ရွှေကူမှာ စစ်တပ်က ချောဆွဲကြမ်းနေ၊ ကားသမားတစ်ဦး သေဆုံး

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်ကောင်စီတပ်က ကား၊ ကားသမားနဲ့ အရပ်သားတွေကို ချောဆွဲနေတဲ့အတွက် ချောဆွဲခံရတဲ့ ကားသမားတစ်ဦးလည်း လက်နက်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်ကစပြီး မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်၊ ဗန်းမော်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေ လုံခြုံရေးယူပေးဖို့ ရွှေကူမြို့နယ်အတွင်း မြစ်ကြောင်းတစ်လျှောက် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားနေတာကြောင့် ဒီရက်ပိုင်း KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်တပ်ဘက်က အခုလို စစ်ရေးလှုပ်ရှားနေတာဟာ လအတော်ကြာလာပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်ဝန်းကျင်ကစပြီး မြို့တွင်းက အရပ်သားတွေရဲ့ နေအိမ်တွေထဲက ကားနဲ့ ကားသမားတွေကို ချောဆွဲတာအပြင် စစ်ကြောင်းနဲ့ တိုးမိတဲ့ အရပ်သားတွေကိုပါ ချောဆွဲလာတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၃ ရက်မှာတော့ ချောဆွဲခံရတဲ့ ကားသမားတစ်ဦးဟာ စစ်ကောင်စီတပ်အတွက် ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ သယ်ဆောင်ပေးနေချိန် ပလောင်တောင်အကျော်မှာ ပစ်ခတ်ခံရပြီး လက်နက်ထိမှန် သေဆုံးခဲ့တယ်လို့ ရွှေကူမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ချောဆွဲတာ အရမ်းများတယ်။ ညဘက်ဆို ဟိုနေ့ညကလည်း  နာရီလောက်ပဲ ရှိသေးတယ်။ ဒီအမှတ် (ထဲမှာ လမ်းသွားလမ်းလာ အကုန်လုံးခေါ်ပြီး အထုတ်ဆွဲခိုင်းတာတွေ လုပ်နေတယ်။ ပြီးသွားရင် ကားတွေဆိုလည်း အိမ်ထဲထိဝင်ဆွဲတယ်။ မောင်းတဲ့သူပါ တစ်ခါတည်းခေါ်ပြီး မောင်းခိုင်းတယ်။ မနေ့ကဆို ပလောင်တောင်အကျော်မှာ ချောဆွဲသွားတဲ့ကား ပစ်ခံရပြီး ကားသမားသေသွားတယ်။ အဲဒီကားသမားကလည်း တပ်ထဲရောက်သွားပြီ လို့ သူက ပြောပါတယ်။

သေဆုံးတဲ့ကားသမားရဲ့ ကိုယ်ရေးအချက်လက်တွေကိုတော့ မိသားစုတွေရဲ့လုံခြုံရေးအရ ဖော်ပြပေးဖို့ခက်ခဲနေတယ်လို့ သူဆက်ပြောပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ထိတော့ ချောဆွဲခံရတဲ့ အရပ်သားတွေကို စစ်ကောင်စီတပ်က အထုပ်အပိုးတွေ သယ်ခိုင်းပြီးနောက် ပြန်လွှတ်ပေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဒေသခံတွေပြောပြချက်အရ စစ်ကောင်စီတပ်တွေဟာ မြို့ထဲက အရပ်သားတွေကိုချောဆွဲတာအပြင် နောက်ထပ် မြစ်ကမ်းတစ်လျှောက်မှာ ရပ်ထားတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းသုံးယာဉ်တွေနဲ့ မော်တော်ယာဉ်တွေကိုလည်း ချောဆွဲနေတယ်လို့ သိရပါတယ်။

ခုလိုရွှေမော်တော်ယာဉ်တွေကိုချောဆွဲရာမှာတော့ တောကုန်းဘက်ကနေ မြို့ဧရိယာအတွင်း မြစ်ကမ်းမှာ ရပ်ထားတဲ့ ယာဉ်တွေကို အဓိကခေါ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကမ်းကပ်ထားတဲ့ဟာတွေဆို သူတို့အခပ်မသင့်ရင် ဆွဲခံရတာပဲ တကယ်ကိုမလွယ်ဘူး ရွှေမော်တော်ယာဉ်မောင်းတဲ့သူတွေလည်း ဆွဲခံရတယ်။ ခုလိုဖြစ်နေတာက ကျနော်တို့အတွက် သိပ်တော့မထူးဆန်းတော့ဘူးလို့ ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ညပိုင်း စစ်ရေးလှုပ်ရှားချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဖြတ်သန်းတာကို ကြည့်မိတာ၊ ဓာတ်မီးနဲ့ ထိုးမိတဲ့ အရပ်သားတစ်ချို့လည်း ရိုက်နှက်ခံရတာတွေ ရှိနေတယ်လို့ ရွှေကူမြို့ခံတွေက ဆိုပါတယ်။

သူတို့လမ်းမှာ ဖြတ်သွားတဲ့အချိန် ကြည့်မိတာ၊ ညဆိုရင် သူတို့ဖြတ်တဲ့ချိန် ဓာတ်မီးနဲ့ ထိုးမိတာဆို တစ်ခါတည်း ဖမ်းခေါ်သွားတာလည်းရှိတယ်။ မဖမ်းရင်တေင် လက်သီးနဲ့ထိုးတာ၊ ရိုက်ခဲ့တာတွေလည်း ခနနပဲ လို့ အထက်ဖော်ပြပါ ရွှေကူမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အခု စစ်ရေးလှုပ်ရှားမှုတွေဟာ မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်ဘက်ကို ဆန်တက်လာနေတဲ့ စစ်ကောင်စီသင်္ဘောအုပ်စု လုံခြုံစွာ ဖြတ်သန်းနိုင်ရေးအတွက် လုပ်ဆောင်နေတာလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

လက်ရှိ ဧရာဝတီမြစ်ကြောင်းတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုမှာတော့ တိုက်ခိုက်ရေးသင်္ဘော  စီး၊ ကမ်းထိုးသင်္ဘော  စီးနဲ့ တွဲတွန်းသင်္ဘော  စီး ပါဝင်ပြီး စုစုပေါင်း ၁၅ စီးခန့် ရှိတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အဲဒီသင်္ဘောတွေ ဗန်းမော်ဘက် ဆက်လက်ဆန်တက်နိုင်ရေးအတွက် စစ်ကောင်စီတပ်က မြစ်ကြောင်းတစ်လျှောက် စစ်ရေးလှုပ်ရှားနေသလို KIA ပူးပေါင်းတပ်တွေဘက်ကလည်း တားဆီးတိုက်ခိုက်နေတာကြောင့် ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ 

အဓိကတော့ ရွှေကူမြို့နဲ့ မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျွန်းတော်ကျေးရွာအနီးအပြင် ဒုတိယမြစ်ကျဉ်းဘက်မှာလည်း ဒီနေ့အထိ တိုက်ပွဲတွေ ရှိနေပြီး စစ်တပ်ဘက်က အထိနာနေသလို စစ်သုံ့ပန်းတစ်ချို့ကိုလည်း KIA ပူးပေါင်းတပ်က ဖမ်းဆီးရမိတာရှိတယ်လို့ သိရပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ရွှေကူမြို့အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးပြင်ဆင်မှုတွေဟာ  လကျော် ရှိနေပြီး ဗန်းမော်ဘက်ကို မြစ်ကြောင်းအသုံးပြုပြီး စစ်အင်အားနဲ့ ရိက္ခာပို့ဆောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားတာလို့ သုံးသပ်ပါတယ်။

ရွှေကူမှာ သူတို့ပြင်ဆင်နေတာ  လလောက်ရှိပြီ။ သင်္ဘောတက်ဖို့ အစောကတည်းက သူတို့မှာ ပလန်ရှိပြီးသား။ အဓိကတော့ ဗန်းမော်ကို ပြန်ယူနိုင်ဖို့ ပြင်ဆင်နေတာဖြစ်တယ် လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူးရယူပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး ရက် ၁၀၀ စီမံချက်ကိုလည်း ချမှတ်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီကာလအတွင်းမှာပဲ ရွှေကူနဲ့ ဗန်းမော်ဘက်မှာ စစ်ရေးအင်အားဖြည့်တင်းလာသလို ဧရာဝတီမြစ်ကြောင်းကနေ သင်္ဘောတွေ ဆန်တက်နိုင်ရေးအတွက် မြစ်ကမ်းတစ်လျှောက် စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လာတာဟာ ရေလမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

ရွှေကူမြို့ဟာ ဧရာဝတီမြစ်ကြောင်းပေါ်မှာ တည်ရှိပြီး ဗန်းမော်မြို့နဲ့ မြစ်ကြောင်းအရ ဆက်သွယ်ထားတဲ့အတွက် ဗန်းမော်ဘက် စစ်ရေးလှုပ်ရှားမှုတွေအတွက် အရေးပါတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ 

မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်ဘက်ကို သင်္ဘောတွေ ဆန်တက်ရာမှာလည်း ရွှေကူနယ်မြေကို ဖြတ်သန်းရတာကြောင့် မြစ်ကြောင်းထိန်းချုပ်ရေးနဲ့ စစ်ရေးလုံခြုံရေးအတွက် အရေးပါနေပါတယ်။

လက်ရှိ ရွှေကူမြို့နယ်အတွင်း မြစ်ကြောင်းတစ်လျှောက် စစ်ရေးလှုပ်ရှားမှုတွေ တိုးလာတာနဲ့အတူ မြစ်ကမ်းဘေးမှာရှိတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းသုံး စက်ယာဉ်တွေ၊ မြို့တွင်းက ကားတွေနဲ့ ကားသမားတွေ၊ စစ်ကြောင်းနဲ့ တိုးမိတဲ့ အရပ်သားတွေကိုပါ ချောဆွဲခံနေရတာဟာ အရပ်သားတွေအတွက် လုံခြုံရေးစိုးရိမ်မှုလည်း မြင့်တက်လာနေတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Leave a Reply

Back to top button