သတင်း

မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး ကားမတော်တဆမှုဖြစ်ပြီး ပွဲချင်းပြီးသေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦးကားမတော်တဆမှုဖြစ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့  မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အဖွဲ့ဆီကနေ သိရပါတယ်။

ဖြစ်စဥ်ကတော့ ဒီမနက် ၂ နာရီခွဲအချိန် အင်ဂျန်ဒုံနဲ့ မန်ခိန်လမ်းဆုံ၊သားအဖ ၃ ယောက် ထင်းစည်းရုပ်ထုအနီးနား တိုင်တစ်တိုင်ကို ခရောင်းကားအဖြူရောင် မောင်းလာတဲ့အမျိုးသားတစ်ဦးအရှိန်ပြင်းစွာ တိုက်မိခဲ့ပြီး အဲနေမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အရက်ကတော့ သောက်ထားတယ်လို့ ပြောတယ်။ ဒါပေမယ့် ကားကို စစ်ဆေးကြည့်တဲ့အခါမှတော့ ကားဘရိတ် ပျက်သွားတယ်လို့ ပြောတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ်( မြစ်ကြီးနားမြို့)အဖွဲ့ဝင်တစ်ဦးပြောပြတာ ဖြစ်ပါတယ်။

သေဆုံးတဲ့ အမျိုးသားဟာ အသက် ၅၀ ဝန်းကျင်ရှိပြီး ကားတိုက်ဒဏ်ရာကြောင့် သေဆုံးသွားတာမျိုး မဟုတ်ဘဲ ကားတိုက်မှုဖြစ်စဉ် နှလုံးထဲမှာထည့်ထားတဲ့ နှလုံးထိန်း စက်ပျက်စီးသွားတဲ့အတွက် ကြောင့် ဖြစ်တယ်လို့ လည်း သိရပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့မှာ ယာဥ်တိုက်မှုတွေကတော့ တစ်ပတ်ကို အနည်းဆုံး၃ကြိမ်လောက်ထိ ဖြစ်နေပြီး ညသန်းခေါင်ယံ အချိန်တွေမှာ ပို အဖြစ်များလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါအပြင် ယာဥ်တိုက်မှုတွေဟာ နှစ်ကုန်ခါနီးအချိန်တွေမှာ ပိုအဖြစ်များလေ့ရှိတာဖြစ်ပြီး သေဆုံးသူတွေလည်း ရှိတတ်တဲ့အတွက် အရက်သေစာသောက်စားပြီး ယာဉ်မောင်းတာမလုပ်ကြဖို့နဲ့၊ယာဥ်စည်းကမ်း သေချာလိုက်နာပေးဖို့ လူမှုကယ်ဆယ်ရေးအသင်းတွေကနေ သတိပေးထားတာဘဲ ဖြစ်ပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက် ဒီညနေပိုင်း ၄ နာရီဝန်းကျင် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် တစ်သုံးလုံး ကဖေးဆိုင် မျက်နှာစောင်းရှိ နာရေးအိမ်ကနေပြန်လာတဲ့ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ခြေကျင်လမ်းဖြတ်ကူးတဲ့နေချိန် ကားတိုက်ခံလိုက်ရပြီး ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button