သတင်း

မော်လူးမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ၁၂တန်းကျောင်းသူတစ်ဦးသေဆုံး ကျောင်းသူ ၂ ဦးဒဏ်ရာရ

ကချင်ပြည်နယ်နှင့် ကပ်လျှက် မော်လူးမြို့ ပဲခူးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် ၁၂ တန်းကျောင်းသူတစ်ဦးသေဆုံးခဲ့ရတယ်လို့ အင်းတော်မြို့နယ်သတင်းတွေကိုဖော်ပြပေးနေတဲ့Indaw Revolution IR အဖွဲ့က ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂ ရက်နေ့ မနက်အစောပိုင်း လူအများအိပ်မောကျချိန် ၁ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီရဲ့ တံတားဦး ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက မော်လူးမြို့ ပဲခူးရွာစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ကျောင်းသူ ၂ ဦးပါထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူက အခုလိုပြောပြပါတယ်။

လေယာဥ်က ဗုံး လုံးကြဲသွားတာ။ အားတော့တော်တော်ပြင်းတယ်။ ကျောင်းတည့်တည့်တော့ကျတာမဟုတ်ဘူး။ သေတာက တော့ ကျောင်းသူတစ်ယောက်။ ကျောင်းသူ ယောက်ဒဏ်ရာရတယ်။” လို့ Indaw Revolution IR အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုမှာ ပဲခူးရွာစာသင်ကျောင်းရဲ့ ကျောင်းဆောင်တချို့နဲ့ ရုံးခန်းပျက်ဆီးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ က ၂ ဦးအထိရှိခဲ့ရတယ်လို့သိရပါတယ်။

မော်လူးမြို့ဟာ စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ်ထဲပါဝင်တဲ့မြို့ငယ်တစ်မြို့ဖြစ်ပြီး မြစ်ကြီးနားမန္တလေးဗျူဟာလမ်းမ ကြီးပေါ်မှာတည်ရှိပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ပဲခူးရွာကလည်း ဗျူဟာလမ်းမကြီးနဘေးကရွာလေးဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ကပ်လျှက်မှာရှိတဲ့ မော်လူးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ KIA နဲ့တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်ထားပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့မြို့ ဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button