သတင်း

ဒုဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာ(Wang Hkang Aung Seng La) စစ်ဦးစီးချုပ်ဖြစ်လာ

ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ရုတ်ချောင်ခေါင်လွမ်း(Qukhkyawng Hkawng Lum) ကွယ်လွန်သွားပြီးနောက် စစ်ဦးစီးချုပ်တာဝန်ကို ဒုစစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ဝမ်းခန့်အောင်ဆိုင်းလာ (WangHkang Aung Seng La) ကို ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

ဒုတိယစစ်ဦးစီးချုပ်()နေရာမှာ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ဝမ်းခန့် အောင်ဆိုင်းလာကို ဒုဗိုလ်ချုပ်ကြီးအဖြစ် စစ်ဦးစီးချုပ်နေရာကို တိုးမြင့်ခန့်လိုက်တာ ဖြစ်ပါတယ်။

KIA ရဲ့ စစ်ဦးစီးချုပ် တာဝန်ခန့်အပ်မှုမှာ စစ်ဦးချုပ်၊ ဒုစစ်ဦးစီးချုပ်(နဲ့ ဒုစစ်ဦးစီးချုပ်(ဆိုပြီး ခန့်အပ်လေ့ရှိပေမယ့် လက်ရှိမှာတော့ ဒုစစ်ဦးစီးချုပ်(ဗိုလ်ချုပ် ဝမ်းခန့်အောင်ဆိုင်းလာကို စစ်ဦးစီးချုပ်ရာထူး တိုးမြင့်ပေးလိုက်ပြီး ယခင် ဒု စစ်ဦးစီချုပ် (ကို ဒုစစ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ဦးစီးချုပ်အသစ်ဖြစ်လာတဲ့ ဒုဗိုလ်ချုပ်ကြီး ဝမ်ခန့်အောင်ဆိုင်းလာဟာ မန္တလေးတက္ကသိုလ်ကနေ ဘွဲ့ရတစ်ဦးဖြစ်ပြီးတော့၁၉၈၅ ခုနှစ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ နမ်ဗျူ(နမ့်ခမ်ကျေးရွာတွေမှာ ကျောင်းဆရာတာဝန်ထမ်းဆောင်ရင်းနဲ့ KIA တပ်ထဲ ဝင်ရောက်လာသူဖြစ်ပါတယ်။ ဒါ့အပြင် တပ်ပိုင်းဆိုင်ရာမှာလည်း ကျွမ်းကျင်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာ ဟာ ကာရာတေးပညာရပ်ကို ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့အပြင် အရင်က Chyarum Shalat နဲ့ Hparat Ninghkawng Magazine တွေမှာ ‘Palastik La Aung’ ဆိုတဲ့ ကလောင်အမည်နဲ့ ကချင်သမိုင်းအကြောင်း ရေးသားခဲ့ပါတယ်။

ဒါ့အပြင် အခုနောက်ပိုင်းမှာလည်း ဝမ်းခန့်အောင် Wang Hkang Aung ကလောင်အမည်နဲ့ ကချင်မျိုးနွယ်ဆိုင်ရာ သမိုင်းစာပေတွေကို ဆက်လက်ရေးသားနေသူဖြစ်ပါတယ်။

ဗိုလ်ချုပ်ဝမ်းခန့်အောင်ဆိုင်းလာက လူမျိုးရေးကို အရမ်းချစ်မြတ်နိုးတဲ့သူတစ်ယောက်ဖြစ်တယ်။ လူတိုင်းကို ခွဲခြားဆက်ဆံ မျက်ကွယ်ပြုတာတွေလည်းမရှိဘူး။ သူက ကျောင်းဆရာလည်းဖြစ်သလို ကာရာတေးလည်းလုပ်တယ်။ ကချင်တွေနဲ့ဆိုင်တဲ့ စာတွေရေးတယ်။ ဒါပေမယ့် သူက မျိုးချစ်စိတ်အပြည့်အဝရှိတဲ့သူဖြစ်တယ်” လို့ ဒု ဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာ နဲ့ နီးစပ်သူတစ်ဦးက KNG ကို ပြောပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာဟာ ၂၀၁၅ ခုနှစ်ခန့်က ဒုစစ်ဦးစီးချုပ် (တာဝန်ကို ထမ်းဆောင်လာခဲ့သူ ဖြစ်ပြီး ၁၀ နှစ်အကြာမှာ စစ်ဦးစီးချုပ်ဖြစ်လာတာလည်း ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button