သတင်း

ဟုမ္မလင်းနယ်မှာ လူငယ်အများအပြားဖမ်းဆီးခံနေရ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ လူငယ်တွေအများအပြားဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ရဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် လူငယ်တွေမကြာခန ဖမ်းဆီးခံနေရပြီး ဒီနှစ်ဝက်အတွင်း ရာနဲ့ချီဖမ်းဆီးခံရတယ်လို့ တော်လှန်ရေးမှာပါဝင်လှုပ်ရှားနေတဲ့ ဟုမ္မလင်းမြို့ဒေသခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။

အရင်ကမဖမ်းပါဘူး အခုနောက်ပိုင်းမှာမှဖမ်းလာတာ စစတုန်းကတော့ ခရီးသွားတဲ့လူငယ်တွေပြီးတော့ညဘက် လမ်းပေါ်ထွက်တဲ့လူငယ်တွေလောက်ဖမ်းတာ။ အခုနောက်ပိုင်းက အိမ်ထဲထိကိုခြင်ထောင်ထဲထိကိုဝင်ဖမ်းတော့တာ မကတော့ဘူးနော် သုံးလေး ရာတောင်မကလောက်ဘူးတစ်နယ်လုံးဆိုရင်လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။

ဟုမ္မလင်းနယ်ထဲမှာ SNA တပ်အနေနဲ့ လူသစ်စုဆောင်းဖမ်းဆီးတာမျိုးကို ဒီနှစ် မေလနောက်ပိုင်း သိသိသာသာဖမ်းဆီးလာတာလို့ ဒေသခံတွေပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အထိတော့ လူတောင်းတာပဲရှိတယ် အိမ်ခြေအလိုက်တောင်းတာ တစ်နှစ်ကိုဆယ်အိမ်ခေါင်း တစ်ဦးကိုလူ  ယောက်ဆို  ယောက် အဲ့လိုတောင်းတာ။  ယောက်တောင်းလို့  ယောက်ပဲပေးနိုင်ရင် အဲ့မလာတဲ့တစ်ယောက်စာကို ပိုက်ဆံတို့၊ ဆန်တို့ SNA ကိုလူအစားထောက်ပံ့ပေးရတယ်အခုမှဖမ်းလာတာလို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အထိ SNA ရဲ့တပ်သားသစ်စုဆောင်းမှုပုံစံဟာ ကျေးရွာ၊ရပ်ကွက်အလိုက် ဆယ်အိမ်မူး၊ရာအိမ်မှူးတွေဆီကနေတဆင့်လူဦးရေစာရင်းအလိုက် တပ်သားသစ်တောင်းတဲ့စနစ်ကိုသုံးလာ ခဲ့ပေမယ့် အခုနောက်ပိုင်း အဲ့ဒီစနစ်ကိုမသုံးတော့ပဲလူငယ်တွေကို အတင်းအဓ္ဓမတပ်သား သစ်ဖမ်းဆီးလာတဲ့အပေါ် ဟုမ္မလင်းမြို့ပေါ်မှာစစ်ဘေးရှောင်နေတဲ့နောင်ပိုအောင်ကျေးရွာနေအမျိုးသားတစ်ဦး အခုလိုပြောပါတယ်။

ဘာလို့ဖမ်းသလဲဆိုတော့ သူတို့လူတောင်းတာမရတော့လို့လေ အခုနောက်ပိုင်းက ရှမ်းနီတွေလည်း SNA ကိုချဥ်လာကြတာ မယုံကြည်ကြတော့ဘူးအဲ့ကတည်းက တိုက်ပွဲတိုင်းမှာလည်း SNA တွေပဲခနခနသေတော့မဝင်ရဲကြတော့ဘူးလေးဘယ်သူမှအဲ့တော့သူတို့လူတောင်းတာမရလို့ အခုဖမ်းတော့တာ ဖမ်းတာမှအိမ်ထဲထိဝင်ဖမ်းတာလို့ အထက်ဖော်ပြပါအမျိုးသားတစ်ဦးကပြောပါတယ်။

SNA ရဲ့လူသစ်စုဆောင်းမှုအများဆုံးပြုလုပ်နေတဲ့ကျေးရွာတွေဟာ နောင်ပိုအောင်၊ ဆပ်ကယား၊ မျောက်ကုန်း၊ ခေါစီ၊က္ကသာအုပ်စုတွေမှာအများဆုံးဖြစ်ပြီး အဲ့ဒီကျေးရွာတွေဟာ SNA ရဲ့ထိန်းချုပ်မှုအောက်မှာရှိတာလို့သိရပါတယ်။

လက်ရှိမှာတော့SNA ရဲ့အတင်း အဓမ္မလူသစ်စုဆောင်းဖမ်းဆီးမှုတွေကြောင့် လူငယ်တွေ ခရီးသွားလာရေးနဲ့ နေ့စဥ်လှုပ်ရှားသွားလာဖို့လည်းခက်ခဲလာတယ်လို့သိရပါတယ်။ ဖမ်းဆီးခံနေရာတဲ့လူငယ်တွေဟာ အသက် ၂၃ ကနေ အသက် ၃၅ ဝန်းကျင်အထိဖြစ်ပြီး တချို့ပြန်လွတ်လာတဲ့သူတွေလည်းရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ရှမ်းလူငယ်တွေကိုပဲဖမ်းတာ ပြီးတော့ ဖမ်းခံရတဲ့ထဲမှာ မိသားစုရင်းခြားပေါ့အကိုတွေညီတို့တွေ SNA ထဲမှာရှိနေရင်တော့တစ်ချို့က ပြန်လွတ်တာရှိတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

SNA ရဲ့ အတင်းအဓမ္မလူသစ် စုဆောင်းဖမ်းဆီးတာတွေဆိုးဆိုးဝါးဝါးလုပ်နေတာကြောင့် ဟုမ္မလင်းနယ်ထဲက ကျေးရွာအချို့ထဲက လူငယ်တွေနဲ့ အသက် ၅၀ ဝန်းကျင်သက်ကြီးပိုင်းတွေဟာ လက်ရှိစစ်ကောင်စီဖွဲ့စည်းပေးလိုက်တဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထဲကိုဝင်ရောက်သူတွေများနေပြီး မိမိကျေးရွာ၊ ရပ်ကွက်ကိုကာကွယ်ဖို့ပြင် ဆင်နေတာမျိုးတွေရှိတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button