တိုက်ပွဲသတင်း

ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်ပြီးစီးကြောင်း KIO အတည်ပြု

ကချင်အထူးဒေသ(ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ဌာနချုပ်တည်ရှိတဲ့ ပန်ဝါမြို့တစ်ခုလုံးကို KIA အပြီးသတ်ရှင်းလင်း သိမ်းပိုက်လိုက်ပြီလို့ KIO အတည်ပြုပြောဆိုလိုက်ပါတယ်။

KIA ပူးပေါင်းတပ်တွေဟာ အောက်တိုဘာလ ၁၈ ရက်နေ့ည ၁၀ နာရီလောက် ပန်ဝါမြို့တွင်း နေရာအားလုံးကို ဝင်ရောက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။

ဒီကမနေ့  နာရီနဲ့  နာရီကြားမှာ နေရာအားလုံးကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီလို့ကြားရတယ်။ ဒီအခြေအနေကို ကြားရသလောက်ဆို ရင်တော့ ပန်ဝါမြို့တစ်ခုလုံးကို သိမ်းပိုက်ထားပြီလို့ပြောလို့ရပါတယ်။ ဒါပေမယ့် အဆက်သွယ်အခက်အခဲကြောင့် အထဲက အခြေအနေကိုတော့ အသေးစိတ်သိဖို့ခက်နေသေးတယ်လို့ပြောပါတယ်။

ပန်ဝါတိုက်ပွဲမှာ မနေ့က  နာရီလောက်ကတည်းကနေ ပန်ဝါ စစ်ဗျူဟာကုန်းနေရာမှာ တိုက်ပွဲစတင်ပြင်းဖြစ်ပွားလာခဲ့တာဖြစ်ပြီး   နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၁၀ နာရီလောက်မှာ ဗျူဟာကုန်းကို အရင်ဆုံးသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။

စစ်တပ်ဗျူဟာကုန်း သိမ်းပိုက်မှုအပြီး KIA ပူးပေါင်းတပ်တွေဟာ ပန်ဝါမြို့တွင်းနေရာအားလုံးကို ထပ်မံသိမ်းပိုက်လိုက်ပြီးတော့ ၁၂ နာရီနောက်ပိုင်းမှာ လက်နက်သံတွေ ငြိမ်ကျသွားတယ်လို့ ပန်ဝါဒေသခံတွေကပြောပါတယ်။

ပန်ဝါမြို့မသိမ်းမှီ KIA ပူးပေါင်းတပ်တွေဟာ ချီဖွေနဲ့ ပန်ဝါကြားမှာရှိတဲ့ နယ်ခြားစောင့်တပ်ရင်းအကြီးတစ်ခုဖြစ်တဲ့ လုပီ(ဒေသခေါ်၁၀၀၂ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီးနောက် တစ်ပတ်ခန့်အကြာမှာ တပြိုင်နက် ပန်ဝါမြို့တစ်ခုလုံးကို ထပ်မံသိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

KIA တပ်တွေ ပန်ဝါမြို့သိမ်းတိုက်ပွဲ တစ်ပြိုင်နက် ဆင်းနွှဲခဲ့တာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။

တိုက်ပွဲအခြေအနေက အထဲမှာ ဘယ်လို လုပ်ကြလဲတော့ သေချာမသိဘူး။ ပန်ဝါမြို့အနီးတဝိုက်မှာ KIA တွေရှိနေတာတော့ ကြာပြီ။ တစ်ဖက်မှာ ပြည်သူ့စစ်တွေကလည်း KIA တွေဝင်လာရင် ပြင်းပြင်းထန်ထန် တွန်းလှန်တော်လှန်ဖို့ ပြင်ဆင်ထားတာလည်း သိရှိရတာဖြစ်တယ်။ ဒီအခြေအနေတွေကိုလည်း သိထားပြီးသားဖြစ်တယ်။ ဒါကြောင့် စစ်ရေးခြေအနေပေါ်မူတည်ပြီးတော့ လုပ်ကြတယ်လို့ပဲမြင်ပါတယ်လို့ပြောပါတယ်။

တစ်ဖက်မှာ ပန်ဝါမြို့တစ်ခုလုံးကို KIA သိမ်းပိုက်လိုက်တာကြောင့် KIA နယ်မြေတစ်ကြော ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်အစိုးရဘက်ကနေ ပိတ်ဆို့လိုက်တယ်လို့လည်း သိရပါတယ်။

တရုတ် ရင်ဂျန်းအစိုးရကနေ ပန်ဝါမြို့တစ်ခုလုံးကို KIA ထိန်းချုပ်လိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ လမ်းတံတားတွေပြုပြင်ရမယ်လို့ ပြောဆိုပြီး နယ်စပ်ဂိတ်တွေကို ယာယီပိတ်ထားမယ့် အသိပေးထုတ်ပြန်ချက်တစ်စောင်ထုတ်လာတာ တွေ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

ဒါပေမယ့် လက်ရှိ အခြေအနေမှာ တရုတ်အစိုးရဘက်ကနေ လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးဘူးလို့ ဆက်ပြောပါတယ်။

ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စစ်ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ လက်လွတ်လိုက်ရတဲ့အတွက် စစ်ကောင်စီတပ်ဟာ ညတွင်းချင်မှာပဲ KIO လိုင်ဇာမြို့အနီး ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လမိုင်ယန်ကျေးရွာက လင်မယားနှစ်ဦး ဗုံးကျမှန်ပေါက်ကွဲ သေဆုံးမှုရှိခဲ့ပါတယ်။

KIA တပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကနေ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ချီဖွေ၊ ဆော့လော် မြို့နယ်တွေကို မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာ ပန်ဝါမြို့ကိုပါ ထပ်မံသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button