ညောင်ပင်သာရွာ လက်နက်ကြီးပစ်ခတ်ခံရ၊ အမျိုးသမီး ၁ ဦးသေ ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာကျေးရွာကို ဒီနေ့ စက်တင်ဘာ ၂၄ ရက် မနက်အစောပိုင်းမှာ မောင်းကုန်းထူးဆိပ် ကမ်းဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပစ်ခတ်မှုဟာ မနက် ၃ နာရီဝန်းကျင်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ညောင်ပင်သာကျေးရွာ၊ အောင်ချမ်းသာရပ်ကွက်က ဦးတင်ဝမ်းရဲ့ နေအိမ်အတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံအမျိုးသားတစ်ဥ၊ီးက ပြောပါတယ်။

ဒီနေ့ မနက်အစောပိုင်း နာရီလောက်က မောင်းကုန်းထူးဆိပ်ကမ်းကနေပြီးတော့မှ ညောင်ပင်သာရွာကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ ပြည်သူတစ်ဦးသေဆုံးပြီးတော့မှ ထိခိုက်ဒဏ်ရာ ဦးရှိတယ်။ ဦးကတော့ ပြင်းထန်ဒဏ်ရာရတယ်လို့ သိရတယ်။လို့ပြောပါတယ်။

သေဆုံးသူဟာ အသက် ၅၃ နှစ်အရွယ် ဒေါ်ဦးဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် မဖြူနှင်းခိုင်၊ အသက် ၅၅ နှစ်အရွယ် ဦးမောင်ကြိုင်၊ အသက် ၇၄ နှစ်အရွယ် ဒေါ်မိဝင်းနဲ့ အသက် ၁၃ နှစ်အရွယ် မဟေမာန်ဖြိုးတို့ ပါဝင်တယ်လို့ သိရပါ တယ်။

ဒဏ်ရာရသူတွေထဲက မဖြူနှင်းခိုင်ဟာ ဘယ်ဘက်ပေါင်နဲ့ ညာဘက်ခြေထောက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဦးမောင်ကြိုင် မှာလည်း တင်ပါးဆုံ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပစ်ခတ်မှုကြောင့် နေအိမ် ၈ လုံး အနည်းငယ်ပျက်စီးခဲ့ပြီး ဝက်တစ်ကောင်နဲ့ နွား ၂ ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ညောင်ပင်သာက မောင်းကုန်းထူးဆိပ်နဲ့နီးတယ်။ ဒီတိုင်း လက်နက်ကြီးနဲ့ကို ရမ်းသမ်းပစ်ခတ်တဲ့ပုံစံမျိုးတွေ့ရတယ်။နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးဆက်ပြောပါတယ်။

လက်ရှိမှာတော့ မောင်းကုန်းထူးဆိပ်ကမ်းအနီးက ညောင်ပင်သာကျေးရွာအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်းအထက်ပိုင်း စစ်ကိုင်းနဲ့ ကချင်ပြည်နယ်အတွင်းမှာ ဒီရက်ပိုင်း လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေ ဆက်ရှိနေပါတယ်။

စက်တင်ဘာ ၂၃ ရက်မှာလည်း အင်းတော်မြို့နယ်အတွင်း မန္တလေးမြစ်ကြီးနားကားလမ်းပိုင်းနဲ့ အနီးဝန်းကျင်ကျေးရွာတွေကို
Y-12
လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ကားသမားနဲ့ စပါယ်ယာ သေဆုံးခဲ့ရပါသေးတယ်။

ဒါ့အပြင် အဲ့ဒီနေ့မှာပဲ အင်းတော်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းတွေကိုလည်း အခြားသတင်းရင်းမြစ်တွေမှာ ဖော်ပြထားကြပါတယ်။

စက်တင်ဘာလအတွင်း ရွှေကူနဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စစ်ရေယာဉ်တွေရဲ့ သွားလာမှုနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေချိန် မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေခဲ့ပြီး ရွှေကူနဲ့ အနီးဝန်းကျင်ကျေးရွာတွေကို Y-12 နဲ့ တိုက်လေယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါသေးတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁ ရက်ကနေ ၁၄ ရက်အတွင်းကို အရပ်သား ၆၂ ဦးဟာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအပါအဝင် တခြားသော တိုက်ခိုက်မှုတွေ ကြောင့် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button