စစ်ပြေးဒုက္ခသည်များသတင်း

ရွှေညောင်ပင်စစ်ရှောင်တွေ သတ်မှတ်ပေးထားတဲ့နေရာမှာ ပြောင်းရွေ့ဖို့ပြင်ဆင်

ဝိုင်းမော်မြို့နယ် အောင်မြေ ()ကျေးရွာက ကချင်နှစ်ခြင်းအသင်းတော် KBC မှာ လာရောက်ခိုလှုံနေကြတဲ့ ရွှေညောင်ပင်စစ်ရှောင်တွေဟာ စစ်ရှောင်တွေအတွက် သတ်မှတ်ထားတဲ့နေရာကို ပြောင်းရွှေ့နေထိုင်ဖို့ ပြင်ဆင်နေပြီလို့ ရွှေညောင်ပင်စစ်ရှောင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်ကစပြီး ရွှေညောင်ပင် ခလရ ၃၂၁ စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က လာရောက်ပစ်ခတ်ပြီးနောက် စစ်ရေးတင်းမာလာတဲ့အတွက် ဒေသခံပြည်သူတွေဟာ ရွှေညောင်ပင်ကနေ အောင်မြေ (၁) KBC ဘုရားကျောင်းဝန်းထဲ ခိုလှုံနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် ရွှေညောင်ကျေးရွာတစ်ဝိုက် စစ်ရေးတင်းမာနေတာဟာ ရေရှည်ဖြစ်လာနိုင်တဲ့အတွက်  စစ်ရှောင်တွေအတွက် သတ်မှတ်ပေးထားတဲ့နေရာမှာ ပြောင်းရွေ့နေထိုင်တော့မှာဖြစ်တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

အခုလောလောဆယ်တော့ ဘုရားကျောင်းဝန်းထဲမှာဘဲ နေနေသေးပေမဲ့ အခု တစ်ပတ် ၄/၅ ရက်လောက်ဆိုရင်တော့ စစ်ရှောင်နေရာဆိုပြီး သတ်မှတ်ထားတဲ့ နေရာဘက်ကို ပြောင်းတော့မှာရှိတယ်လို့ပြောပါတယ်။

ခုပြောင်းရွေ့မဲ့နေရာဟာ အောင်မြင် ၁ ရွာက စစ်ရှောင်တွေအတွက် သတ်မှတ်ထားတဲ့နေရာဖြစ်ပြီး လက်ရှိနမ်ဆန်ယန်စစ်ရှောင်တွေ ခိုလှုံနေတဲ့  ပြောင်းရွှေ့မှာလို့ သူကဆက်ပြောပါတယ်။

ရွှေညောင်ပင်ကျေးရွာဟာ ဝိုင်းမော်နမ်ဆန်ယန်သွားတဲ့ လမ်းမပေါ်မှာရှိပြီး စစ်တပ်နဲ့အတူ လက်အောက်ခံ ပြည်သူ့စစ်တွေအထိုင်ချပြီး စစ်ရေးလှုပ်ရှားတဲ့နေရာလည်း ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိချိန်ထိ ဒေသခံတွေဟာ စစ်ရေးအခြေအနေတွေကြောင့် နေရပ်ကို မပြန်နိုင်သေးဘူးလို့ ဆက်ပြောပါတယ်။

အခုလောလောဆယ်တော့ ဟိုမှာ စစ်တော့မဖြစ်ဘူး ဒါပေမဲ့ နေရာတကာ စိမ်းစိမ်းတွေကြီးဘဲ လျှောက်သွားနေတာလေ၊ ဘယ်နေရာမှာကတော့ မလုံခြုံပါဘူး ဒါပေမဲ့ ဟိုမှာထက်စာရင်တော့ ဒီမှာက ပိုပြီး အဆင်ပြေတယ်လို့တော့ရှိတာပေါ့၊ အဲ့တာကြောင့် ဒီမှာဘဲ ဆက်နေနေကြတာလို့ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွှေညောင်ပင်ဒေသခံတွေဟာ လူဦးရေ အယောက် ၅၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင် ရွှေညောင်ပင်ကျေးရွာတွင်း စစ်ရေးမတည်ငြိမ်မှုအပြင် နေအိမ်ထွင်းဖောက်ခံရတာလည်းများတာကြောင့် အိမ်စောင့်အဖြစ်အမျိုးသားများကကျန်နေပြီး တစ်အိမ်တည်းမှာစုကာ ကင်းစောင့်ရတဲ့အထိ အခြေနေဆိုးရွားနေတာလို့လည်း သိရပါတယ်

By – Bu Bu

Show More

Related Articles

Back to top button