သတင်း

ဝိုင်းမော် ခလရ ၅၈ တပ်ရင်း KIA သိမ်းလိုက်ပြီလို့ သတင်းအမှားသာဖြစ်တယ်လို့ KIO ပြော

ဝိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်လိုက်ပြီလို့ သတင်းထွက်ပေါ်နေတာဟာ သတင်းအမှားသာဖြစ်တယ်လို့ KIO ပြောပါတယ်။

မကြားဘူးဆိုတာထက် တိုက်ပွဲဖြစ်တာတွေလည်းမရှိပါဘူး။ ဝိုင်းမော်သိမ်းတာလည်းမကြားဘူး။ တိုက်ပွဲလည်းမရှိတာပါလို့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

ဝိုင်းမော် ၅၈ သိမ်းလိုက်ပြီလို့ သတင်းဟာ ဩဂုတ်လ  ရက် မနေ့ည  လောက်ကနေ သတင်းတွေထွက်ပေါ်နေသလို လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း ကျယ်ကျယ်

ပြန့်ပြန့်ရေးသားဖော်ပြနေတာဖြစ်ပါတယ်။

အခုလို ဝိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းကို KIA သိမ်းလိုက်ပြီလို့ သတင်းနဲ့ ပတ်သက်ပြီး ဝိုင်းမော်မြို့ထဲမှာရှိနေတဲ့ ဒေသခံတစ်ချို့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ၅၈ တပ်ရင်းရှိတဲ့ အနီးတဝိုက်မှာ ဘာထူးခြားမှုမှ မရှိသလို တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘူးလို့ ပြောဆိုပါတယ်။

ကချင်ပြည်နယ်မှာ ဖုန်းအင်တာနက်တွေ ဖြတ်တောက်ထားတာကြောင့် ဒေသအတွင်းဖြစ်ပျက်နေတဲ့ သတင်းအချက်အလက်တွေကို သိရှိဖို့ ခက်ခဲနေတဲ့အချိန် သတင်းအမှားတွေ ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ ဖုန်း၊ အင်တာနက်လိုင်းတွေ မပြတ်ခင်အထိ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား စစ်ရေးတင်းမာမှုရှိနေတာဖြစ်ပါတယ်။

ဝူယန်ပြည်သူ့စစ်တပ်စခန်းရှိတဲ့ အထက်ပိုင်းအားလုံးကို KIA တပ်တွေ ထိန်းချုပ်ထားပြီးတော့ ဝူယန်ကျေးရွာကနေ ဝိုင်းမော်မြို့အထိ စစ်တပ်က လုံးခြုံရေးရယူထားတာဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်ကလည်း ဝိုင်းမော် ၅၈ တပ်ရင်းကို လက်လွတ်လိုက်မှာ စိုးရိမ်တဲ့အတွက် ၅၈ တပ်ရင်းနဲ့ နီးကပ်တဲ့ ကျေးရွာရပ်ကွက်တွေမှာ ကတုတ်ကျင်းတွေတူးဖော်ပြီး စစ်အင်အားအလုံးအရင်းနဲ့ လုံခြုံရေးရယူထားသလို ဝူယန်ကျေးရွာတွေမှာလည်း လမ်းတွေဖြတ်တောက်ထားပြီး စစ်တပ်ဂိတ်နေရာတွေ တိုးချဲ့ထားကာ စစ်ဆေးရေးတွေတင်ကြပ်နေတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေ ဆီကနေ သိရပါတယ်။

အခုလို ဝိုင်းမော်မြို့နဲ့ အနီးဆုံးနေရာမှာ စစ်တပ်နဲ့ KIA တပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်နေတဲ့အခြေအနေမှာ ခလရ ၅၈ တပ်ရင်းကို KIA သိမ်းလိုက်ပြီလို့ သတင်းထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

လက်ရှိ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်နေတာ  ပတ်ကျော်ရှိလာပြီး ပြည်သူတွေ စစ်ရေးသတင်းသိရှိဖို့နဲ့ သတင်းအချက်လက်သိရှိဖို့ ခက်ခဲနေချိန် သတင်းအမှားတွေ ဆက်တိုက်ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button