သတင်း

လားရှိုးကို တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်မှုအပြီး ဒေသခံတစ်ချို့ မြို့ထဲပြန်ဝင်ကြပြီလို့ဆို

ရှမ်းမြောက် လားရှိုးမြို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို  ကိုးကန့် MNDAA တပ် နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ပြေးရှောင်ဒေသခံတစ်ချို့ လားရှိုးမြို့ထဲကို ပြန်ဝင်နေကြပြီလို့သိရပါတယ်။

လားရှိုးမြို့ပေါ်မှာ ပြီးခဲ့တဲ့ ဇူလိုင်  ရက်နေ့ကစပြီး ကိုးကန့် MNDAA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မြို့တွင်းတိုက်ပွဲစတင်ဖော်ဆောင်လိုက်ပြီး မြို့တွင်းရပ်ကွက်နေ ပြည်သူတွေက ဇူလိုင်လ ၂၂ ရက်နေ့အထိ မြို့တွင်းကနေ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းရေး၊ တောင်ကြီး၊ မန္တလေး၊ ရန်ကုန် စတဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဩဂုတ်လ  ရက်နေ့ လားရှိုးမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တပ်ရင်းတစ်ခုလုံးကို တော်လှန်တပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီးနောက် လားရှိုးဒေသခံတစ်ချို့မြို့ထဲကို ပြန်ဝင်နေကြပြီလို့ လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

ကြားရသလောက်က တစ်ချို့က ပြန်ကြပြီတဲ့။ အခြေအနေက သွားနေလို့တော့ မရသေးဘူး။ ဒါပေမယ့် အနေခက်တော့ ပြန်ကြတာလို့ကြားတယ်။ တစ်ချို့က သွားနေတာမဟုတ်ဘဲနဲ့ အိမ်ပြန်ကြည့်ကြတယ်လို့လည်းပြောတယ်။ ပန်ရှောင်းဘက်ကနေ သူတွေက ပြန်ဖို့ပြောဆိုလာတာတော့ရှိတယ်။ ဒါပေမယ့် ကျမတို့က မပြန်ဖြစ်သေးဘူးလို့ပြောပါတယ်။

လားရှိုးမြို့တစ်ခုလုံး အပြီးသတ် သိမ်းပိုက်လိုက်တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဒေသခံတွေက မြို့ထဲကို ပြန်လာကြတာလည်းဖြစ်ပါတယ်။

အခုလို လားရှိုးဒေသခံတွေ မြို့ထဲပြန်လာနေထိုင်ကြတဲ့ပတ်သက်ပြီး နောက်ထပ် လားရှိုးဒေသခံ အမျိုးသားတစ်ဦးကလည်း အခုလိုဆက်ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ပြန်လာကြတာဟုတ်တယ်။ ပြန်ကြတယ်ဆိုပေမယ့် အားလုံးတော့ မဟုတ်သေးဘူး။ လားရှိုးအနီးမှာ တိမ်းရှောင်နေကြတဲ့ သူတွေလောက်ပဲ ပြန်ကြသေးတာပါ။ အဲကြောင့် တစ်ချို့က ပစ္စည်းတွေ ပြန်သယ်ယူပြီး ထွက်လာတဲ့ သူတွေလည်း ရှိသလို တစ်ချို့က အပြီးပိုင် ပြန်နေထိုင်ကြတာလည်းပါတယ်လို့ပြောပါတယ်။

တိုက်ပွဲတွေ ငြိမ်သက်သွားပြီး မြို့ထဲကို ပြန်ဝင်လာကြတဲ့ ဒေသခံတွေဟာ မိုင်းရေး(Maire)  ဆင်လီ(Sinli) ပန်ရှောင်း(Pang Shau)  မုံးယော် စတဲ့ လားရှိုးမြို့နဲ့ အနီးထွက်ပြေးတီမ်းရှောင်နေသူတွေဖြစ်တယ်လို့  သိရပြီး တောင်ကြီး၊ ရန်ကုန်၊ မန္တလေး၊ ကွတ်ခိုင် စတဲ့ မြို့ပေါ်ဘက်ကို တိမ်းရှောင်ကြတဲ့ စစ်ရှောင်ပြည်သူတွေက စစ်ရေးတည်ငြိမ်မှုမရှိသေးတဲ့အတွက် ပြန်လာဖို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။

လားရှိုးမြို့နဲ့ အနီးမှာရှိတဲ့ မိုင်းရေးဒေသမှာ ပြီးခဲ့တဲ့ သုံးရက်လောက်ကတည်းကလည်း တိုက်ပွဲတွေရှိနေသေးတာကြောင့် လားရှိုးက လာရောက်တိမ်းရှောင်နေတဲ့ စစ်ရှောင်တစ်ချို့က ထပ်မံတိမ်းရှောင်ရတယ်လို့လည်း ဆက်သိရပါတယ်။

လက်ရှိ လားရှိုးမြို့တစ်ခုလုံးကို ကိုးကန့် MNDAA တပ်တွေ သိမ်းပိုက်ထားပြီဖြစ်ပေမယ့် စစ်တပ်ကနေ စစ်လေယာဉ် လာရောက်ပျံဝဲတာတွေရှိနေသေးတဲ့အတွက် လုံခြုံရေးအတွက် စိုးရိမ်ရသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

လားရှိုးတိုက်ပွဲမှာ လားရှိုးမြို့ထဲ ရပ်ကွက် ၁၂ ခုလောက်ရှိတဲ့ထဲမှာ ရပ်ကွက်အားလုံးနီးပါးက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ အတူ တိုက်ပွဲအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာတွေကြောင့် မြို့တွင်းရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုများပြားတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ သိမ်းပိုက်ထားတဲ့မြို့တစ်ချို့မှာ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေလည်း ဆက်တိုက်ရှိနေဆဲဖြစ်တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့က ဒီမနက်မှာ ထုတ်ပြန်ထားပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button