အင်တာဗျူး

နာဂလူမျိုးနဲ့ နာဂပြည်နယ်ကို ကာကွယ်သွားမယ့် ENNO/ENDA

၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးမှာ မြန်မာပြည်အနှံ့ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့အတူ လူမျိုးကိုအခြေခံတဲ့ တော်လှန်ရေးအဖွဲ့တွေလည်း ပေါ်ထွက်လာပါတယ်။ အဲဒီအထဲမှာ ကချင်နဲ့ စစ်ကိုင်းအထက်ပိုင်းဒေသတွေမှာ နေထိုင်တဲ့ နာဂလူမျိုးတွေအတွက် ENNO/ENNA ဆိုတဲ့ တော်လှန်ရေးအဖွဲ့တစ်ခုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အတူ လှုပ်ရှားနေပါတယ်။

စစ်ရေးဆိုင်ရာအကြောင်းအရာတွေကို ပြောဆိုဖို့ခက်ခဲနေပေမယ့် နိုင်ငံရေးဆိုင်ရာ ရပ်တည်ချက်တွေအကြောင်း အထွေထွေအတွင်းရေးမှူး တာဝန်ယူထားတဲ့  Eno Jimi Naga ကို KNG က မေးမြန်းထားပါတယ်။

မေးပထမဆုံး အဖွဲ့အစည်းနာမည်ကို အရင်မိတ်ဆက်ပေးပါ။

ဖြေကျနော်တို့က Eastern Naga National Organization (ENNO) အရှေ့နာဂအမျိုးသားအဖွဲ့အစည်း Eastern Naga Defence Army (ENDA) အ‌ရှေ့နာဂကာကွယ်ရေး တပ်မတော်ပါ။

မေးအရှေ့နာဂအမျိုသားအဖွဲ့အစည်း ENNO  အရှေ့နာဂကာကွယ်ရေးတပ်မတော် ENDA ရဲ့ ဝေါဟာရ စကားလုံးကို နာဂလူထုရော၊ပြည်သူတွေ နားလည်သဘောပေါက်လွယ်အောင်ဆိုရင် ဘယ်လိုအဓိပ္ပါတယ်ဖွင့်ဆိုနိုင်မလဲ။

ဖြေအရှေ့နာဂဆိုတာက မြန်မာပြည်နာဂပေါ့ အိန္ဒိယဘက်နဲ့ မဆိုင်ဘူး။ အဲတော့ မြန်မာပြည်မှာရှိတဲ့ နာဂအမျိုးသားအစိုးရဖြစ်ပြီး နာဂ တပ်မတော်ပေါ့။

မေးအဖွဲ့အစည်းတည်ထောင်တဲ့နေ့ နဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပေးပါအုံး။

ဖြေ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ စပြီးတည်ထောင်ပါတယ်။ ဖွဲ့စည်းတည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ မိမိတို့ အရှေ့နာဂဒေသ ကာကွယ်အုပ်ချုပ်သွားဖို့နဲ့ ဘုံရန်သူကိုလက်တွဲတူညီစွာတိုက်ခိုက်သွားပြီးတော့ စစ်ရေးအရ ခံယူချက်၊ ဦးတည်ချက်တူညီတဲ့ ညီအစ်ကိုယ်မဟာမိတ်များနဲ့ လက်တွဲဆောင်ရွက်သွားဖို့နဲ့ဆင်းသက်ပုံ သမိုင်းတူညီတဲ့ ညီအစ်ကိုများနဲ့ လက်တွဲပြီး နာဂလူမျိုးနဲ့ တိုင်းပြည်အတွက် ကြိုးစားလုပ်ဆောင်သွားဖို့အတွက် ရည်ရွယ်ထားပါတယ်။

မေးလိုတိုရှင်း အဖွဲ့ရဲ့ ရပ်တည်ချက်ဆိုရင် ဘာဖြစ်မလဲ။

ဖြေကျနော်တို့အဖွဲ့ရဲ့ ရပ်တည်ချက်လို့ပြောမယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီမူနဲ့ သွားပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲမှာ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတွင်း တိုင်းရင်းသားတွေ ဆုံးရှုံးထားတဲ့ရပိုင်ခွင့် ပြန်လည်ရယူဖို့နဲ့ နာဂလူမျိုးတွေ ဆုံးရှုံးခဲ့ရတဲ့အခွင့်အရေးကိုလည်း ပြန်လည်ရယူသွားဖို့ဖြစ်ပါတယ်။ ပြီးတော့ နာဂပြည်နယ် နာဂလူမျိုးတွေရှိပြီးသား ဒါကိုကျနော်တို့ ကာကွယ်သွားမယ်။

မေးနာဂမှာက နာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NSCN- K လည်းရှိနေပြီဆိုတော့ NSCN-K နဲ့ ENNO−ENDA ကဘာကွာခြားလဲ။

ဖြေအဖွဲ့ရဲ့ ကွာခြားချက်ကတော့ ကျနော်တို့က အရှေ့ နာဂပြည်နယ်အတွင်း Federal System (Eastern Nagaland) မူ ပုံစံဖြင့် သွားမှာဖြစ်သလို့ ယခုလက်ရှိ မြန်မာနိူင်ငံရဲ နိုင်ငံရေး အပြောင်းအလဲပေါ်အခြေခံပြီး ညီအစ်ကို မဟာမိတ်များနဲ့ လက်တွဲ့ ပူပေါင်း ဆောင်ရွက်သွားရန်ဖြစ်တယ်။ NSCN- K အဖွဲ့က Socialist (Leninist Marxist) မူကို ယနေ့တိုင် ကျင့်သုံးနေသေးတာကြောင့် အရှေ့နာပြည်သူ လူထုတွေရဲ့ အားပေး ထောက်ခံမူနည်းပါးလာခြင်းဖြစ်တယ်။ ဒါကြောင့် ယခု မိမိတို့ ENNO/ENDA ကိုဖွဲ့စည်း လာရခြင်းဖြစ်ပါတယ်။

မေးလက်ရှိ ENDA မှာ အင်အားဘယ်လောက်ထိရှိလာပြီလဲ။ ENDA ကိုကော နာဂပြည်သူတွေ အသိမှတ်ပြု လက်ခံနေပြီလား  လက်မခံသေးရင် ဘာကြောင့်လဲ၊ လက်ခံထားတာတွေရှိနေပြီဆိုရင် ဘယ်အတိုင်းအတာထိ လက်ခံနေကြပြီလဲ။

ဖြေ– ENNO/ENDA အဖွဲ့က အရှေ့နာဂပြည် (Eastern Nagaland) ကို လွမ်းခြုံ နိုင်တဲ့ အဖွဲ့အစည်းဖြစ်တယ်။ အရှေ့ နာဂပြည် (Eastern Nagaland) ဒေသများအားလုံး ENDA တပ်ရှိကြောင်း၊ ပြည်သူအများအားဖြင့် လက်ခံထားရှိသော အဖွဲ့ဖြစ်တယ်။ ရာခိုင်နူန်း အားဖြင့်ဆိုလျှင် 80% သောပြည်သူများက မိမိတို့အစိုးရကို သိရှိလက်ခံထားတယ်။ စစ်အင်အားကတော့ ခုလက်ရှိတည်ဆောက်ဆဲ ကာလဖြစ်ပါတယ်။

မေး– ENO/ENDA တည်ထောင်နေတဲ့ကာလတစ်လျှောက် ဘယ်အရာက အဓိကစိန်ခေါ်မှုတွေရှိနေလဲ။

ဖြေ– ENNO/ENDA အစိက စိန်ခေါ်မူက ဆက်သွယ်ရေး  ENNO အစိုးရ အသံမရောက်နိူင်ခြင်းနဲ့ အရှေ့နာဂပြည် မှာ ပြည်ပမှလာတဲ့ လူမူကယ်ဆယ်ရေး အဖွဲ့တွေနဲ့ မချိတ်ဆက်နိူင်တာတွေက စိန်ခေါ်မူကြီးဖြစ်ပါတယ်။

မေး – ENNO/ENDA တည်ထောင်ခြင်းအားဖြင့် နာဂလူမျိူးအတွက် ဘာကောင်းကျိုးတွေ ရှိလာနိုင်သလဲ။

နိူင်ငံရး၊ လူမူစီးပွားရေး၊ လူတစ်ဦးတစ်ယောက်အခွင့်အရေး၊ အကြီးမာဆုံးကတော့ နိူင်ငံရေးလွတ်လပ်‌ခွင့်နဲ အမျိုးသားရေးအကျိုးအမြတ်‌များဖြစ်ပါတယ်။

ENNO,ENDA နာဂလူထုရဲ့ ယုံကြည်မှုရအောင် ဘာတွေလုပ်ဆောင်သွားဖို့ရှိလဲ။

လက်ခံလာဖို့ဒေသနဲကိုက်ညီသောမူ ပေါ်လစီ၊ ပြည်သူလူထု လုံးပါဝင်နိူင်သော မူဘောင်၊ ပြည်သူဆဒကိုအသာပေးစိစစ်လုပ်ဆောင်မူမျိုးကိုလုပ်ဆောင်သွားမှာပါ။

မေးဖြည့်စွပ်ပြောချင်တာရှိလား။

မရှိပါဘူး။

By – Zami

Show More

Related Articles

Back to top button