သတင်း

မြစ်ကြီးနားမြို့ ယာဉ်တိုက်မှုဖြစ်စဉ်တွေမှာ လူငယ်အများဆုံး ပါဝင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု ဖြစ်စဉ်တွေမှာ လူငယ်အများဆုံးပါဝင်တယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။

ယာဉ်တိုက်မှုဖြစ်တဲ့ထဲမှာ အသက် ၂၀ ကျော် ကနေ ၃၅ နှစ်အောက်လူငယ်အရွယ်တွေ အများဆုံးဖြစ်ပြီး အရက်‌သေစာ သောက်စားမူးယစ်ကာ ယာဉ်မောင်းနှင်တာ‌ကြောင့်ဖြစ်တယ်လို့ မြစ်ကြီးနား မြို့ အခြေစိုက် လူမှုကယ်ဆယ်ရေး အသင်းတွေ ထဲက အဖွဲ့ ဝင်တစ်ဦးက အခုလိုပြောပါတယ်။

အဓိကတော့အရက်သေစာပေါ့ ယာဉ်တိုက်မှုတွေ လျှော့နည်းလာအောင် မိဘပြည်သူတွေအနေနဲ့ ယာဉ်မောင်းနှင်တဲ့အခါ အရက်သေစာသေက်စားပြီး မောင်းတာ၊ အရှိန်မလျော့ဘဲ မောင်းနှင်တာတွေ မလုပ်ကြဖို့ လမ်းစည်းကမ်း လိုက်နာကြဖို့ အကြုံပြုချင်ပါတယ် လို့ ဆိုပါတယ်။

အခုလို သောက်စားမူးယစ်ပြီး ယာဉ်မောင်းနှင်သူတွေဟာ များသောအားဖြင့် ညနေစောင်းအချိန်တွေနဲ့ ညအချိန်တွေမှာ ပိုများတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ တစ်လအတွင်းမှာပဲ  မြစ်ကြီးနားအခြေစိုက် လူမှုကယ်ဆယ်ရေး အသင်းတွေရဲ့ ပြောကြားချက်အရ ယာဉ်တိုက်မှုပေါင်း ၃၉ ကြိမ်သာ ရှိခဲ့ပြီး သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီယာဉ်တိုက်မှု အရေအတွက်ဟာ ရှေ့လတွေ နဲ့ ယှဉ်ရင် သိသိသာသာ လျှော့နည်းလာတာဘဲ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့ခံတစ်ဦးက နိုင်ငံရေးမကောင်းတော့ အရင်လို ည ဆိုင်ကယ်မောင်းပြီး လျှောက်သွားတာလဲ သိပ်မတွေ့ရတော့ဘူး အားလုံးက ကြောက်ပြီး အပြင်သိပ်မထွက်ကြတာ များတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနား မြို့မှာ ၂၀၂၄ ခုနှစ်ကစပြီး ဇန်နဝါရီလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၅၀ကျော်မှာ သေဆုံးသူ ၄ဦး၊ ဖေဖော်ဝါရီလမှာတော့ ယာဉ်တိုက်မှုပေါင်း ၃၄ကြိမ်မှာ သေဆုံးသူ ၄ ဦးထိရှိခဲ့တာ ဖြစ်ပါတယ်။

မတ်လမှာတော့ ယာဉ်တိုက်မှုပေါင်း ၇၀ ကျော်ပြီးပွားခဲ့ထဲမှာ သေဆုံးသူနှစ်ဦးထိရှိခဲ့ပြီး  ဧပြီလမှာတော့ ယာဉ်တိုက်မှုပေါင်း အကြိမ် ၅၀ မှာ သေဆုံးမှုတစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် လူမှုကယ်ဆယ်ရေး အသင်းတွေဆီကနေ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button