သတင်း

လားရှိုးမြို့နယ်မှာ တစ်ရက်တည်းလေကြောင်းနှစ်ကြိမ်တိုက်ခိုက်ခံရ အမျိုးသား ၄ ဦး သေဆုံး

ခရစ်ယာန်အသင်းတော်ကျောင်းဆောင်တစ်ချို့ပျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ တစ်ရက်တည်းလေကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရလို့ ဒေသခံအမျိုးသား  ဦး သေဆုံးခဲ့ရတယ်လို့ လားရှိုးမြို့ခံတွေကပြောပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်နဲ့ ညနေပိုင်း  နာရီ လောက်မှာ လားရှိုးမြို့နယ်အီနိုင်းရွာနဲ့ မြို့ပြင် နားမခေါ်ကားကွင်းအနီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

အီနိုင်းရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝန်းထဲက ခန်းမဆောင်တစ်ခုနဲ့ ဖွင့်နေဆဲ မူကြိုကျောင်းတစ်ခုပျက်ဆီးခဲ့ရပြီး အမျိုးသမီးတစ်ဦးနဲ့  နှစ် အရွယ် ကလေးငယ် တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့ခံတစ်ဦး KNG ကို ပြောပါတယ်။

အီနိုင်းရွာမှာက ဟိုအရင်ကတည်းက လက်နက်ကိုင်အဖွဲ့တွေအမြဲတမ်းသွားလာလှုပ်ရှားတဲ့ရွာဖြစ်တယ်။ ဒါပေမဲ့ သူတို့လှုပ်ရှားတယ်ဆိုပေမဲ့ ရွာထဲမှာနေတာမဟုတ်ဘူး။ ရွာနီးခြောက်စပ်တွေမှာနေတာဖြစ်တယ်။ ဆိုတော့ အီနိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတယ်ဆိုတဲ့ သတင်းကြောင့်မို့လုပ်လိုက်တာလို့ယူဆ လို့ရတယ် ဒါပေမဲ့ တကယ်တမ်းကျ ပြည်သူလူထုပဲထိသွားတာပေါ့လို့ ပြောပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ မြင်ကွင်း


အီနိုင်းကျေးရွာဟာ လားရှိုးမြို့နဲ့  မိုင်လောက်သာကွာဝေးတဲ့ကျေးရွာဖြစ်ပြီး ကချင် နဲ့ တရုတ် လူမျိုးတွေ အများဆုံးနေထိုင်တဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

တစ်ဖက်မှာ ညနေပိုင်း  နာရီဝန်းကျင်မှာ လေကြောင်းထပ်မံတိုက်ခိုက်ခံခဲ့ရတဲ့ လားရှိုးမြို့ပြင်က နားမခေါ် ကားကွင်းအနီးလေကြောင်းတိုက်ခိုက်ခံရမှုမှာတော့ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ယောက်ဒဏ်ရာရခဲ့ တယ်လို့ ဒေသခံတစ်ယောက်ကဆက်ပြောပါတယ်။

မနေ့ကညပိုင်းပေါ့ မြို့အထွက်ကားကြီးကွင်းနားလေးမှာ တစ်ခါပြန်ထပ်လာကြဲတော့ အဲ့မှာလည်း အမျိုးသား တစ်ယောက်သေတယ်။ တစ်ယောက်ဒဏ်ရာရတယ်ပေါ့နော်။ မနေ့ကတစ်ရက်တည်းမှာပဲ  ယောက်သေပြီး  ယောက်ဒဏ်ရာရခဲ့တာပေါ့လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိ လေကြောင်းတိုက်ခိုက်မှုတွေအကြား ဒေသခံတွေစိုးရိမ်မှုမြင့်တက်နေပြီး အီနိုင်းကျေးရွာက ဒေသခံတစ်ချို့ကတော့ ဘေးလွှတ်ရာတွေမှာယာယီထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။

လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ကတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးနဲ့လုံးဝမသက်ဆိုင်တဲ့ လူနေ အိမ်၊ စာသင်ကျောင်း၊ ဈေးနဲ့ ဘာသာရေးအဆောက်အဦးတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေပြီး လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်တာ ၁၆ ကြိမ်တိတိရှိပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button