KNC ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ကောန်လ ဖမ်းဆီးခံရ

ကချင်အမျိုးသားကွန်ဂရက်ပါတီ Kachin National Congress (KNC) ပါတီ ဥက္ကဌ Dr. M Kawn La ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခန့် နေပြည်တော်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဒေါက်တာ ကောန်လနှင့်အတူ စီးလာသောကားကိုပါ ဖမ်းဆီးသွားကြောင်း KNC ပါတီ၏ ပြောဆိုခွင့်တာဝန်ရှိသူက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မနေ့ညနေ ဖမ်းဆီးခံရတာဖြစ်တယ်။ သူ့ရုံးခန်းက အပြန်ထင်တယ်။ ကားအပါ ခေါ်သွားတယ်လို့သိရတယ်။ ဘာကြောင့်ဆိုတာ ကျနော်တို့လည်း သေချာမသိရသေးဘူး။ သူနဲ့လည်းအဆက်အသွယ်မရတော့။ ဖမ်းဆီးခံရတာဘဲ သိတယ်” ဟု ပြောဆိုသည်။

ဒေါက်တာကောန်လ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး အကြောင်းစုံ အသေးစိတ်ကို မသိရသေးကြောင်း သူက ပြောသည်။

KNC ပါတီသည် စစ်အာဏာသိမ်းပြီးနောက် ပြည်လည်ဖွဲ့စည်းထားသော ရွေးကောက်ပွဲ ကော်မရှင်၏ အစည်းအဝေးဖိတ်ခေါ်မှုများကို မတက်ရောက်ဘဲ ငြင်းဆန်ထားသော ပါတီဖြစ်သည်။

အလားတူ Kachin People’s Political Front – KPPF ကို ဖွဲ့စည်းမှုတွင်လည်း ပါဝင်နေပြီး အဆိုပါအဖွဲ့မှာ ကချင်စတိတ်ဆိုင်ရာ မူဝါဒများကို ထုတ်ပြန်နေသူသော အဖွဲ့ဖြစ်သည်။

Show More
Back to top button