တိုက်ပွဲသတင်း

လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း KIO အတည်ပြု

တိုက်ပွဲ ၅ ရက်အကြာ ပြင်းထန်ခဲ့တဲ့ ချီဖွေ – ပန်ဝါလမ်းပေါ်က လုပီ(ဒေသအခေါ်လောက်ပြေ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းတစ်ခုလုံးကို KIA တပ် အပြီးသတ်ရှင်းလင်းသိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြုပြောဆိုပါတယ်။

လုပီပြည်သူ့စစ်တပ်စခန်းကို အောက်တိုဘာလ ၁၅ ရက် ဒီနေ့ နေ့လည်  နာရီလောက်မှာအပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။

လုပီတပ် သိမ်းပိုက်တာနဲ့ ပတ်သက်ပြီး လောလောဆယ်အထိ သိမ်းပိုက်လိုက်ပြီ လို့ အဲလောက်အထိပဲ သတင်းရသေးတယ်။ အပြီးသတ် သိမ်းနိုင်တာက ၁၂ နာရီခွဲ  နာရီလောက်မှာ သိမ်းလိုက်တာလို့ ကြားတယ်။ ဘယ်လို ပုံစံနဲ့ သိမ်းလိုက်တဲ့ အခြေအနေကိုတော့ သေချာမသိရသေးဘူးလို့ပြောပါတယ်။

KIA တပ်တွေဟာ အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းလောက်ကနေ လုပီတပ်ရင်းထဲ ဝင်ရောက်နိုင်ခဲ့ပြီးတော့ တပ်ရင်းထဲမှာရှိတဲ့ ကာကင်းစခန်းတစ်ချို့ကို သိမ်းပိုက်ထားနိုင်ပြီးတော့ ဒီကနေ့မှာ အပြီးသတ် သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။

လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA တပ်တွေ အောက်တိုဘာလ ၁၀ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ တပ်ရင်းလက်မလွတ်ရေးအတွက် စစ်ကောင်စီတပ်ကနေ လေကြောင်းနဲ့ ခုခံကာကွယ်ပေးခဲ့ပေမယ့် လက်လွတ်လိုက်ရတာလည်းဖြစ်ပါတယ်။

လက်ရှိ KIA ပူးပေါင်းတပ်တွေ ထပ်မံသိမ်းပိုက်လိုက်တဲ့ လုပီ နယ်ခြားစောင့်တပ်ရင်းဟာ ကချင်အထူးဒေသ(ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့တစ်ခုလုံးကို အဓိက ကာကွယ်ပေးနေတဲ့ ရှေတန်းတပ်ရင်းအကြီးတစ်ခုဖြစ်ပါတယ်။

အဲဒီ ၁၀၀၂ နယ်ခြားစောင့်တပ်ရင်းဟာ ပန်ဝါမြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိပြီးတော့  စစ်အင်အား တပ်ရင်းတစ်ခုစာရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

တပ်ရင်းတစ်ခုလုံးသိမ်းပိုက်မှုအပြီး KIA တပ်တွေဟာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီးတော့ ကချင်အလံစိုက်ထူလိုက်ပြီလို့လည်း သိရပါတယ်။

ပန်ဝါမြို့နဲ့ အနီးဆုံး ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ လုပီနယ်ခြားစောင့်တပ်ကို KIA သိမ်းပိုက်ပြီဖြစ်တာကြောင့် ပန်ဝါမြို့အထိ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ငွေကြေးကောက်ခံတဲ့ ဂိတ်နေရာတွေနဲ့ ပန်ဝါဗျူဟာကုန်းတစ်ခုသာ ကျန်ရှိတော့တယ်လို့လည်း သိရပါတယ်။

လက်ရှိ အဲ့ဒီဒေသမှာ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေပေမယ့် ဖုန်းအင်တာနက်လိုင်းအခက်အခဲကြောင့် တိုက်ပွဲအခြေနေနဲ့ အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့မှာ ချီဖွေနဲ့ ဆော့လော် မြို့ နှစ်ခုကို KIA တပ်တွေ သိမ်းပိုက်လိုက်ပြီး တပြိုင်နက် လုပီနယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကချင်နိုင်ငံရေးလေ့လာသူတွေရဲ့ ပြောဆိုချက်အရ KIA တပ်တွေဟာ အခုလအတွင်းမှာပဲ ပန်ဝါမြို့ကိုပါ ထပ်မံသိမ်းပိုက်လာနိုင်လို့လည်း သုံးသပ်ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button