‘ဒေါ့ဖုန်းယန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် KIA စစ်သားများသေဆုံး’ ဟူသော သတင်းအမှားထပ်ဖြန့်နေကြ

ဒေါ့ဖုန်းယန်မြို့နယ်တွင် ‘တပ်မတော်မှ လေယာဥ်ဖြင့် ပစ်ခတ်ခဲ့ရာ KIA စစ်သားများ သေဆုံးသွား’ ဆိုသည့် စစ်ရေးနှင့်ပတ်သက်သော ဝါဒဖြန့်သတင်းအမှားတစ်ခု ထပ်မံ ပျံ့နှံ့နေသည်ကို တွေ့ရသည်။

အဆိုပါ ဝါဒဖြန့်သတင်းအမှားကို စက်တင်ဘာလ () ရက်နေ့တွင် ‘Truth Media’ Telegram အကောင့်မှ စတင်ဖြန့်ဝေခဲ့ပြီး ‘The Fighters Media (TFM)’ နှင့်အလင်္ကာစစ်စသည့် Telegram အကောင့်များတွင်လည်း ဖြန့်ဝေလာခဲ့သည်။

ရေးသားထားသောအကြောင်းအရာမှာ “ဗန်းမော်၊ ဒေါ့ဖုန်းယန်နယ်မြေကို နေ့လည် ၃ နာရီကျော်လောက်က KIA အင်အား ၂၀၀ ဝန်းကျင်ခန့်လောက် တက်လာတယ်။ t ပန်းပွင်ချိန်ရောက်နေတဲ့ကောင်တွေကို တပ်မတော်လေ A5 နဲ့ မိတ်ဆက်ပေးလိုက်တယ်၊ ၇၀ကျော်လောက် မီးသွေးဖြစ်ပြီး ၂၈ ကောင် ဒန်းစီးသွားတယ်လို့ ဆက်သွယ်ရေး အင်တာမှာ တက်လာပီဟု သတင်းအမှား ဖြန့်ဝေထားသည်။

အဆိုပါအကြောင်းအရာများကို သတင်းအမှားဖြစ်သည်ဟု ဖော်ပြရခြင်းမှာ စက်တင်ဘာလ () ရက်နေ့ မှ ယနေ့အထိ ဒေါ့ဖုန်းယန်အနီးတစ်ဝိုက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိဟု မဖြစ်ပွားခဲ့ကြောင်း ဒေသခံများက KNG ကို ပြောသည်။

ထို့အပြင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲသည် ဗန်းမော်မြို့နယ်မဟုတ်ဘဲ မိုးမောက်မြို့နယ် သာ ဖြစ်သည်။

ထို့ကြောင့် ‘Truth Media’ Telegram တွင်ဖော်ပြထားသော တပ်မတော်လေကြောင်းပစ်ခတ်မှုကြောင့် KIA စစ်သား ၇၀ ကျော် ကျဆုံးသည်ဟူသော အချက်မှာ သတင်းအမှားဖြစ်ပြီး စစ်တပ်ထောက်ခံသူများကို ဝမ်းသာပီတိဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေခြင်းသာဖြစ်သည်။

ယခုအချိန် နေရာတိုင်းတွင် KIA PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ်တို့ကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေချိန် စစ်တပ်ထောက်ခံသူ စစ်တပ်လော်ဘီများသည် တိုက်ပွဲသတင်းအကြောင်းအရာများသာမက အခြားသော သတ်ဖြတ်မှုနှင့် ဖမ်းဆီးခြင်းအစရှိသည့် အကြောင်းအရာများကို အခြေခံပြီး အာဏာရှင်ဆန့်ကျင်သူများကို တိုက်ခိုက်ရန် ဝါဒဖြန့်သတင်းများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေကြသည်ကို တွေ့နေရသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် နေ့စဥ်သတင်းများကို ဖတ်ရှုရာတွင် ဒေသအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသော သတင်းအကြောင်းအရာများကိုသာ ဖတ်ရှုသင့်ပါသည်။

Show More
Back to top button