သတင်း

စစ်အာဏာရှင်အမြစ်ပြတ်ရေး ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် လီဆူလူငယ်အဖွဲ့ ဖွဲ့စည်း

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် လီဆူလူငယ်အစည်း အရုံး ( Lisu Youth Congress- LYC) ကို ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာပဲ လီဆူလူငယ်အစည်းအရုံးရဲ့ ဖေ့ဘုတ်စ်စာမျက်နှာက ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီအဖွဲ့အစည်းထဲမှာတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ ပြည်တွင်း၊ ပြည်ပ က တက်ကြွလှုပ်ရှားသူလီဆူလူငယ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး လီဆူလူငယ်အစည်းအရုံး ဖွဲ့စည်း ရတဲ့ ရည်ရွယ်ချက်ကို လီဆူလူငယ်အစည်းအရုံး (LYC) က အထွေထွေအတွင်းရေးမှူးက အခုလို ပြောပါတယ်။

ကျနော်တို့လုပ်ဆောင်မှာက အဓိကတော့ အကြမ်းမဖက်တဲ့နိုင်ငံရေးနည်းနာတွေနဲ့ စစ်အာဏာ ရှင်ကိုအမြစ်ပြတ်တော်လှန်မယ်၊ လူမျိုးကြီးဝါဒတွေကိုတိုက်ဖျက်မယ် ပြည်သူလူထု တွေကို ဂုတ်သွေးစုပ်နေတဲ့ အရင်းရှင်စနစ်ကိုတိုက်ဖျက်မယ် ပြီးရင် ကျနော်တို့ကို လူမျိုးရေး၊ ဘာသာရေး အရ ခွဲခြား မှုတွေကိုတိုက်ဖျက်ဖို့ နဲ့ လီဆူလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသင့်ရှိထိုက်တဲ့ ကျနော်တို့ရဲ့ အခွင့်အရေးတွေကို အပြည့်အဝ ရရှိဖို့လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတစ်ဝှမ်း ဒေသအစုံက လီဆူလူငယ်တွေ၊ လီဆူပြည်သူလူထုရဲ့ ဆန္ဒကို နားစွင့် ပြီး လီဆူလူထုကိုကိုယ်စားပြုနိုင်ဖို့လည်းရည်ရွယ်သလို သဘောထားတူညီတဲ့ နိုင်ငံရေးအဖွဲ့အစည်း တွေ တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီးတော့ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ဆောင်သွား မယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိ လီဆူလူငယ်အစည်းအရုံး( LYC ) အဖွဲ့အစည်းထဲမှာတော့ ကချင်ပြည်နယ်၊ ရှမ်းပြည် တောင်ပိုင်း၊မြောက်ပိုင်းနဲ့ နိုင်ငံတစ်ဝှမ်းက လီဆူလူငယ်တွေအပါအဝင် ပြည်ပက လီဆူလူငယ် တွေနဲ့ဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ဖက်မှာ လီဆူလူငယ်တွေအနေနဲ့လည်း နိုင်ငံရေးနယ်ပယ်တွေမှာ ပိုမိုပါဝင်လာဖို့ တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်သလို လီဆူလူငယ်တွေအနေနဲ့လည်း အတူပါဝင် ကြဖို့ လီဆူလူငယ်အစည်းအရုံး (LYC) က အထွေထွေအတွင်းရေးမှူးက တိုက်တွန်းပါတယ်။

ကျနော်တို့မှာ လီဆူလူမျိုးတွေရဲ့ အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် တွေကို ကိုယ့်လူမျိုးအတွက် ကိုယ်တိုင်ပဲလုပ်ရမှာဖြစ်တယ် ဒါ့ကြောင်မို့ လီဆူလူငယ်တွေ နိုင်ငံရေးနယ်ပယ်မှာပိုမိုပါဝင်လာဖို့ စိတ်အားထက်သန်လာဖို့ ဒီအရာကို ကိုယ်ကိုယ်တိုင်ပဲကြိုးစားရမှာဖြစ်တယ်လို့ပြောချင်တယ် ဒီအဖွဲ့ကလည်း လီဆူလူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့အခွင့်အရေးအတွက်ပါ လုပ်သွားမှာ မလို့ လီဆူလူငယ်တွေလည်းပါဝင်လာဖို့ ဖိတ်ခေါ်ချင်ပါတယ်။လို့ပြောပါတယ်။

အဆိုပါ လီဆူလူငယ်အစည်းအရုံးဖွဲ့စည်းဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်ကောင်စီတပ်က အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကစပြီး ဒီအဖွဲ့ကိုဖွဲ့စည်းဖို့ကြိုးစားခဲ့ကြတာဖြစ်ပြီး ရှုပ်ထွေးလာတဲ့ နိုင်ငံရေး အခြေနေတွေကြောင့် ၂၀၂၃ ဒီဇင်ဘာလ ၄ ရက်နေ့မှ တရားဝင်ဖွဲ့စည်းနိုင်ခဲ့ရာ ဒီကနေ့မှ တရားဝင် ထုတ်ပြန်ခြင်းဖြစ်တယ်လို့ လီဆူလူငယ်အစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button