သတင်း

မြစ်ကြီးနား လေယာဉ် ခရီးစဉ်တွေ ရပ်နား

မြစ်ကြီးနားမြို့ တစ်ဖက်ကမ်းမှာ တိုက်ပွဲဖြစ်ပွားနေချိန်  မြစ်ကြီးနားမြို့ လေယာဉ်ခရီးစဉ်တွေကို ပိတ်လိုက်တယ်လို့ သိရပါတယ်။

မတ်လ ၉ ရက်နေ့ ဒီကနေ့ မွန်းလွှဲပိုင်းမှာ လေယာဉ်ခရီးစဉ်တွေ ရပ်နားမယ့်အကြောင်း လေကြောင်းတာဝန်ရှိသူတွေက အသိပေးလာတယ်လို့ မြစ်ကြီးနားရန်ကုန် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတစ်ခုက တာဝန်ရှိသူ အမျိုးသားတစ်ဦးထံက KNG ကို ပြောပါတယ်။

ကျွန်တော်တို့ဘက်ကို အကြောင်းလာတာက နေလည် ၁နာရီလောက်မှ ဟုတ်တယ်၊ ကျွန်တော်ဆီက လေယာဉ်လက်မှတ် ဝယ်ထားတဲ့ တစ်ချို့ဆို ဒီနေ့ စီးမဲ့သူတွေပါတယ်လေ၊ သူတို့တောင် လေဆိပ်မှာ အကုန်လုပ်ပြီး လေယာဉ်စောင့်နေတဲ့ချိန်မှာအခုလို ဖြစ်လာတော့ အကုန် ရုတ်ရုတ်ဖြစ်ကုန်တာပေါ့လို့ ပြောပါတယ်။

အခုလို လေကြောင်းခရီးစဉ်တွေ ပိတ်လိုက်ရတဲ့အကြောင်းရင်းကို တိတိကျကျ ပြောဆိုတာမျိုး မရှိသေးဘူးလို့ သူက ပြောပါတယ်။

မြစ်ကြီးနားမြို့ရှိ နောက်ထပ် လေယာဉ်လက်မှတ်အရောင်းဌာနက တာဝန်ရှိသူတစ်ယောက်က “လေယာဉ်တွေက မြစ်ကြီးနားမှာ မရှိနေတော့ ကျွန်တော်တို့ ဒီမြစ်ကြီးနားက ခရီးသည်တွေတင်ဖို့က ရန်ကုန်က လာတယ်၊ မန္တလေးက လာပြီး တင်ရတာဆိုတော့ အခုက အဲ့ဒီလေယာဉ်တွေ မြစ်ကြီးနားကို လာလို့မရဘူးတဲ့ မလာရဲကြဘူးတဲ့ ၊ အခုက သတင်းတွေက အမျိုးမျိုး‌ထွက်နေတော့ ကျွန်တော်တို့လည်း သေချာဂဂနန‌တော့ မသိဘူးလို့ ပြောပါတယ်။

လေကြောင်းခရီးစဉ်တွေ ဘယ်ရက်မှာ ပြန်ဖွင့်မယ်ဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

ကချင်ပြည်နယ် ဧရာဝတီအရှေ့ဖက်ခြမ်း ဝိုင်းမော်မြို့နယ်ကနေ မိုးမောက်မြို့နယ်အထိ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး ဝိုင်းမော်မြို့အနီးထိ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button