သတင်း

ဗန်းမော် – မန္တလေးကားလမ်းမကြီးအပြင် အခြေခံစားသောက်ကုန်အဓိက သယ်ယူတဲ့ ရေလမ်းကြောင်းလည်းထပ်ပိတ်

ဗန်းမော်မန္တလေးကားလမ်းမကြီးပိတ်လိုက်တဲ့နောက် ကုန်စည်ပစ္စည်းအဓိသယ်ယူနေကြတဲ့ ရေလမ်းကြောင်းလည်းထပ်ပိတ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ရေးအခြေအနေကြောင့် ဗန်းမော်မြို့– မန္တလေးသွားတဲ့ ကားလမ်းကြီးပိတ်ထားတာ ခုဆိုရင်  ပတ်ကျော်ကြာမြင့်လာချိန် ဗန်းမော်ဒေသခံတွေဟာ အခြေခံကုန်စည်ပစ္စည်းတွေကို ဗန်းမော်ကနေ ကောင်းတုံကျေးရွာထိစက်လှေနဲ့ သွားပြီး ရွှေကူ၊ကသာဘက်ကတစ်ဆင့် ကုန်ပစ္စည်းတွေကိုတင်သွင်းယူနေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကနေ ရေလမ်းကြောင်းကိုအဓိအသုံးပြုပြီး စက်လှေနဲ့ကုန်သယ်ယူနေတဲ့ပြည်သူတွေကို စစ်တပ်ကသေနတ်နဲ့ပစ်ခတ်တာတွေလုပ်နေတဲ့အတွက် ရေလမ်းကြောင်းလည်းပြန်ပိတ်လိုက်ပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အစကတော့ ဒီဗန်းမော်မြို့ ကမ်းနားက စက်လှေဆိပ်ကနေပြီးတော့ ကောင်းတုံရွှာထိစက်လှေနဲ့သွားကြတယ်လေ။ အဲ့ကတစ်ဆင့်ရွှေကူ ကသာတွေဘက်ကို ကားတွေနဲ့ ပြန်သွားကြတာပေါ့လေ ကုန်ပစ္စည်းတွေဆိုရင်လည်း ကားလမ်းပိတ်တော့ အဲ့ကနေ နည်းနည်းပါးပါးသွင်းလို့ရသေးတာပေါ့ ဒါပေမဲ့ အခုက အဲ့ဒီရေလမ်းကိုလည်း ပိတ်လိုက်ပြီလို့ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ရေလမ်းကြောင်းဖြစ်တဲ့ စက်လှေဆိပ်ကို စစ်တပ်ဘက်ကတရားဝင်ကြေညာပြီး ပိတ်လိုက်တာမျိုးမဟုတ်ပေမဲ့ မြစ်တစ်ဖက်ကမ်းရောက်ချိန်လက်နက်တွေနဲ့ လိုက်လံပစ်တာမျိုးတွေရှိတဲ့အတွက် ဒေသခံတွေအနေနဲ့လည်း မသွားရဲကြတော့တာဘဲ ပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ခုလို ကုန်းလမ်း၊ ရေလမ်းပိတ်လိုက်တဲ့အတွက် ဗန်းမော်မြို့မှာ ကုန်စည်စီးဆင်းမှုပြတ်တောက်လာကာ ကုန်ဈေးနှုန်းတွေလည်း ဆက်မြင့်တက်လာနေတာကြောင့် ပြည်သူတွေစားနပ်ရိက္ခာပိုခက်ခဲလာနိုင်တယ်လို့လည်း နောက်ထပ်ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

အခုဆို ကုန်ဈေးနှုန်တွေဆိုရင်လည်း ကုန်သည်တွေပေါ်မှာဘဲ မူတည်နေတာ ဈေးတွေက မြင့်သထက်မြင့်လာပြီး ကုန်ပစ္စည်းတွေလည်းပြတ်လပ်လာမယ်။ နောက်ဆုံး ကျွန်တော်တို့ ဒေသခံတွေကဘယ်မှလည်းမသွားရကြားထဲမှာ ပိတ်မိပြီး ကုန်တွေလည်း ပြတ်လပ်လာ၊ ပြည်သူတွေ ဒုက္ခရောက်ကုန်တော့မယ်” လို့ပြောပါတယ်။

အခုလို ကုန်သယ်ယူနေတဲ့စက်လှေတွေကိုပစ်ခတ်တာဟာ စစ်ရေးအနေနဲ့ရေလမ်းကြောင်းအသုံးမပြုစေချင်တဲ့အတွက်ဖြစ်နိုင်ပြီး စစ်ရေးအခြေအနေကြောင့်  လုံခြုံရေးအရတင်းကြပ်နေတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ဗန်းမော်မြို့မှာ မေလ ၁၀ ရက်ကနေ ကုန်တင်ကားတွေမဝင်တော့တဲ့အပြင် ရေလမ်းကြောင်းလည်းသွားလို့မရတော့တဲ့အတွက် လက်ရှိမှာတော့ ဈေးသည်တွေအနေနဲ့လည်း လက်ကျန်တွေကိုသာရောင်းချနေပြီး ကုန်ပစ္စည်းတွေလည်းဝယ်ယူရခက်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ  ရက်နေ့ မနက်ပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA ကချင်ပြည်သူ့ ကာကွယ်ရေးတပ် KPDF  ပူးပေါင်းတပ်တွေဟာ ဗန်းမော်ခရိုင် မြို့နယ်  ခုမှာရှိတဲ့ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက်ထိုးစစ်ဆင်နေပြီး နေရာအနှံ့တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်လက်နက်ကိုင်တပ်တွေက ကားလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်တွေကို ပိတ်လိုက်တာဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button