ရွှေကူမှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်နေ၊ ကိုယ်ဝန်ဆောင်အပါအဝင် ၄ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုပြင်းထန်နေတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား  ဦး စိုးရိမ်ရဒဏ်ရာရခဲ့ပြီး နေအိမ်  လုံးနဲ့ မော်တော်ဘုတ်တစ်စီး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၈ ရက်ကနေ ဒီနေ့ ဩဂုတ်လ ၂၁ ရက်အထိ ရွှေကူမြို့နယ်တွင်းရှိ ကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေပါတယ်။ 

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁၈ ရက်ကလည်း ဆေးရုံတစ်ခု ထိခိုက်ပျက်စီးခဲ့သလိုဩဂုတ်လ ၂၀ ရက် ညနေ  နာရီခွဲဝန်းကျင်မှာ ရွှေကူမြို့၊ အမှတ်  မော်လမြိုင်ရပ်ကွက် ကမ်းနားဘက်ရှိ စက်လှေဆိပ်ကို ဂျက်လေယာဉ်  စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားတွေ ထိခိုက်ခဲ့သလို နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ရွှေကူမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ညနေ  နာရီခွဲမှာ ရွှေကူမြို့ထဲက အမှတ်  မော်လမြိုင် ကမ်းနားဘက်ကို ကျလိုက်တာ။ ပြည်သူတွေလည်း ထိတဲ့သူ ထိတယ်။ နေအိမ်တွေလည်းထိတယ်။ ကြဲခံရတဲ့နေရာက ရွှေကူမြို့ထဲပေါ့လေ။လို့ ပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၊ ကလေးတစ်ဦးနဲ့ အမျိုးသား  ဦး စုစုပေါင်း  ဦး စိုးရိမ်ရဒဏ်ရာရခဲ့ပြီး မော်တော်ဘုတ်တစ်စီး ပျက်စီးသွားသလို နေအိမ်  လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိသူ မြို့ခံတစ်ဦးက ပြောပါတယ်။

မနေ့က ညနေ  နာရီခွဲလောက်မှာ ဂျက်လေယာဉ်  စီးပေါ်ကနေ ဗုံးကြဲချသွားတာပါ။ ကိုယ်ဝန်ဆောင်မိခင်  ဦး၊ ကလေး  ဦးနဲ့ အမျိုးသား  ဦး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် မော်တော်ဘုတ်  စီး ပျက်စီးသွားပြီး နေအိမ်  လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ အခြား ဘာတွေဖြစ်ပျက်ခဲ့သေးလဲဆိုတာကိုတော့ ဆက်လက်စုံစမ်းနေတုန်းပဲ ဖြစ်ပါတယ်။လို့ အထက်ပါဒေသခံကဆက်ပြောပါတယ်။

မနေ့ ဩဂုတ်လ ၂၀ ရက် မနက်ပိုင်းမှာလည်း ရွှေကူမြို့ရဲ့ တစ်ဖက်ကမ်းက ဆင်တပ်၊ ရေလဲနဲ့ ကျောက်တလုံးကျေးရွာတွေဘက်ကို ဂျက်ဖိုက်တာ  စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ညနေပိုင်းမှာ ဂျက်ဖိုက်တာ  စီးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအမျိုးသားတွေက ပြောပါတယ်။

မနက်ပိုင်းမှာက ကျောက်တလုံး၊ ဆင်တပ်၊ ရေလဲ အဲ့ဘက်ကို ပစ်တာ ဂျက်ဖိုက်တာ  စီးပေါ့လေ။ ညနေပိုင်းမှာတော့  စီးနဲ့ လာပစ်တာ။ ကျေးရွာတွေအကုန်လုံးကို လိုက်ပတ်ပစ်နေတာ။လို့ ပြောပါတယ်။

အဲဒီနေ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဆင်တပ်ကျေးရွာကို ဗုံး ၂ လုံး၊ ရေလဲနဲ့ ကျောက်တလုံးကျေးရွာတွေကို ဗုံးတစ်လုံးစီ ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုတော့ KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဩဂုတ်လ ၂၀ ရက်မှာ ကျေးရွာတွေနဲ့ ရွှေကူမြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့သလို ဒီနေ့ ဩဂုတ်လ ၂၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာလည်း ဆင်တပ်နဲ့ မိုးစစ်ကျေးရွာဘက်ကို လေကြောင်းတိုက်ခိုက်မှု ထပ်မံရှိနေတယ်လို့ ရွှေကူဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။

ရွှေကူမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေဟာ ဩဂုတ်လ ၁၈ ရက်ကတည်းက ဆက်တိုက်ရှိလာတာဖြစ်ပြီး အဲဒီနေ့မှာလည်း မြို့ကုန်းကျေးရွာက ဒေသခံတွေနဲ့ ဗန်းမော်ဘက်က စစ်ရှောင်တွေ ဆေးကုသမှုခံယူနေတဲ့ ဆေးရုံကို ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိခဲ့ပေမယ့် ဆေးရုံအဆောက်အအုံနဲ့ ဆေးပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရွှေကူမြို့နယ်အတွင်း KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ရှိနေပြီး အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြုပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိလာတာကြောင့် ရွှေကူမြို့နယ်အတွင်းက ဒေသခံတွေဟာ လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button