တိုက်ပွဲသတင်း

ကန့်ဘလူနယ်အတွင်း ပျူစောထီးသင်တန်းပေးနေသည့် စစ်ကောင်စီနှင့်ပျူစောထီးအဖွဲ့တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာ ၃ခုတွင် ပျူစောထီးအဖွဲ့ကို စစ်သင်တန်းပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့အား လင်းယုန်နီ ကန့်ဘလူ PDF ပူးပေါင်းတပ်တို့မှ ဒရုန်းစစ်ဆင်ရေးနှင့် ၆၀ မမ များဖြင့် ၃ ကြိမ်တိုက်သွာရောက် တိုက်ခိုက်ခဲ့သည်ဟု လင်းယုန်နီ PDF အဖွဲ့ထံမှသိရသည်။

လယ်လှ၊ ပေကြီး၊ ပျဉ်တောင် စသည့် ကျေးရွာ ၃ခုတွင် ဒေသခံပြည်သူများ၏ ဆန္ဒမပါဘဲ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ကျေးရွာအတွင်း တပ်စွဲနေထိုင်ကာ စစ်သင်တန်းပေးနေသောကြောင့် သွားရောက်တိုက်ခိုက်ခဲ့သည်ဟု လင်းယုန်နီ PDF မှတာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

သူတို့က စည်းရုံးတဲ့အနေနဲ့ သင်တန်းပေးနေတာ။ ခြိမ်းခြောက်ပြီးသင်တန်းပေးနေတဲ့အခြေနေရှိလို့ သွားရောက်တိုက်ခိုက်ခဲ့တယ်။ ၃ရက်နေ့ကတစ်ကြိမ်၊မနေ့ကတစ်ကြိမ်၊ဒီနေ့တစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ ၃ရက်နေ့ကတော့  ၇ယောက်ထိတယ်။ တစ်ယောက်ကမျက်လုံးကျွတ်သွားတယ်လို့သိရတယ် မနေ့ကနဲ့ ဒီနေ့တိုက်ခိုက်ခဲ့တာတော့ အထိအခိုက်ကိုအတည်မပြုနိုင်သေးပါဘူးဟုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ပြီးခဲ့သော ဩဂုတ်လအတွင်းမှ လေကြောင်းလိုင်းဖြင့် ဘန့်ဘလူမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အဖွဲ့များဖြစ်ကြပြီး လက်ရှိအချိန်အထိ အဆိုပါ ကျေးရွာ ၃ခုတွင် စစ်အင်အား ၂၀ ကျော်စီဖြင့် စာသင်ကျောင်းများတွင် တပ်ချနေထိုင်ထားသည်ဟု ဒေသခံများပြောဆိုချက်မှသိရသည်။

အဆိုပါစစ်ဆင်ရေးကို ကန့်ဘလူစွန်ရဲ၊ Kanbalu Underground Warriors MPF U-18၊ လင်းယုန်နီကန့်ဘလူ စသည့် ညီနောင်မဟာမိတ်အဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့သည်ဟုသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၇ရက်နေ့ကလည်း ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ ဇီးကုန်းမြို့ရှိ ပျူစောထီး ခေါင်းဆောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညိုဝင်းနိုင်()ငရွှီး ကို လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် ပစ်ခံခံရကာ သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button