သတင်း

ကသာမြို့က စစ်ဘေးရှောင်အမျိုးသားတစ်ဦးပျောက်ဆုံးနေ

မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့ခံအများစုဟာ တိုက်ပွဲနဲ့ဘေးလွှတ်ရာမြို့တွေမှာတိမ်းရှောင်နေကြရပြီး ကသာမြို့ကနေ မန္တလေးမြို့ကိုတိမ်းရှောင်နေတဲ့ အသက် ၃၁ နှစ်အရွယ်အမျိုးသားတစ်ဦး မိသားစုတွေနဲ့အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင် ကသာမြို့ကနေ မန္တလေးမြို့ကို ပထမဆုံးရောက်တဲ့နေ့ ၃၈/၅၈၅၉ ကြား ဝါးကင်းကုန်းရိပ်သာလမ်းမှာ ပျောက်ဆုံးသွားတာဖြစ်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ပျောက်ဆုံးနေသူ၏အမဖြစ်သူက ရက်နေ့မန္တလေးကိုရောက်တာပဲ။ရောက်ရောက်ချင်းနေ့ နေ့လည် ၁၁ နာရီလောက်ကိုပျောက်သွားတာ။ လမ်းထိပ်ကို ခဏ သွားအုံးမယ်တဲ့။ ကျနော်က ကားသွားငှားနေတုန်း အဲ့မှာခဏချန်ထားလိုက်တာ။ အဲ့တာရှာနေတာဒီနေ့အထိ မတွေ့တော့ဘူး။ သူကလေ ကျန်းမာရေးလည်းမကောင်းဘူး။ ကျနော်တို့ကလည်း ပေါ်တာဆွဲသွားတာမဖြစ်နိုင်ဘူးလို့ထင်တာဘဲလို့ပြောပါတယ်။

ပျောက်ဆုံးနေသူဟာ အသက် ၃၁ နှစ်အရွယ် ကိုစိုးမြင့်ထွန်းဆိုသူဖြစ်ပြီး အသက် ၈၀ ကျော်အရွယ်မိခင်ဖြစ်သူကလည်း သားပျောက်ဆုံးနေသောစိတ်ကြောင့် အိပ်ယာထဲလဲနေတယ်လို့ အမဖြစ်သူကပြောပါတယ်။

ကိုစိုးမြင့်ထွန်းလို ကသာမြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ကြရင်း ပျောက်ဆုံးတာတွေအပြင် ဒေသခံတွေဟာ နှစ်ဖက် လက်နက်ကိုင်တပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့် သေဆုံးမှုတွေလည်း ရှိနေပါတယ်။

ကသာမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ စစ်ကော်မရှင်က ရွေးကောက်ပွဲအပိုင်း ၁ ဦးဆောင်ကျင်းပနေချိန်မှာပဲ ကသာမြို့ကို တော်လှန်ရေး အင်အားစုတွေဘက်က မြို့သိမ်းတိုက်ပွဲစတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ မြို့လုံးကျွတ်နီးပါးဘေးလွှတ်ရာ တွေမှာထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ကသာမြို့တွင်းကဒေသခံတွေဟာ ကသာမြို့ပြင် ဧရာဝတီမြစ် မြစ်ကမ်းနဘေးကကျေးရွာတွေ၊ မြစ်တစ်ဖက်ကမ်း ရှမ်းပြည်နယ် မဘိမ်း၊ ကချင်ပြည်နယ် မိုးညှင်း၊ မြစ်ကြီးနားမြို့တွေအပါအဝင် မန္တလေးမြို့တွေအထိ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါ တယ်။

မန္တလေးမြို့က ကသာစစ်‌ဘေးရှောင်အမျိုးသမီးတစ်ဦးကကသာအသင်းဆိုပြီးမှ မန္တလေးမှာရှိတယ်။ သူတို့ကလည်းထောက်ပံ့ကြတယ်။ ဒါပေမဲ့ အခုက သူဌေးတွေကအစ အထောက်အပံ့ လိုနေတယ်။ ဘာလို့လည်းဆိုတော့ ပြေးလာတဲ့အချိန် အဝတ်အစားမပါလာဘူး။ ဆောင်တွေလုံလုံလောက်လောက်ပါမလာဘူး။ ညောင်ခြေထောက်မှာဆို အ‌အေးမိပြီးတောင်သေသွားတယ်။ အဘွားကြီးတစ်ယောက်လို့ လက်ရှိကသာစစ်ဘေးရှောင်တွေကြုံနေရတဲ့အခြေနေကို ပြောပြပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစလို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိကို နိုင်ငံတစ်ဝှမ်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ဦးရေ ၃.၆ သန်းအထိရှိလာတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ ကသာမြို့မှာ မြို့ပေါ် ရပ်ကွက် ၁၀ ခုနဲ့ကျေးရွာအုပ်စု ၃၂ ခုရှိပြီး လူဦးရေ ၁သိန်း၆သောင်း ကျော်ရှိတယ်လို့သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button