သတင်း

မချမ်းဘော့မှာ ၅ နှစ်ကြာတပ်စွဲခဲ့တဲ့အလန်ဂါးတပ်စခန်းမှ စစ်သားများစခန်းစွန့်ခွာ

ကချင်ပြည်နယ် မချမ်းဘော့မြို့နယ် အလန်ဂါးကျေးရွာမှာ  နှစ်ကြားတပ်စွဲနေထိုင်ခဲ့တဲ့ အလန်ဂါးစခန်းထဲက စစ်သားများစခန်းဆုတ်ခွာသွားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မချမ်းဘော့မြို့နယ် အလန်ဂါးကျေးရွာမှာ   ၂၀၁၈ ခုနှစ်ကတည်းကတပ်စွဲနေထိုင်ခဲ့တဲ့ ခလရ ၁၃၇ တပ်ထဲက စစ်ကောင်စီစစ်သားတွေဟာ မတ်လ ၂၄ ရက်နေ့ မနေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ စခန်းကိုစွန့်ခွာသွားကြတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

အလန်ဂါးကတော့ ပြီးသွားပြီ လာတိုက်စရာတောင်မလိုဘူး အားလုံးထွက်ပြေးသွားပြီ သူတို့စခန်းကိုတော့ မီးရှို့တာတော့မလုပ်သွားဘူး ဒီတိုင်းဆုတ်သွားတာ ဘာမှကိုမချန်ထားဘူး ကြက်၊ဝက်ကအစအကုန်သယ်သွားတယ်တဲ့သေချာသွားပြီလို့ ပြောပါတယ်။

အဲ့ဒီအလန်ဂါးကျေးရွာက ခလရ ၁၃၇ အထိုင်တပ်ဟာ မချမ်းဘော့မြို့နဲ့ ၁၀ မိုင်ကျော်ဝေးပြီး ပုံမှန် အင် အား ၄၀ ဝန်းကျင်လောက်တာရှိတာဖြစ်ရှိတဲ့တပ်စခန်းလို့သိရပါတယ်။ အခုလိုစစ်ကောင်စီစစ်သားတွေစခန်းစွန့်ခွာသွားတဲ့အတွက် ဒေသခံတွေအနေနဲ့ စစ်ရေးနှင့် လုံခြုံရေး စ်ိုးရိမ်စရာမလိုတော့ကြောင်းလည်း ဒေသခံတွေကဆိုပါတယ်။

သူတို့ဆုတ်ခွာသွားတော့ အလန်ဂါးရွာသားတွေအတွက်ကောင်းတာပေါ့ မဟုတ်ရင် ဒီဘက်ကလာတိုက်တဲ့အခါ စစ်သားတွေက ရွာသားတွေကိုဖိနှိပ်တာတွေလုပ်အုံးမှာပြီးတော့ အဲ့စခန်းက မချမ်းဘော့ နောင်မွန်လမ်းပိုင်းမှာရှိတာလေး တခါတလေ ခရီးသွားတွေအတွက်လည်းအဆင်မပြေဘူး အခုတော့အဲ့နားကသွားရလာရ အဆင်ပြေသွားတာပေါ့လို့ ဒေသခံတစ်ဦးပြောပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ်မှာ မတ်လ  ရက်နေ့ကစပြီး စစ်တပ်ရဲ့ ရှေ့တန်းစခန်းငယ်အချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့အပြင် ဆွမ်ပရာဘွမ်မြို့ပေါ်ရဲစခန်းတွေကိုလည်း သိမ်းပိုက်ထားနိုင်ပြီး လက်ရှိမှာတော့ မြို့တွင်းတပ်ဖြစ်တဲ့ ခလရ ၄၆ တပ်ရင်းကိုတော့ စခန်းသိမ်းတိုက်ပွဲဆင်နွဲနေဆဲဖြစ်တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါနတယ်။

အခုလိုစခန်းသိမ်းတိုက်ပွဲပြင်းထန်နေတဲ့အတွက် စစ်တပ်ရဲ့ ခလရ ၄၆ တပ်ဟာတပ်ထဲမှာ စစ်လက်နက်အင်အားနဲ့ စစ်သားအင်အားတွေဆက်တိုက်ဖြည့်တင်းနေပြီး အလန်ဂါးက စွန့်ခွာသွားတဲ့စစ်သားတွေကလည်း  ခလရ ၄၆ တပ်ထဲ အင်အားသွားရောက်ဖြည့်တင်းထားတယ်လို့  သိရပါတယ်။ 

၄၆ တပ်က အခုအင်အားတွေအတော်ဖြည့်နေတယ်နော် ဟိုနေ့ကလည်း ကား  စီးစာ လက်နက်ခဲရမ်းတွေ အပြည့်လာပို့သွားတယ် လာချတာက လေယာဥ်နဲ့လာချသွားတာ လေဆိပ်မှာရောက်တဲ့ချိန်မြင်ခဲ့တယ်။ ကား  စီးနဲ့ ဗုံးသီးတွေကော လက်နက်ကြီးတွေကော အများကြီးပဲတင်သွားတယ်တပ်ထဲမှာလို့ ပူတာအိုမြို့နေ အခြားဒေသခံတစ်ဦးကပြောပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ တုန်းကလည်း မချမ်းဘော့မြို့နယ် အင်ခါဂါးကျေးရွာမှာ တပ်စွဲခဲ့တဲ့ အင်အား ၅၀ ကျော်ပါတဲ့စစ်ကောင်စီစစ်သားတွေဟာ စခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့တာလည်း ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button