သတင်း

လုံခြုံရေးကြောင့် လယ်ပြင်စစ်ဆေးရေးဂိတ်ဖြုတ်သိမ်းလိုက်တာဖြစ်တယ်လို့ ဖားကန့်နေပြည်သူတွေပြော

ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စုရှိ လယ်ပြင်စု‌ပေါင်းစစ်ဆေးရေးဂိတ်ကို စစ်တပ်ဘက်က ဖြုတ်သိမ်းသွားတာဟာ လုံခြုံရေးစိုးရိမ်တာကြောင့်ဖြစ်တယ်လို့ ဖားကန့်မှာနေထိုင်တဲ့ပြည်သူတွေက ပြောပါတယ်။

အဲဒီဂိတ်ဟာ စစ်တပ်လက်အောက်ခံထွေအုပ်ဝန်ထမ်းနဲ့ရဲဝန်ထမ်းတွေပေါင်းပြီး ငွေကြေးတောင်းခံနေတဲ့ စုပေါင်းဂိတ်ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ မနေ့ကစပြီး ဖြုတ်သိမ်းသွားတာဖြစ်တယ်လို့ လုံးခင်းရပ်ကွက်က ပြည်သူတစ်ဦး KNG ကို ခုလိုပြောပါတယ်။

မနေ့က မနက်ဆယ်နာရီလောက်မှာ စပြီးဂိတ်ဖြုတ်သွားတာပေါ့၊လုံခြုံရေး အခြေအနေအရဖြစ်နိုင်တယ်လို့ဘဲပြောနေကြတယ်လို့ လုံးခင်းကျေးရွာနေပြည်သူတစ်ဦးက ပြောပါတယ်။

ဖြုတ်သိမ်းလိုက်တဲ့ လယ်ပြင်စစ်ဆေးရေးဂိတ်ဟာ ဖားကန့်ကျောက်စိမ်းမှော်တွေဘက်ကို သွားတဲ့အဓိက လမ်းနေရာမှာတည်ရှိတာဖြစ်ပြီး စစ်တပ်လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများဖြစ်တဲ့ ထွေအုပ်၊လ..က၊ရဲတပ်ဖွဲ့ဝင်များ ရုံးအထိုင်ဖွင့်ပြီး ဂိတ်ကြေးတောင်းခံတာတွေလုပ်ဆောင်နေတဲ့ ဂိတ်တစ်ဂိတ်ဖြစ်ပါတယ်။

လယ်ပြင်စုပေါင်းစစ်ဆေးရေးဂိတ်ဖြုတ်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး ဖားကန့်နေပြည်သူတစ်ချို့ပြောတာကတော့ စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်း တွေဟာ လယ်ပြင်ဂိတ်ကိုဂိတ်ဖြုတ်သိမ်းပြီး ရှေ့ကိုက် ၁၀၀ လောက်မှာရှိတဲ့ ဒေသအခေါ် (ယမ်းချက်)မှာ သွားရောက်ပူးပေါင်း ဂိတ်ထိုင်နေတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုကြတဲ့အပြင် ခရီးသည်တင်ယာဉ်မောင်းသူတစ်ဦးကလည်း ယမ်းချက်ဂိတ်မှာထွေအုပ်ဝန်ထမ်းတွေရှိနေတယ်လို့ ဆိုပါတယ်။

ဒီနေ့ ယမ်းချက်ဂိတ်ကို ဖြတ်တော့ စစ်သား၊ရဲ၊စရဖနဲ့ ထွေအုပ်ဝန်ထမ်းတချို့ ဂိတ်ထဲမှာ ရှိနေတာကို တွေ့ခဲ့ရပါတယ်။အရင်က ယမ်းချက်ဂိတ်မှာ ထွေအုပ်ဝန်ထမ်းတွေမရှိဘူး မနေ့ဒီနေ့စပြီးတွေ့လာတာလို့ ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာ ဂိတ်အကြီး၊အသေး စုစုပေါင်း နှစ်ဆယ်ကျော် ဖြတ်သန်းခဲ့ရပြီး ဂိတ်တိုင်းမှာလည်း အခကြေးငွေ ပေးဆောင်ဖြတ်သန်းနေရတယ်လို့ ဖားကန့်နေပြည်သူတွေက ပြောပါတယ်။

ဒါ့အပြင် ဖားကန့်မြို့အဝင်မှာရှိတဲ့ပန်းတင်တံတားထိပ်မှာနေတဲ့ စစ်တပ်လက်အောက်ခံဂိတ်လည်း မကြာခနတိုက်ခိုက်ခံရတာတွေရှိနေတာလည်းဖြစ်ပါတယ်။

By – CJ

Show More

Related Articles

Back to top button