သတင်း

ကလေးမြို့နယ်မှာ ၂ လအတွင်းအရပ်သား ၈၀ သေဆုံး၊ အမျိုးသမီးအများဆုံးပါဝင်

တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာ  လကျော်အတွင်း အရပ်သား ၈၀ သေဆုံးခဲ့ပြီး အဲ့ဒီထဲမှာအမျိုးသမီးသေဆုံးမှုကအများဆုံးဖြစ်တယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ ဧပြီလပထမအပတ်အထိ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး သေဆုံးခဲ့သူတွေထဲအသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

အရပ်သားပြည်သူတွေရှောင်တိမ်းရင်းနဲ့ ထိခိုက်သေဆုံးမှုတွေကနေ့စဥ်နဲ့အမျှဖြစ်တယ် လက်နက်ကြီး ကြောင့်ရော စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ဒရုန်းကြောင့်ရော ဖမ်းဆီးသွားပြီးသတ်ဖြတ်ခံရတဲ့ အနေ အထားပေါ့နော် အဲ့ဒီထဲမှာ ၆၅ % က အမျိုးသမီး၊ ၁၅ % က အမျိုးသား၊ ကျန်တဲ့ ၂၀ % က လူငယ်နဲ့ ကလေးသူငယ်တွေဖြစ်တယ် လို့ပြောပါတယ်။

ဒီသေဆုံးမှုတွေဟာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး ကလေးမြို့နယ် မြောက်ပိုင်း၊တောင်ပိုင်း နဲ့ ကလေးမြို့ပေါ်က အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကလေးမြို့နယ်အတွင်း တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က ပြည်သူ့စစ်တွေနဲ့ပါပေါင်းပြီး အင်အားအလုံးအရင်းနဲ့စစ်ကြောင်း တွေထိုးနေတယ်လို့ ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့ဆီကသိရပါတယ်။

စစ်ကောင်စီဘက်က ကလေးမြောက်ပိုင်းကို နယ်မြေစိုးမိုးမှုရဖို့အတွက်ထိုးစစ်ဆင်နေတဲ့အနေအထား ရှိပါတယ် ပြီးတော့ ကလေးတောင်ပိုင်းမှာလည်း စစ်ကောင်စီရဲ့လက်ပါးစေတွေဖြစ်တဲ့ ပျူစောထီးတွေ နဲ့ ညှပ်ပြီးတော့ အနည်းဆုံးစစ်မျက်နှာ  ခုလောက်ရှိတယ်ဗျလို့ ကလေးမြို့လူထု တိုက်ပွဲဦးဆောင်ကော်မတီအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီတပ်ရဲ့လုပ်ရက်တွေကြောင့် အရပ်သားတွေ နေ့စဥ်သေဆုံးနေရပြီး အဲ့ဒီ ဖြစ်စဥ်တွေကိုလည်း ပြည်တွင်းပြည်ပက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေ ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဆောင်ပေးဖို့ ဒေသခံတွေကတောင်းဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း အရပ်သားတွေသေဆုံးမှုတွေကလည်းများပြားသလို အရပ်သားနေအိမ်၊ အဆောက်အဦးတွေနဲ့ ဘာသာရေးအဆောက် အအုံတွေလည်းပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတစ်ဝှမ်းမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲအရှိန်တွေက ဆက်တိုက်မြှင့်တက်နေပြီး ပြီးခဲ့တဲ့ ဧပြီလ  ရက်နေ့ကနေ ၁၁ ရက်နေ့အထိကို အမျိုးသမီး ၁၂ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button