သတင်း

တော်လှန်ရေးအဖွဲ့ ၉ ဖွဲ့ပါဝင်တဲ့ ပြည်သူ့ညီညွှတ်ရေးတပ်ဦးဖွဲ့စည်းကြောင်းကြေညာ

စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ဖို့အတွက် တော်လှန်ရေးအင်အားစု ၉ ဖွဲ့ပါဝင်တဲ့ ပြည်သူ့ညီညွှတ်ရေးတပ်ဦး ကို ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာပဲ People’s United Front ဖေ့စ်ဘုတ်စာမျက်နှာကတစ်ဆင့် ထုတ်ပြန်လာပါတယ်။

တော်လှန်ရေးကာလ ၃ နှစ်ပြည့်လာသည်နှင့်အမျှ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ လူမျိုးစုအားလုံး ပါဝင်တဲ့ ညီညွှတ်ရေးတပ်ပေါင်း စုကြီးပေါ်ပေါက်ဖို့ လိုအပ်လာသလို ပြည်သူ့ညီညွှတ်ရေး တပ်ဦး ဖွဲ့စည်းရတဲ့အကြောင်းကို ပြည်သူ့ညီညွှတ်ရေးတပ်ဦးရဲ့ ပြောရေး ဆိုခွင့်ရှိသူ ကိုရောင်နီက အခုလို ပြောပါတယ်။

ကျနော်တို့ နွေဦးတော်လှန်ရေးမှာ ကြုံတွေ့ နေရတဲ့အရာက တစ်ဦးတစ်ဖွဲ့ထဲကပဲ တော်လှန်ရေး မှာ ဟိုတစ်ဖွဲ့ဒီတစ်ဖွဲ့ဆောင်ရွက်နေလို့ မဖြစ်ဘူး စစ်အာရှင်ကိုဆန့်ကျင်တဲ့ တပ်ပေါင်းစုတစ်ခုကို မဖြစ်မနေ ဖွဲ့စည်း ဖို့ လိုတယ်ဆိုတဲ့  လူထုရဲ့တောင်းဆိုချက်နဲ့ သမိုင်းဆိုင်ရာနိုင်ငံရေးတာဝန်အရ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်လို့ပြောပါတယ်။

ဒါ့အပြင် ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကို တော်လှန်ဖို့ ဘယ်အဖွဲ့အစည်းနဲ့မဆို လက်တွဲပူးပေါင်း ပြီး စစ်အာဏာရှင်စနစ် စစ်သုံးစစ်အပြီးတိုင်ဖျက်သိမ်းရေး၊ လူမျိုးပေါင်းစုံလူထုတစ်ရပ်လုံး လုံးဝလွတ်မြောက်ရေး နဲ့ တော်လှန်ရေးအဖွဲ့အားလုံး သွေးစည်း ညီညွှတ်ရေးအတွက် လုပ်ဆောင် သွားမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီအဖွဲ့အစည်းထဲမှာတော့ နွေဦးတော်လှန်ရေးစတင်ကတည်းက ပါဝင်လာကြတဲ့ လူငယ်နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ လူမျိုးစုလူငယ်များ၊   ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းများနဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ Local PDFs များ၊ CDM အဖွဲ့အစည်းများ၊ လူငယ်တော်လှန်ရေးအဖွဲ့ အစည်းအားလုံးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်သူ့ညီညွှတ်ရေးတပ်ဦးအနေနဲ့ ဧရာဝတီမြစ်ဝှမ်းနဲ့ မြစ်ဝှမ်းလွင်ပြင်တလျှောက်မှာ စစ်ရေး လှုပ်ရှားမှုတွေလုပ်ဆောင်သွားမှာဖြစ်သလို ဘယ်မြို့၊ ဘယ်ဒေသဆိုတာကိုတော့ မကြာခင် မှာထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button