သတင်း

မြစ်ကြီးနားမြို့က လောင်းကစားဝိုင်းတစ်ခု လူဦးရေ ၄၀ ဝန်းကျင်ကို စစ်တပ်ကဖမ်းဆီးသွား

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ လောင်ကစားဝိုင်းတစ်ခုကို စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေဝင်စီးပြီး လောင်းကစားဝိုင်းဝန်ထမ်းများအပါ စုစုပေါင်း လူဦးရေ ၄၀ ဝန်းကျင်ကိုဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက်   နာရီဝန်းကျင်မှာ တပ်ကုန်းရပ်ကွက်ရှိ Sun City လောင်းကစားဝိုင်းထဲ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။

 ၉နာရီလောက်မှာ ကားတွေနဲ့ရောက်လာပြီး တစ်ခါထဲဖမ်းသွားတာ လောင်းကစားဆော့နေတဲ့သူတွေရော၊ဝန်ထမ်းတွေရော အားလုံးဖမ်းသွားတယ် ဖမ်းသွားတာ တော်တော်များတယ် ၄၀ လောက်တော့ရှိအနည်းဆုံးလို့ ပြောပါတယ်။

ဒါ့အပြင် လောင်းကစားဝိုင်းအတွင်းရှိ ပစ္စည်းများအားလုံးကိုသိမ်းသွားပြီး ဖမ်းဆီးခံရသူတွေလည်း ဒီညနေထိ ပြန်လွတ်လာသူတစ်ဦးမှ မရှိသေးကြောင်း သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေဝင်စီးတဲ့ အဲဒီ Sun City လောင်းကစားရုံမှာ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီး၊ လောင်းကစားအမျိုးပေါင်းစုံဆော့ကစားလို့ရပြီး ၂၄ နာရီလုံးကစားလို့ရတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း လောင်းကစားဝိုင်းပေါင်း ၄၀ ဝန်းကျင်ရှိပြီး လောင်းကစားဝိုင်းအများပိုင်းကိုတော့ စစ်တပ်က တရားဝင်ဖွင့်ခိုင်းတာတွေရှိတယ်လို့ သိရပါတယ်။

ခုလိုလောင်းကစားဝိုင်းပေါများလာာတာကြောင့် ခိုးဆိုးလုယက်မှု၊လူသတ်မှု၊ဓါးပြတိုက်မှုတွေခပ်စိပ်စိပ်ဖြစ်နေတဲ့အတွက် မြစ်ကြီးနားမြို့နေပြည်သူတွေကတော့ လောင်းကစားဝိုင်းတွေအားလုံးကို ဖမ်းဆီးအရေးယူသင့်ကြောင့် ပြောဆိုမှုတွေရှိနေပါတယ်။

ဖမ်းသင့်တယ် အားလုံးဖမ်းသင့်တယ် အဲဒီလောင်းကစားဝိုင်းကြောင့်ပဲ ဘဝတွေပျက်နေကြတာ ဒီရက်ပိုင်းဆို လောင်းကစားဝိုင်းအပြင် လိုင်းကနေ အကောင့်ဟက်ပြီး ငွေလိုက်လိမ်တာတွေများလာတယ်လို မြစ်ကြီးနားမြို့မှာနေထိုင်တဲ့အမျိုးသမီးငယ်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ခုလိုလောင်းကစားဝိုင်းတွေပေါများလာတာအပြင် နောက်ထပ် အွန်လိုင်းငွေလိမ်လှယ်မှုတွေကလည်း ခပ်စိပ်စိပ်ထွက်ပေါ်လာနေပါတယ်။

ဒါကြောင့် မြစ်ကြီးမြို့ခံတစ်ချ်ို့သုံးသပ်တာက မြစ်ကြီးနားမြို့မှာ အပြင်မှာဆော့လို့ရတဲ့လောင်းကစားရုံအပြင် အွန်လိုင်းကနေ ငွေလိမ်လှယ်တဲ့အဖွဲ့တွေရှိနေပြီလို့ သုံးသပ်နေကြပါတယ်။

By – Zami

Show More

Related Articles

Back to top button