တိုက်ပွဲသတင်း

ဘန်းဘားကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စု ဘန်းဘားကျေးရွာမှာ ဒီမနက်ပိုင်းတိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

ဇန်နဝါရီလ ၁၄ ရက်  ၁၀ နာရီဝန်းကျင်ကစပြီး ဒီမနက်  နာရီဝန်းကျင်အထိ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဘန်းဘားကျေးရွာနေ KIA ရှေ့တန်းရင်းမြစ်တစ်ဦး KNG ကို ပြောပါတယ်။

ဒီမနက်အစောပိုင်းပဲ စစ်စီတပ်ဘက်က စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာလို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာဟုတ်တယ်။ မနေ့ည ၁၀ နာရီလောက်ကနေ ပစ်ကြတာ ဒီမနက်  နာရီလောက်မှ ရပ်သွားပြီ ဒါပေမယ့် နှစ်ဖက်စလုံးကစောင့်ကြည့်နေကြတဲ့အခြေနေတော့ဟုတ်တယ်လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဟာ ဘန်းဘားကျေးရွာရဲ့တစ်ဖက်ကမ်း အာကျဲ၊ဖရောကျေးရွာဘက်က လက်နက်ကြီးပစ်ကူခဲ့သလို စန်းကားကျေးရွာရဲ့ တစ်ဖက်ကမ်းရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နန့်ပေါင်လေတပ်စခန်းကနေ လက်နက်ကြီးပစ်ကူတာတွေလုပ်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒေသခံတွေပြောတာကတော့ နှစ်ဖက်ပစ်ခတ်မှုဟာ ဇန်နဝါရီလ ၁၄ ရက် မနေ့ည ၁၀ နာရီခန့်ကနေစတင်ကြားရပြီး ဒီမနက်  နာရီလောက်မှ ရပ်သွားတယ်လို့ ပြောကြပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်နေချိန်အတွင်းမှာပဲ စစ်တပ်ဘက်က စန်းကားရွာကနေ ဘန်းဘားကျေးရွာဘက်ကို စစ်ကား  စီးနဲ့အင်အားဖြည့်လာတာလည်းရှိတယ်လို့  KIA သတင်းရင်းမြစ်ကပြောပါတယ်။

စန်းကားကျေးရွာအုပ်စုဟာ  ကျေးရွာ၊ရပ်ကွက်ပေါင်း ၁၀ ခုရှိပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပါတယ်။

ဒါကြောင့် စစ်တပ်ဘက်ကလည်း လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် လတ်တလောမှာတော့ စန်းကားရွာရဲ့အောက်ဘက်  မိုင်ဝေးတဲ့ ဘန်းဘားကျေးရွာမှာ စစ်တပ်နဲ့ KIA တပ်အကြား စစ်ရေးတင်းမာနေတာ  လဝန်းကျင်ရှိလာပြီဖြစ်သလို ဒီနေ့တိုက်ပွဲနေရာဖြစ်တဲ့ဘန်ဘားရွာဘက်ကို စစ်တပ်ဘက်က လေကြောင်းနဲ့ပစ်ခတ်တာတွေရှိနေတယ်လို့လည်းဒေသခံတွေပြောပါတယ်။

ဒါပေမယ့် ထိခိုက်မှုရှိမရှိ အခြေနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။

ဒီနေ့လေယာဉ်နဲ့လည်းလာပစ်တယ်လို့တော့ပြောကြတယ် ဒါပေမယ့် အသေးစိတ်မသိရဘူး။ အရင်တစ်လောကတော့ ရပ်ကွက်  အထိ KIA ဘက်ကဝင်ရောက်ထားနိုင်ပြီဟုတ်တယ်။  ခုက ပြန်ဆုတ်သွားတဲ့သဘောထင်တယ် ရပ်ကွက်  အကျော်ဘန်ဘာဘက်မှာ ဖြစ်နေကြတယ်။လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

စန်းကားကျေးရွာ ရပ်ကွက်  နဲ့  ကြားမှာ ခေတ်အဆက်ဆက်က စစ်ကောင်စီတပ်ရဲ့အထိုင်တပ်ရင်းတစ်ခုရှိပေမယ့် အဲဒီတပ်ရင်းမှာ ခုနောက်ပိုင်း ပြည်သူ့စစ်အဖွဲ့တွေ နေရာယူထားပြီး စစ်တပ်ကောင်စီတပ်ဖွဲ့ကတော့ စန်းကားရွာအဝင်အထွက်နဲ့ နောင်ဟီးရွာအကြား အားလူးဘာရီရွာဘုန်းကြီးကျောင်းတွေမှာတပ်စွဲတာတွေရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်း ရွာချင်းဆက်လမ်းတွေ စစ်တပ်ဘက်က လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေရှိတယ်လို့ သိရပါတယ်။ 

စန်းကားကျေးရွာ၊အာလူးဘာရီကျေးရွာ၊နောင်ဟီး၊မခန္တီးကျေးရွာ၊ခတ်ချိုကျေးရွာတွေဟာ ဝိုင်းမော်မြို့– ရွေညောင်ပင်လမ်းပေါ်မှာရှိ မုတ်လွှဲရွာကနေဝင်သွားရပြီး ဧရာဝတီမြစ်ကမ်းနံဘေးတစ်ဆက်တည်းရှိတဲ့ ရွာတွေဖြစ်သလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့နန့်ပေါင်လေတပ်စခန်းတစ်ဖက်ကမ်းမှာရှိတဲ့ရွာတွေဖြစ်ပါတယ်။

ဒါကြောင့် မကြာခနဆိုသလို စစ်တပ်ဘက်ကလည်း KIA ပူးပေါင်တပ်ရှိတယ်လို့ယူဆရတဲ့ ရွှေညောင်ပင်ဘက်ကို လက်နက်ကြီးပစ်ခတ်တာ၊ KIA ဘက်ကလည်း နန့်ပေါင်လေတပ်စခန်းကို လာရောက်ပစ်ခတ်တာတွေရှိတဲ့အတွက် ရွှေညောင်ပင်နဲ့နန့်ပေါင်လေတပ်စခန်းကြားမှာရှိနေတဲ့ စန်းကားကျေးရွာအနီးတစ်ဝိုက် မကြာခနလက်နက်ကြီးကျမှန်ပေါက်ကွဲတာတွေလည်းရှိနေတာဖြစ်ပါတယ်။

ဒီကျေးရွာအုပ်စုက ပြည်သူအများပိုင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လမှာစတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးစတင်လာချိန်ကစပြီး ဘေးလွှတ်ရာကိုတိမ်းရှောင်နေကြပြီး အိမ်စောင့်တစ်ချို့သာရွာတွေမှာ ကျန်ရှိကြတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button