ပြိုင်ဘက်မရှိ အမတ်ဖြစ်မယ့်ထဲမှာ ကချင်က ၄ ဦးပါဝင်
စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အတွင်း ပြိုင်ဘက်မရှိအနိုင်ရမယ့် အမတ် ၄ ဦးပါဝင်ကြောင်း ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြိုင်ဘက်မရှိလွှတ်တော်အမတ်ဖြစ်မယ့်စာရင်းကို စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အောက်တိုဘာလ ၂၅ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
အဲဒီထဲမှာ ပြိုင်ဘက်မရှိအမတ်ဖြစ်မယ့် လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၁ ဦးပါဝင်တဲ့ထဲက ကချင်ပြည်နယ်ထဲက ပူတာအိုခရိုင်၊နောင်မွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဦးရယ်ဒမ်းတန် လက်ရှိ (ပြည်သူ့စစ်ခေါင်းဆောင်) ၊ ဗန်းမော်ခရိုင် မံစီမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နေရာမှာ ဦးကွမ်းဆန်း၊ ရွှေကူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်နေရာ ဦးအောင်နိုင် နဲ့ ရွှေကူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ဦးကျော်ဝင်း လက်ရှိ ရွှေကူ USDP (ဥက္ကဌ) စုစုပေါင်း ၄ ဦးပါဝင်တာတွေ့ရပါတယ်။

ပြိုင်ဘက်မရှိ အမတ်ဖြစ်မယ့် ဒီလွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီက ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပေမယ့် ပြိုင်ဘက်မရှိတဲ့အတွက် ကြိုတင်အနိုင်ရနေတဲ့ ကိုယ်စားလှယ်လောင်းတွေဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရွေးကောက်ပွဲဥပဒေအရ မဲဆန္ဒနယ်တခုမှာ ရွေးကောက်ခံမယ့် ကိုယ်စားလှယ်လောင်းတစ်ဦးတည်းသာရှိလျှင် အဲဒီမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲ ကျင်းပခြင်းမလုပ်တော့ဘဲ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း ကြေညာရမယ်ဆိုတဲ့အတိုင်း ဒီနေရာတွေမှာ ပြိုင်ဘက်မရှိတာကြောင့် ပြိုင်ဘက်မရှိ အမတ်တွေကို ကြေညာထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်က ရွေးကောက်ပွဲအပိုင်းလိုက်ခွဲကျင်းပဖို့ပြင်ဆင် နေပြီး အပိုင်း ၁ ကို လာမယ့်ဒီဇင်ဘာလ ၂၈ ရက်နေ့ မြို့နယ် ပေါင်း ၁၀၂ မြို့နယ်မှာ စတင်ကျင်းပဖို့ စစ်တပ်ရဲ့ ရွေးကောက်ပွဲ ကော်မရှင် ( UEC) ကထုတ်ပြန်ထားပါတယ်။
By – Zami



