို့အပါအဝင် မြို့နယ်တစ်ချို့တွေမှာ MPT Oredoo Mytel စတဲ့ဆင်းကဒ်တွေဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အဆင်မပြေတော့တာကြောင့် ဖုန်းကနေတစ်ဆင့် အွန်လိုင်း အလုပ်လုပ်နေတဲ့ ပြည်သူတွေအတွက်အဆင်အပြေမှုတွေ ရှိနေတယ်လို့ မိုးညှင်းဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ် မြို့နယ်အများစုမှာ တယ်လီနော ဆင်းကဒ်တစ်ခုသာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း အနည်းငယ်အဆင်ပြေနေပြီးဝိုင်ဖိုင်အနေနဲ့ အိုးရှင်းဝေ့ ( Ocean Wave ) တစ်ခုသာ လိုင်းရနေတယ်လို့ သိရပါတယ်။

အခုလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေအဆင်မပြေရတာဟာ ၁၀၂၇စစ်ဆင်ရေးဟာ ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာတာကြောင့်ဖြစ်နိုင်တယ်လို့ မိုးကောင်း ဒေသခံတစ်ယောက်က ထပ်ပြီးသုံးသပ်ပြောဆိုပါတယ်။

အခုဒီ ၁၀၂၇ စစ်ဆင်ရေးက ကျွန်တော်တို့နဲ့ ပိုပိုပြီး နီးလာတာကြောင့် သူတို့ တမင် တာဝါတိုင်တွေကို ဖြိုတာလည်းဖြစ်နိုင်တယ်၊ စစ်တပ်ဘက်က ကျရှုံးတာတွေများတာကို သူတို့လူတွေကို မမြင်စေချင်လို့လား၊ ပြီးတော့ဆက်သွယ်တဲ့ အချိန် လုံခြုံရေး ကြောင့်လည်း ဖြစ်နိုင်တယ်လို့ပြောပါတယ်။

ဖုန်းလိုင်း၊ အင်တာနက်တွေ ပြတ်တောက်တဲ့ ကိစ္စနဲ့ ပက်သတ်ပြီးသက်ဆိုင်တဲ့ ဆားဗစ်စင်တာ ( Service Center) အသီးသီးကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမျိုး မရှိခဲ့ပါဘူး။

လက်ရှိ စစ်မီးဝိုင်းနေတဲ့ စစ်ကောင်စီတပ်တွေဟာ အဖက်ဖက်ကနေထိခိုက်တာတွေ များလာတဲ့အတွက် စစ်တပ်ရဲ့လုပ်ရိုးလုပ်စဉ်အတိုင်းသတင်းထိန်းချုပ်ဖို့ ဖုန်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာဖြစ်နိုင်တယ်လို့လည်း မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ နိုင်ငံရေးသုံးသပ်သူတစ်ဦးကလည်း ပြောဆိုပါတယ်။

By – BU BU

Show More

Related Articles

Back to top button