သတင်း

နမ့်ဖတ်ကာကျေးရွာက ရပ်ကွက် ၄ ခုကို စစ်ကောင်စီတပ်ရှောင်ခိုင်းနေ

ရှမ်းမြောက်ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာရှိတဲ့ ရပ်ကွက်  ခုကို စစ်ကောင်စီတပ်က တိမ်းရှောင်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ဖတ်ကာကျေးရွာထဲက ရီးယန်(Riyang ) ၊ဇီးဒဘန်(Zi dabang) ဘန်ဂျရော့ပ်(Bang Jarawp) မ နောယန်(ManauYang) စတဲ့ရက်ကွက်  ခု ကို နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းက ဒီဇင်ဘာ  ရက်နေ့ကစပြီး တိမ်းရှောင်ခိုင်းတာကြောင့် လက်ရှိ နမ့်ဖတ်ကာဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။

အဓိက လက်နက်ကြီးအမြဲကျတဲ့ ရပ်ကွက်တွေပေါ့။ စစ်တပ်နဲ့ နီးတဲ့ရပ်ကွက်  ခုရှောင်ခိုင်းတာဟုတ်တယ်။ အဓိက အဲ့ဒီရွာတွေဘက်က လက်နက်ကိုင်တော်လှန်ရေးတပ်မဖွဲ့တွေ လာလာပစ်လို့တဲ့ ရွာသားတွေ ထိခိုက်မှာစိုးလို့ဆိုပြီး ရှောင်ခိုင်းတာဟုတ်တယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။

ရီးယန်ရပ်ကွက်က ပြည်သူတွေက ခိုမုန်း၊ ဇွပ်ရာ နဲ့ လုံစော်ယန်စတဲ့ကျေးရွာတွေရှိ မိမိအသိမိတ်ဆွေတွေဆီခိုလှုံတိမ်းရှောင်သွားကြပြီး ဇီးဒဘန်ရပ်ကွက်သားတွေကတော့ လုံဂျာယန်ကျေးရွာတွေဆီ ခိုလှုံတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ဘန်ဂျရောပ်ရပ်ကွက်နေ ပြည်သူတွေက နမ့်ဖတ်ကာနဲ့ ခိုမုန်းကြား နမ့်မွေအနီးတဝိုက်တိမ်းရှောင်နေကြပြီး ခလရ ၁၂၃ တပ်စခန်းနဲ့ကပ်ရပ် မနောယန်ရပ်ကွက်နေပြည်သူတွေကတော့ ဟိုဖျက်ကျေးရွာသို့ အမြောက်အများ တိမ်းရှောင်ခိုလှုံနေကြကြောင်း သိရပါတယ်။

လက်ရှိ နမ့်ဖက်ကာကျေးရွာထဲက သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နီးစပ်ရွာကျေးရွာတွေနဲ့ ဆွေမျိုးအိမ်တွေဆီ၊ တောင်ယာအခင်းတွေဆီ တိမ်းရှောင်နေကြရတဲ့အပြင် တိမ်းရှောင်ဖို့ခက်ခဲတဲ့ပြည်သူတစ်ချို့လည်း ရှိနေတယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပါတယ်။

သူတို့ရှောင်လို့မပြောတဲ့ ရပ်ကွက်တွေထဲက ရွာသားတွေလည်း အသက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ဟို..လယ်တောတွေထဲ ပို့ထားတယ်။ တောထဲအခင်းတွေထဲ တိမ်းရှောင်နေတယ်။ အားလုံးက ကိုယ့်သိကျွမ်းရာ ကိုယ့်အစီအစဉ်နဲ့ ကိုယ် တိမ်းရှောင်ကြရတာပေါ့။ ရွာထဲရှိနေသေးတဲ့အမြောက်အများလည်း ကတုန်းကျင်းနဲ့သတိနဲ့ နေနေတယ်။ လို့ နမ့်ဖတ်ကာ ဒေသခံက ဆက်ပြောပါတယ်။

နမ့်ဖက်ကာစစ်တပ်စခန်းမှ ဒေသခံပြည်သူတချို့ကို တိမ်းရှောင်ဖို့ တိုက်တွန်းတဲ့ နောက်နေ့ ဒီဇင်ဘာ  ရက်နေ့မနက်ပိုင်းလည်း နမ့်ဖတ်ကာထဲက ရွာလူကြီးတွေကို ခေါ်ယူပြီး ကျေးရွာနဲ့ပတ်သက်ပြီး သတိပေးပြောဆိုခဲ့တာတွေရှိကြောင်းလည်း ဆက်လက်သိရပါတယ်။

“ ရွာလူကြီးတွေကိုခေါ်ယူပြီး တိမ်းရှောင်လို့ရတဲ့ သူတွေအားလုံး အမြန်တိမ်းရှောင်ကြဖို့ပြောတယ်တဲ့။ သူတို့လည်း ရွာသားတွေကို မကြည့်တော့ဘူး မငဲ့တော့ဘူး သေနတ်သံ ဘယ်ဘက်ကမြည်ရင် ဘယ်ဘယ်ကို လက်နက်ကြီးပစ်ခတ်မှာဖြစ်တာကြောင့် အမြန်တိမ်းရှောင်ကြဖို့ ပြောတယ်လို့ ဆိုတယ်။လို့ ပြောပါတယ်။

နမ့်ဖတ်ကာရွာထဲ ကျန်နေသေးတဲ့သူတွေကတော့ ထွက်ပြေးတိမ်းရှောင်ဖို့ နေရာအဆင်မပြေတဲ့သူတွေနဲ့ငွေကြေးခက်ခဲတဲ့မိသားစုအမြောက်အများ ကျန်ရှိနေတာဖြစ်ပြီး မိမိအသက်အန္တရာယ်သတိထားကာ နေနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ  ရက်နေ့က နမ့်ဖတ်ကာထဲက နေအိမ်  အိမ်ကိုလည်း စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးခဲ့ပြီး တအာင်းလူငယ်  ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ နမ့်ဖတ်ကာကျေးရွာမှာ ပုံမှန် အဖွဲ့ ၃၊  ဖွဲ့ ခွဲပြီး ကျေးရွာပတ် ပတ်လည် လုံခြုံရေးယူ လှည့်လည်သွားလာလှုပ်ရှားနေတဲ့အပြင် ရိက္ခာနဲ့ စစ်အင်အား ဖြည့်တင်းလျက်ရှိနေပြီး နမ့်ဖတ်ကာ၊ နမ့်ခိုင် လမ်းပိုင်းတစ်လျှောက် လမ်းသွား လမ်းလာ ပြည်သူတွေကို စစ်ဆေးတာတွေ တင်းကြပ်စွာလုပ်ဆောင်နေကြောင်း သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button