ဖမ်းဆီးခံရမှုသတင်း

စစ်တပ်က ဖမ်းဆီးထားသူတွေတစ်ချို့ ပြန်လည်လွတ်မြောက်

ဗန်းမော်မြို့မှာ စစ်‌ကောင်စီတပ်ဘက်က အကြောင်းမဲ့ ဖမ်းဆီခေါ်ဆောင်သွားတဲ့ အရပ်သား ၁၀၀ ဝန်းကျင်ထဲက တစ်ချို့ကို ပြန်ပြီးလွတ်ပေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းမှာ ဗန်းမော်မြို့ ကမ်းနားတစ်လျှောက် ဈေးရောင်းနေတဲ့ဈေးသည်တွေအပါအဝင် လမ်းတစ်လျောက်မှာရှိနေတဲ့ အရပ်သားပြည်သူ ၁၀၀ ဝန်းကျင်ကို စစ်တပ်ကအင်အားအလုံးအရင်းသုံးပြီး ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက် သုံးရက်ကြာ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ၁၉ ယောက်လွတ်ပေးခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်မှာ နောက်ထပ်တစ်သုတ်ပြန်လွတ်ပေးခဲ့ပေမယ့် လူဦးရေတိတိကျကျ မသိရ‌သေးဘူးလို့ ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

ကျွန်တော်တို့လည်း နောက်ဒုတိယအသုတ်ကျတော့ မသိတော့ဘူး၊ လွတ်လာတာတော့ဟုတ်တယ်။ ကျွန်တော်တို့ကိုလည်း လွတ်လာတဲ့သူတွေက အိပ်ပြန်ရောက်ပြီ ဆိုပြီးတော့ ပြောတာတော့ရှိတယ်၊ ဘယ်နှစ်ယောက်လွတ်ပေးသလဲဆိုတာတော့ မသိရဘူးလို့ဆိုပါတယ်။

ဖမ်းဆီးသွားတဲ့သူတွေကို ဗန်းမော်မြို့ စကခ ၂၁ တပ်မှာရှိတဲ့ အဆောင်နေရာ၊ လက်ရုံးတပ်နဲ့ ထောက်ပို့တပ်တွေမှာအဖွဲ့ခွဲပြီး ချုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်က ဖမ်းဆီးထားတဲ့ အရပ်သား‌တစ်ချို့ကို ပြန်ပြီးလွတ်ပေးနေပေမယ့် တစ်ဖက်မှာ စစ်ဆေးတာတွေ ဆက်လက်ဖမ်းဆီးတာ‌တွေလုပ်ဆောင်‌နေသေးတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

လမ်းတွေမှာ တစ်ချို့ သံသယရှိတာမျိုးတွေဆိုမေးတယ် ပြီးတော့ ဗန်းမော်မြို့ရဲ့ မျက်နှာချင်း ရေလယ်ကျွန်းမှာလည်း ၁/ဗမန မဟုတ်တဲ့ သူတွေကို ဖမ်းသွားတာလည်း ရှိတယ်။ သူတို့က အဲ့လို ပြောက်ကြားပြောက်ကြားဖမ်းတော့ ဒေသခံတွေကလည်း ဘယ်သူတွေပါသွားလဲ ဘယ်နှစ်ယောက်လည်း ဆိုတာ မသိနိုင်ဘူးလို့ ပြောပါတယ်။

လက်ရှိချိန်ထိ ဖမ်ဆီးခံရသူအရေအတွက်များလွန်းတာကြောင့် မည်သူမည်ဝါ ဖမ်းခံရတယ်ဆိုတာကို အသေးစိတ်သိရှိရဖို့ခက်ခဲနေတယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲတဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ ကချင်လွတ်လပ်ရေးတပ်မတော်ဘက်ကနေ မန်ဝိန်းကြီးကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ဗန်းမော်မြို့မှာလည်း မြို့သိမ်းတိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် စစ်တပ်ဘက် စစ်ရေးလှုပ်ရှားတာတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button