သတင်း

ကောင်ရွန်ရွာမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစတင်နေပြီလို့ဆို

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကောင်ရွန်(Gawngrun)ရွာမှ မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးကို စတင်နေပြီဖြစ်တယ်လို့ လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးတာဝန်ခံတွေဆီကနေ သိရပါတယ်။

လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို ၂၀၂၂ ဒီဇင်ဘာလမှာ စပြီးဖွဲ့စည်းခဲ့ပေမယ့်လည်း၂၀၂၃ နိုဝင်ဘာလမှ ဖမ်းဆီးအရေးယူမှုတွေကို ပိုပြီးထိထိ‌ ရောက်ရောက် လုပ်ဆောင်လာနိုင်တာဖြစ်တယ်လို့ လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးတာဝန်ခံက ပြောပါတယ်။

ကျွန်တော်တို့ဆီမှာတော့ သုံးစွဲတဲ့သူတွေများလာတယ် လူကြီးလူငယ်မရွေးပေါ့။ ဒီမူးယစ်ဆေးကိုဘဲ စွဲလန်းနေတော့ ကျွန်တော်တို့ရဲ့ဒေသမှာ ဖွံ့ဖြိုးရေးနောက်ကျလာတယ်။ အဲကြောင့် မူးယစ်ဆေးဝါးတွေကိုတက်နိုင်သလောက်ကင်းရှင်းအောင် လုပ်ကြစို့လို့တွေးထားတာပေါ့လို့ ဆိုပါတယ်။

ကောင်ရွန်ကျေးရွာမှာ ကချင်တိုင်းရင်းသားတွေအပြင် ညီနောင်ရှမ်းလူမျိုးတွေနဲ့ အတူနေထိုင်ပြီး အိမ်ခြေ ၃၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ပြောပါတယ်။

အဲဒီထဲမှာမှ အများစုကတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေပြုလုပ်နေသူတွေပါဝင်နေတယ်လို့သိရပါတယ်။

ဒါကြောင့် ၂၀၂၃ နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ ငွေကျပ်တန်ဖိုး သိန်း၂၀ ကျပ်ရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေ ပြုလုပ်နေတဲ့ လူ ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖတက်ရေးတာဝန်ခံက ဆက်ပြောပါတယ်။

သူတို့ကလည်း အရမ်းကိုလည်တဲ့အတွက်ကြောင့်မို့ ဖမ်းနိုင်ဖို့အတွက် အချိန်တော်တော်ပေးလိုက်ရတယ် မနက်၃နာရီဝန်းကျင်လောက်မှာ အိမ်မှာသွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ လူ ၄ ဦးထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး ၃ဦးပါဝင်ပြီး အဲဒီထဲက ရွှေထွန်းဆိုတဲ့ အမျိုးသားကတော့ ရှမ်းပြည်ကနေ မူးယစ်ဆေးဝါးတွေကိုသယ်ဆောင်လာပြီး ကောင်ရွန်ဒေသတစ်ဝိုက်ကိုဖြန့်ဖြူးရောင်းချနေတဲ့သူဖြစ်တယ်လို့ သူကဆိုပါတယ်။

လက်ရှိဖမ်းဆီးးရမိတဲ့သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အို KIO လက်အောက်က တရားရုံးကိုပို့ဆောင်ထားပြီး KIO အစိုးရအောက် တရားစီရင်ရေးဌနကနေ ပြစ်ဒဏ်စီရင်မှာဖြစ်တယ်လို့ ပြောပါတယ်။

ဒါအပြင် ကောင်ရွန်ဒေသ လူထုမူးယစ်ဆေးဝါး တိုက်ဖြတ်ရေးအဖွဲ့ဟာ KIO အစိုးရ ညွှန်ကြားချက်နဲ့ အောက်ချောင်းနယ်မြေဒေသတွေ ဖြစ်တဲ့ ကောင်ရွန်၊ နမ်ခမ်၊ ဂျယ်အိုနဲ့ ဗန်းမော်ဒေသတစ်လျှောက်က မူးယစ်ဆေးဝါး တိုက်ဖြတ်ရေးလုပ်ငန်းစဉ်တွေကို တာဝန်ယူဆောင်ရွက်နေပြီလို့ သိရပါတယ်။

ကောင်ရွန်ကျေးရွာကတော့ ဗန်းမော်ခရိုင် မံစီမြို့ နယ်မှာလည်းပါဝင်ပြီး ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် အစပ်နားမှာတည်ရှိကာ ကေအိုင်အေ KIA တပ်ရင်း ၁၂ နယ်မြေလည်းဖြစ်ပါတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ထုတ်မှု အများဆုံး‌ ရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးက စိုက်ပျိုးမှုနှုန်း ၈၈ ရာခိုင်နှုန်းက ရှမ်းပြည်နယ်က ဖြစ်တယ်လို့ UNODE မှာဖော်ပြထားပါတယ်။

အဲဒီနောက်မှာတော့ ကချင်နဲ့ချင်းပြည်နယ်တို့က အများဆုံးစိုက်ပျိုးပြီး UNODC ရဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

By – hope

Show More

Related Articles

Back to top button